သရက်ချောင်းတွင် စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှု KNLA တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရ
Dawei Watch
April 22, 2025သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းက ကျေးရွာများကို ဧပြီလ ၂၁ ရက် ည ၁၀ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်-KNLA တပ်ရင်း ၁၂ က တပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရကြောင်း ဒေသခံအချို့နှင့် KNLA တို့ထံမှ သိရသည်။ ဝင်းဝ၊ မင်းဒပ်၊ သဲချောင်းသားရွာများဘက်ကို လေယာဉ်ဖြင့် ဗုံး ၁၅ လုံးခန့် ကြဲချတိုက်ခိုက်ရာ KNLA တပ်ဖွဲ့ဝင်တစ်ဦး ဝမ်းဗိုက်တွင် ဗုံးစထိမှန် ဒဏ်ရာရကြောင်း ၎င်းတို့က ပြောသည်။ “ဒဏ်ရာနည်းနည်းပြင်းတာတော့ ဟုတ်တယ်။ စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိဘူး” KNLA တပ်ရင်း ၁၂ ကစယ်ကျား အထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်က ပြောသည်။ ဧပြီလ ၁၈ ရက်တွင် ဝင်းဝနယ်မြေရဲစခန်းကို KNLA နှင့် […]


