ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဓာတ်ပုံ သတင်း

စစ်ကော်မရှင်လုပ်မည့် ရွေးကောက်ပွဲ အလိုမရှိကြောင်း ရှစ်လေးလုံးနေ့ လောင်းလုံးတွင်ဆန္ဒထုတ်ဖော်

Dawei Watch

August 8, 2025

စစ်ကော်မရှင်က ပြုလုပ်မည့် ရွေးကောက်ပွဲကို အလိုမရှိကြောင်း ယနေ့ သြဂုတ်လ ၈ရက် ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်နေ့တွင် ပြည်သူများ ဆန္ဒဖော်ထုတ်ကြကြောင်း လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က သတင်းထုတ်ပြန်သည်။ ၃၇ နှစ်မြောက် ရှစ်လေးလုံးနေ့ အထိမ်းအမှတ် ချီတက်ပွဲပြုလုပ်ရာတွင် ပြည်သူ ရာချီပါဝင်ပြီး ကားများ၊ ဆိုင်ကယ်များဖြင့် ကျေးရွာလမ်းမများပေါ် စီတန်းလှည့်လည်ခဲ့ကြသည်ကို ဓာတ်ပုံမှတ်တမ်းများဖြင့် တကွ ထုတ်ပြန်ထားသည်။ ချီတက်ဆန္ဒဖော်ထုတ်ရာတွင် “အကြမ်းဖက်စစ်အုပ်စု၏ ရွေးကောက်ပွဲ အလိုမရှိ” ၊ “စစ်အာဏာရှင်စနစ်အလိုမရှိ”၊ “ဖက်ဒရယ်ဒီမိုကရေစီရရှိရေး တို့အရေး” စသည့် အချက်များကို ကြွေးကြော်ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါချီတက်ဆန္ဒဖော်ထုတ်မှုကို လောင်းလုံးမြို့နယ် ပအဖက ဦးဆောင်လုပ်ဆောင်ခြင်းဖြစ်ပြီး လောင်းလုံးမြို့နယ် ပအဖ တာဝန်ခံက ပြောသည်။ “(ရှစ်လေးလုံးအရေးတော်ပုံနေ့) ဒီအထိမ်းအမှတ်ရယ်၊ စစ်ကောင်စီ ကျင်းပမယ့် […]

မဲဆောက်တွင် ရေကြီးနေ၍ ရွှေ့ပြောင်းကျောင်းများစပိတ်

Dawei Watch

July 23, 2025

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ယနေ့ (ဇူလိုင် ၂၃) ညနေမှစကာ မြို့ပေါ်လမ်းများ ရေလွှမ်းလာသဖြင့် မြန်မာရွှေ့ပြောင်းစာသင်ကျောင်းများ ပိတ်လိုက်ကြောင်း မဲဆောက်ရောက် မြန်မာအချို့ထံမှ သိရသည်။ တာ့ခ်ခရိုင်၊မဲဆောက်မြို့တွင် ဝီဖါမုန်တိုင်းအရှိန်ကြောင့် ဇူလိုင်လ ၂၃ ရက်မှစကာ မိုးသည်းထန်စွာရွာသွန်းနေပြီး မြို့ပေါ်လမ်းများ၊ ရပ်ကွက်များအတွင်း ရေဝင်လာခြင်းဖြစ်သည်။ လက်ရှိတွင် မဲဆောက်မြို့ နေရာအများစု၌ ရေကြီးနေပြီး သွားလာရခက်ခဲနေသည့်အတွက် ရွှေ့ပြောင်းမြန်မာကျောင်းအချို့က ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ကျောင်းပိတ်ထားကြောင်း မဲဆောက်ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ ထိုင်းအစိုးရကလည်း တာ့ခ်ခရိုင်အတွင်း ရေလွှမ်းနိုင်သည့်အကြောင်းကို ဖုန်းမှတစ်ဆင့် မက်ဆေ့ (SMS)ပို့ပြီး အသိပေးနေသလို ဒေသအာဏာပိုင်၊ မီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့များကလည်း ရေလွှမ်းနိုင်သည့် အနိမ့်ပိုင်းရပ်ကွက်များတွင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည်ကို တွေ့ရသည်။ မဲဆောက်ရဲစခန်း၏ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ယာဥ်အသွားအလာဂရုစိုက်ရန်နှင့် အနိမ့်ပိုင်းရပ်ကွက်နေ သူများ […]

စစ်ကြောရေးတွင် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့သည့် မ၀တ်ရည်အောင်၏ စျာပန

Dawei Watch

July 22, 2025

စစ်ကောင်စီတပ်၏ စစ်ကြောရေးတွင် နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးခဲ့သည့် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မ၀တ်ရည်အောင်၏ စျာပနအခမ်းအနားကို ယနေ့ (ဇူလိုင် ၂၂ ရက်) နံနက် ၁၁ နာရီခန့်တွင် ရန်ကုန်မြို့ရှိ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။ အင်းစိန်ထောင်အတွင်း အကျဥ်းကျခံနေရသည့် မဝတ်ရည်အောင်သည် အရေးပေါ်ကျန်းမာရေး အခြေအနေကြောင့် အင်းစိန်ထောင်မှ အင်းစိန်ဆေးရုံကို ပို့ဆောင်ကုသခဲ့သော်လည်း ဇူလိုင်လ ၂၀ ရက် နံနက် ၃ နာရီခွဲခန့်တွင် ကွယ်လွန်ခဲ့သည်။ အသက် ၂၆ နှစ်အရွယ် မ၀တ်ရည်အောင်သည် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် သုံးနှစ်၊ ပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ်လေးနှစ် စုစုပေါင်း ထောင်ဒဏ် […]

