ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရေဖြူ စိန်ဘုံရွာအဝင်တွင် ကားတစ်စီးပစ်ခတ်ခံရ၊ PDFတစ်ဦးအပါ သုံးဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးအဖမ်းခံရ

Dawei Watch

May 4, 2025

နှစ်ဖက်စစ်ရေးတင်းမာနေသည့် ရေဖြူမြို့နယ်၊ စိန်ဘုံရွာအဝင်တွင် ကားတစ်စီးကို စစ်ကောင်စီတပ်သားများက ဝိုင်းဝန်း ပစ်ခတ်ရာ ကားပေါ်လိုက်ပါလာသည့် PDF တစ်ဦးအပါအဝင် အမျိုးသားသုံးဦးသေဆုံးကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။ နတ်ကြီးစင်ကျေးရွာအုပ်စု၊ စိန်ဘုံရွာအဝင်တွင် မေလ ၁ရက်က ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဘုရားသုံးဆူရွာသား ကိုလှမြင့် ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ခွဲ ၄ က ရဲဘော်တစ်ဦးနှင့် အမျိုးသားအခြားတစ်ဦး သေဆုံးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ကိုလှမြင့်၏ ရုပ်အလောင်းကို မေလ ၁ ရက် ညနေပိုင်းတွင်ပင် ပစ်ခတ်ခံရသည့်နေရာ စိန်ဘုံရွာအဝင် ရထားလမ်းအနီးတွင် ပြန်လည်တွေ့ရှိ၍ သင်္ဂြိုဟ်ခဲ့ကြောင်း ရွာသားများက ဆိုသည်။ ကျန်နှစ်ဦး၏ ရုပ်အလောင်းကိုမူ ပြန်လည်မရရှိသော်လည်း စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များတွင် မေလ ၃ ရက်က ပျံ့နှံ့လာသော သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် […]

ထားဝယ်အရှေ့တောဒေသ သရက်ငုတ်ရွာတွင် ထိတွေ့ပစ်ခတ်မှုဖြစ်၊ နှစ်ဖက်ထိခိုက်သေဆုံး

Dawei Watch

May 3, 2025

ထားဝယ်အရှေ့တောဒေသ သရက်ငုတ်ရွာတွင် မေလ ၂ရက် ညနေပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။ ထိုင်း-မြန်မာ ထီးခီးနယ်စပ်အနီးရှိ ထီးထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူပြီးနောက် ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က ဧပြီလ ၂၆ ရက်ခန့်ကစပြီး အင်အားနှစ်ရာကျော်ဖြင့် စစ်ကြောင်းထိုးနေကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါစစ်ကြောင်းသည် မေလ ၂ ရက်တွင် ပကာရီရဲကင်းစခန်း၊ ပခပ်၊ ရမ္မဇူရွာကို ရောက်ရှိလာပြီး ယင်းမှ ခွဲထွက်လာသည့် စစ်ကြောင်းတစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ညနေ ၃ နာရီခွဲခန့်တွင် သရက်ငုတ်ရွာ၌ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောဆိုသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး စီးလာသည့်ကားကို သရက်ငုတ်ရွာတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ပစ်ခတ် တိုက်ခိုက်သဖြင့် တစ်ဦးသေဆုံးပြီး […]

စစ်ကောင်စီက အင်အားသုံးစစ်ကြောင်းထိုးနေ၍ ထားဝယ်အရှေ့တောဒေသခံ ထောင်ချီစစ်ဘေးရှောင်

Dawei Watch

May 2, 2025

ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီက အင်အားရာကျော်သုံးပြီး စစ်ကြောင်းသုံးကြောင်းခွဲကာ ဝင်ရောက်လာခြင်းကြောင့် ကျေးရွာဆယ်ရွာခန့်က ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ ထားဝယ်-မေတ္တာ-ထီးခီးနယ်စပ်တစ်လျှောက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ဖက်စစ်ရေးတင်းမာနေသဖြင့် မေတ္တာမြို့နှင့် အနီးတဝိုက်ရှိကျေးရွာများမှ ဒေသခံများမှာ ဧပြီလ ၂၁ ရက်ခန့်ကစပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။ စစ်ကြောင်းတစ်ကြောင်းမှာ မနေ့က ပခပ်ရွာကို ရောက်ရှိပြီး ယနေ့မနက်ပိုင်းတွင် ရမ္မဇူရွာဘက်ကို ရောက်ရှိနေသည်ဟု သတင်းရကြောင်း ဝကုန်းရွာက စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။ “စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းခံရတဲ့သူတွေ ပြန်လွတ်ကုန်ပြီလို့ကြားတယ်၊ ကျွန်မတို့လည်း တောထဲကိုရှောင်နေရတယ်၊ စားရေးနေရေးအခက်အခဲရှိလို့ အခုရွာထဲကို ခဏပြန်ထွက်လာတယ်၊ လမ်းတွေလည်းပိတ်ထားတော့ ဈေးဆိုင်ကယ်တွေလည်း တခြားလမ်းကနေ ခက်ခက်ခဲခဲလာရတယ် ပြောတယ်။ ဈေးတွေတော့ ကြီးနေရောပဲ” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ တောင်သုံးလုံး၊ ကျောက်မဲတောင်နှင့် ရွှေချောင်း၊ […]

