ထားဝယ်တွင် ဘိလပ်မြေစျေး မငြိမ်၍ ဆိုင်အချို့အရောင်းရပ်
Dawei Watch
April 12, 2025ထားဝယ်မြို့ အိမ်ဆောက်ပစ္စည်း စျေးကွက်အတွင်း၌ ဘိလပ်မြေစျေး အနည်းငယ်တက်နေပြီး စျေးမငြိမ်သဖြင့် ဆိုင်အချို့အရောင်းရပ်ထားကြောင်း ဆောက်လုပ်ရေးပစ္စည်း ရောင်းချသူများထံမှသိရသည်။ မတ်လ ၂၈ ရက် က မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ကုန်သွယ်ရေးလမ်းကြောင်းအချို့ ပြတ်တောက်သွားသဖြင့် ပစ္စည်းပြတ်လပ်သွားပြီးနောက် ဘိလပ်မြေစျေး တက်သွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည် ။ ငလျင်မလှုပ်ခတ်မီ ထားဝယ်စျေးကွက်တွင် ကြံနှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ၃၂၀၀၀ ကျပ် စျေးနှုန်းရှိရာမှ ယခုလက်ရှိတွင် ၃၈၀၀၀ ကျပ် စျေးရှိကြောင်း ထားဝယ်မြို့ က ဆောက်လုပ်ရေးသုံးပစ္စည်း ဆိုင်ပိုင်ရှင် တစ်ဦးကပြောသည် ။ “ပစ္စည်းက စျေးကွက်ထဲမှာ ပေါပေါလောလောတော့မရှိဘူး ။ ရှိသလောက်ကိုတော့ရောင်းပေးနေတယ် ။ ကြံ့နှစ်ကောင်ဘိလပ်မြေ တစ်မျိုးပဲရှိတယ် ။ အခြားတံဆိပ်တွေ မဝင်လာကြတော့ဘူး ။ ကြံ့နှစ်ကောင်တံဆိပ်တောင် ငလျင်လှုပ်အပြီးမှာ စျေးနည်းနည်း […]