တနင်္သာရီမြို့နယ်တွင် ၇၈နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပ

Dawei Watch

July 19, 2025

၇၈ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုနှင့် သာရဘွင်ကျေးရွာအုပ်စု တို့တွင် (ယနေ့) ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၁၀နာရီက စတင်ကျင်းပသည်။ အဆိုပါအခမ်းအနားကို တနင်္သာရီကျောင်းသားသမဂ္ဂ-ဗကသများအဖွဲ့ချုပ်က ဦးဆောင်ပြီး ရွာတန်းတစ်လျှောက် လှည့်လည်ပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားတွင် ဒေသခံများနှင့် ကျောင်းသား၊ ကျောင်းသူများပါဝင်ကြပြီး လူစုလူဝေးရှိသည့် နေရာများတွင် အာဇာနည်နေ့ဖြစ်ပေါ်လာပုံကို ရှင်းလင်းခဲ့သည်။

လောင်းလုံးမြို့နယ်တွင်ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနား

Dawei Watch

July 19, 2025

ယနေ့ ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သော ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို လောင်းလုံးမြို့နယ်တွင် ကျင်းသည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ဦးဆောင်ပြီး “အာဇာနည်တို့မျှော်ရည်ချက် လုထုအားနဲ့ ဆက်ချီတက်” ဘန်နာကိုင်ဆွဲကာ လမ်းလျှောက်ချီတက်ကြသည်။ ထို့နောက် ကျောင်းသားသမဂ္ဂအလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်နှင့်တကွ အာဇာနည် ၉ ဦး အား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးအပါအဝင် ခေတ်အဆက်ဆက် အာဏာရှင်တော်လှန်ရေးတွင် ကျဆုံးသွားသူများအား အလေးပြုခြင်း၊ လွမ်းသူပန်းခွေချခြင်းတို့ ပြုလုပ်ကြသည်။

ဝါဆိုလပြည့်နေ့ မြိတ်မြို့ သိမ်တော်ကြီးစေတီတော်ညမြင်ကွင်း

Dawei Watch

July 9, 2025

မြိတ်မြို့ သိမ်တော်ကြီးစေတီတော်တွင် ယနေ့ ဝါဆိုလပြည့်ည (ဇူလိုင်လ ၉ ရက်နေ့ည) တွင် မြို့ခံဘုရားဖူးသူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရသည်။

ကော့စမွေက ဝါဆိုလပြည့်နေ့ စတုဒီသာအလှူ

Dawei Watch

July 9, 2025

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ခရီးသွားကျွန်းဖြစ်သော ကော့စမွေကျွန်းမှ ဓမ္မဒီပအန်ကောကျောင်းတွင် ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် မြန်မာနိုင်ငံသားများ၏ စတုဒီသာအလှူပွဲကို ယနေ့ ဇူလိုင် ၉ ရက် ညနေ ၅ နာရီမှစတင်၍ ကျင်းပနေသည်။ ဘုန်းကြီးကျောင်းသို့ လာရောက်သော မြန်မာနိုင်ငံသားများအတွက် ဝါဆိုပန်းနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်နိုင်ရန် စီစဉ်ထားသည်ကို‌ တွေ့ရသည်။ လာရောက်သူများကိုလည်း စတုဒီသာမုန့်ဆိုင်ပေါင်း ၃၀ ကျော်ဖြင့် ကျွေးမွေးဧည့်ခံနေပြီး မုန့်ဈေးတန်းတွင် ကြာဆံချက်၊ ရေခဲမုန့်၊ ဒူးရင်းသီးမုန့်၊ အသီး၊ ကြက်ကြော်၊ ချဉ်ပေါင်း၊ ဖာလူဒါ၊ နွားနို့မလိုင်၊ အအေးများနှင့် မုန့်အချိုများစွာ ပါဝင်သည်။ ကော့စမွေကျွန်းသည် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဆောက်လုပ်ရေးလုပ်ငန်းများစွာ ရှိနေသဖြင့် မြန်မာအလုပ်သမားများစွာ လာရောက်လုပ်ကိုင်လျက်ရှိသော ကျွန်းဖြစ်သည်။

ဝါဆိုလပြည့်နေ့ ထားဝယ်ဘုရားကြီးမြင်ကွင်းများ

Dawei Watch

July 9, 2025

ထားဝယ်မြို့၊ လောကမာရဇိန်ဘုရားကြီးနှင့် ရွှေတောင်စားစေတီတို့တွင် ယနေ့ ဝါဆိုလပြည့်နေ့ (ဇူလိုင်လ ၉ ရက်) ညနေပိုင်း မြင်ရသည့် မြင်ကွင်းများကို ဖော်ပြလိုက်ပါသည်။ ညနေပိုင်းတွင် မိုးလေကင်းလွတ်နေပြီး မြို့ခံဘုရားဖူးများနှင့် ဘုရားကြီးပတ်ဝန်းကျင်တွင် စျေးရောင်းသူများဖြင့် စည်ကားနေသည်ကို တွေ့ရသည်။