ထားဝယ်တွင် စိတ်ဝေဒနာသည်အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး

Dawei Watch

May 1, 2025

ထားဝယ်မြို့တွင် စိတ်ဝေဒနာသည်အမျိုးသမီးကြီးတစ်ဦး ယနေ့ နံနက်ပိုင်းတွင် နေအိမ်၌ ကြိုးဆွဲချသေဆုံးကြောင်း မြို့ခံများထံမှ သိရှိရသည်။ ဝဲကျွန်းညောင်ရမ်းရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၀ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦးသည် ယနေ့ မေလ ၁ ရက် နံနက်ပိုင်းတွင် အိမ်သားများ မရှိသည့်အချိန် နေအိမ်၌ ဆွဲကြိုးချသေဆုံးနေကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “စိတ်ကျန်းမာရေးမကောင်းလို့ ဆေးခန်းပြနေရတယ်။ အရင်ကလည်း ဒီလို သတ်သေဖို့ကြိုးစားခဲ့ဖူးတယ်၊ လူမိသွားလို့။ အခုက လူမရှိတုန်းဖြစ်သွားတာ” ဟု ၎င်းပြောသည်။ သေဆုံးသူအမျိုးသမီးကြီးရဲ့ရုပ်အလောင်းကို ယနေ့ နံနက် ၁၁ နာရီခန့်တွင် အရေးပေါ်ကားများဖြင့် ဆေးရုံသို့ လာရောက်သယ်ယူသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်ကလည်း ကော့သောင်းမြို့နယ်၊ ချန်ဖမ်းရွာတွင် အမျိုးသားတစ်ဦးသည် ဇနီးဖြစ်သူကို သတ်ပြီး ယင်းနောက် ၎င်းကိုင်တိုင်လည်း ကြိုးဆွဲချသတ်သေခဲ့သည်။

မောရဝတီရေတပ်က လမ်းပြအဖြစ်ဖမ်းခေါ်သွားသည့် ရွာသားနှစ်ဦး ပြန်လွတ်

Dawei Watch

May 1, 2025

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စု၊ ကျောက်ထရံရွာတွင် မောရဝတီရေတပ်က တပ်ဖွဲ့ဝင်များ စစ်ကြောင်းပြန်ထွက်စဥ် လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံနှစ်ဦး ဧပြီလ ၃၀ ရက်တွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။ ကျောက်ထရံရွာသား ဦးသန်းသန်းနှင့် ဖြူနပ်ရွာသား ကိုနိုင်နိုင်တို့သည် ဧပြီလ ၇ ရက်က စစ်ကြောင်းနှင့်အတူ ဖမ်းခေါ်ခံရပြီး ရက်သတ္တပတ် သုံးပတ်ကျော်ကြာ မောရဝတီရေတပ်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “မနေ့ (ဧပြီ ၃၀) နေ့လယ်ပိုင်းမှာ နှစ်ယောက်စလုံး ရွာပြန်ရောက်လာတယ်။ ရိုက်နှက်ခံရထားမျိုးတွေတော့ မရှိဘူး။ စစ်တပ်က လမ်းပြခေါပြီး သတင်းပေါက်မှာစိုးလို့ ပြန်မလွှတ်ဘဲ ထားထားတာမျိုးပါ” ဟု ကျောက်ထရံရွာသားတစ်ဦးက ပြောသည်။ အဆိုပါဒေသခံနှစ်ဦးအနက် တစ်ဦးမှာ စျေးရောင်းပြီး ကျန်တစ်ဦးမှာ ငါးပိုက်လှေလိုက်သူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ […]

