ထားဝယ်မြို့တွင် စစ်ကောင်စီက အိမ်ထောင်စုစာရင်းများကို တောင်းယူစစ်ဆေး
Dawei Watch
February 25, 2025ထားဝယ်မြို့ပေါ်တွင် နေထိုင်သည့်မိသားစုများ၏ အိမ်ထောင်စုစာရင်း မိတ္တူများကို စစ်ကောင်စီက တောင်းယူပြီး စစ်ဆေးနေကြောင်း မြို့ခံအချို့က ပြောသည်။ စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံတောင်းယူကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဒီလူက အခုဘယ်မှာနေတယ်။ ဒီလူက ဘယ်ကိုသွားတယ်ဆိုပြီး အိမ်ထောင်စုစာရင်း (မိတ္တူ) မှာ ရေးပေးလိုက်ရတယ်။ အိမ်တိုင်းအဲဒီလို လုပ်ပေးနေရတာ” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ မြို့ခံများနှင့် စစ်ဘေးရှောင်မိသားစုများအား မေးမြန်းချက်အရ ယခုကဲ့သို့ အိမ်ထောင်စုစာရင်း တောင်းယူစစ်ဆေး ခံနေရသည်မှာ စစ်ဘေးရှောင်များအများစု နေထိုင်လေ့ရှိသည့် ရပ်ကွက်များတွင် ဖြစ်ကြောင်း သိရသည်။ အိမ်ထောင်စုစာရင်း တောင်းယူပြီး အိမ်ရှိ မိသားစုဝင်များ၏ စာရင်းနှင့် ဧည့်စာရင်းတို့ကို တိုက်ဆိုင် စစ်ဆေးကြောင်း မြို့ခံအချို့က ဆိုသည်။ “(နယ်ကနေ ပြောင်းလာတဲ့) လူငယ်ပိုင်းထဲကဆိုရင် ကျောင်းဖြစ်ဖြစ် (တက္ကသိုလ်ကိုဆိုလို) […]


