ငလျင်းဘေးကူညီရန် ထားဝယ်တွင် ပန်းချီပြပွဲ ပြုလုပ်မည်
Dawei Watch
April 1, 2025မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်သင့်ခဲ့သူများ ပြန်လည်ထူထောင်ရာတွင် ကူညီရန် ထားဝယ်မြို့တွင် ပန်းချီပြပွဲတစ်ခုပြုလုပ်သွားမည်ဟု ပြပွဲစီစဥ်သူများထံမှသိရသည် ။ ယင်းပန်းချီပြပွဲကို ဧပြီလ ၁၈ ရက်မှ ၂၅ ရက်အထိ ထားဝယ်မြို့ ၊ ကမ်းနားလမ်း ၊ ယဥ်ကျေးမှုပြတိုက်ကျောဘက်ရှိ လှိုင်းခတ်သံ ပြခန်းတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စီစဥ်သူများကဆိုသည် ။ ပြပွဲတွင် ပြသမည့် ပန်းချီကားများကို ရောင်းချရရှိငွေများကို ငလျင်ဘေးသင့်သူများထံ ကူညီသွားမည်ဖြစ်ကြောင်း ပြပွဲစီစဥ်သည့် ပန်းချီဆရာတစ်ဦးကပြောသည် ။ “အခုက ပြပွဲအတွက် လာပြပြီး လှူချင်တဲ့ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကို စလက်ခံနေပါပြီ ။ ပြပွဲကရောင်းရတဲ့ ပန်းချီကားတွေမှာ တစ်ရာ ရာခိုင်နှုန်းလှူမယ့်ဆရာတွေလည်းရှိသလို ၊ တစ်ဝက်လှူမယ့်ဆရာတွေလည်းရှိတယ်။ ရောင်းရတဲ့အထဲက ပြန်လှူကြမှာပါ ” ဟု ၎င်းက […]


