ထားဝယ်တွင် တက္ကသိုလ်ဝင်တန်းအောင်စာရင်း ကြည့်ရှုသူနည်းပါး
Dawei Watch
June 9, 2023တက္ကသိုလ်ဝင်တန်းအောင်စာရင်းများကို တစ်နိုင်ငံလုံးတွင် ယနေ့ ဇွန်လ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည်။ ထားဝယ်မြို့တွင်မူ အောင်စာရင်းလာရောက်ကြည့်ရှူသူများ မရှိသလောက်ပင်ဖြစ်သည်။ Dawei Watch က ယနေ့ နံနက် ၅ နာရီကျော်က လိုက်လံကြည့်ရှုရာ နာမည်ကြီးကျောင်းများဖြစ်သည့် အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃ အထက်တန်းကျောင်းတို့တွင် ကျောင်းဝင်းတံခါများပိတ်ထားသည်ကိုတွေ့ခဲ့ရသည်။ အမှတ် ၂ အထက်တန်းကျောင်းအနီးက ခရိုင်ပညာရေးရုံးတွင်မူ အောင်စာရင်းကပ်ထားသည်ကိုတွေ့ရပြီး အမျိုးသမီး နှစ်ဦး၊ အမျိုးသားတစ်ဦးသာ လာရောက်ကြည့်ရူနေကြသည်ကိုတွေ့ရသည်။ အာဏာမသိမ်းခင်ကမူ အောင်စာရင်းထွက်မည့်အချိန်ကို ညလုံးပေါက်မအိပ်ဘဲစောင့်နေကြပြီး မနက်မိုးမလင်မီ သူ့ထက်ငါဦးအောင် သွားရောက်တိုးဝှေ့ကြည့်ရှူသူများဖြင့် စည်ကားနေလေ့ရှိသည်။