ထားဝယ်တွင် နှစ်လကြာပိတ်ထားသည့် မယ်ဒီလန်းဆေးရုံ ယနေ့ပြန်ဖွင့်

Dawei Watch

May 1, 2025

ထားဝယ်တွင် နှစ်လအကြာပိတ်ထားသည့် မယ်ဒီလန်း ပုဂ္ဂလိကဆေးရုံသည် ယနေ့ မေလ ၁ရက်တွင် ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်ပြီဖြစ်ကြောင်း ဆေးရုံက ထုတ်ပြန်ထားသည်။ မယ်ဒီလန်းဆေးရုံကို အကြီးစားပြင်ဆင်မှုများ ပြုလုပ်မည်ဟုဆိုကာ ပြီးခဲ့သည့် မတ်လ ၁ရက်ကစ၍ ဧပြီလ ၃၀ ရက်အထိ နှစ်လအကြာ ဆေးရုံပိတ်ထားခဲ့ရာမှ ယနေ့ ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်။ မယ်ဒီလန်းဆေးရုံနှင့်အတူ ဆာဒိုဝါးဆေးရုံ၊ အေး ဆေးရုံတို့မှာလည်း အတွင်းလူနာ အပြင်လူနာ လက်ခံကုသခြင်းများကို မတ်လ ၁ ရက်တွင် စတင်ရပ်နားခဲ့သည်။ သို့သော် ဆာဒိုဝါးဆေးရုံမှာမူ တစ်လကြာရပ်နားပြီးနောက် ဧပြီလ ပထမပတ်တွင် စတင် လူနာလက်ခံကုသနေကြောင်း စုံစမ်းသိရသည်။ အေး ဆေးရုံမှာမူ ယနေ့အထိ ဆေးရုံပိတ်ထားဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ “အေး ဆေးရုံက မဖွင့်သေးဘူး။ ရှေ့မှာ ချိတ်ထားတဲ့ ဆေးရုံပိတ်ကြောင်း ရေးထားတဲ့စာပြား […]

ထားဝယ်အာယုဒါနအသင်းက နိဗ္ဗာန်ယာဉ်အခမဲ့ကူညီမည်

Dawei Watch

April 30, 2025

ထားဝယ်မြို့ရှိ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးနှင့် နာရေးကူညီပို့ဆောင်ရေးအသင်းက မေလ ၁ ရက်မှစ၍ နိဗ္ဗာန်ယာဉ်အခမဲ့ လှူဒါန်းပေးမည်ဖြစ်ကြောင်း အာယုဒါန အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေးအဖွဲ့ ထားဝယ်ထံမှသိရသည်။ ထားဝယ်မြို့ နှင့် ထားဝယ်မြို့အနီးတစ်ဝိုက်၌ ဖြစ်သည့် မည်သည့်နာရေးမျိုးမဆို လူမျိုးဘာသာ အဆင့်အတန်းခွဲခြားမှုမရှိဘဲ အခမဲ့ကူညီပို့ဆောင်ပေးမည် ဖြစ်ကြောင်းအထက်ပါအဖွဲတာဝန်ရှိသူက ပြောသည်။ “လောလောဆယ်တော့ ထားဝယ်မြို့နဲ့ အနီးတဝိုက်မှာဖြစ်တဲ့ မည်သည့် နာရေးမျိုးမဆို ဘာသာလူမျိုး မခြားပဲကူညီ ဆောင်ရွက် ပေးသွားပါမယ်။ ဆီဆုံ ဆရာတော် ချမှတ်ခဲ့တဲ့ လမ်းစဉ်အတိုင်းပါပဲ” ဟု ယင်းတာဝန်ရှိသူကပြောသည်။ နိဗ္ဗာန်ယာဉ်အခမဲ့ကူညီမှု ရေရှည်လည်ပတ် နိုင်ရန် နာရေးကူညီပို့ ဆောင်ရေးအတွက် ပါဝင်လှူဒါန်းမည်ဆိုပါက ထားဝယ်မြို့ ညောင်ရမ်းတောင်ရပ် ကြက်သံဒိုင်း ဘုရားဝင်း နံဘေး ရှိ အာယုဒါန အရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးရုံးတွင်သာ လက်ခံသွားမည် ဖြစ်ကြောင်း အထက်ပါအဖွဲ့ […]

မြန်မာနိုင်ငံ တောင်ပိုင်းဒေသသို့ ယခုနှစ် မုတ်သုန်အဝင်စောမည်

Dawei Watch

April 30, 2025

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီဒေသသို့ နှစ်စဥ် ပုံမှန်မုတ်သုန်ဝင်လေ့ရှိသည့် မေလ ၁၉ ရက် ထက် အနည်းငယ်စော၍ မုတ်သုန်ဝင်နိုင်ကြောင်း မိုးလေဝသ လေ့လာသုံးသပ်သူများနှင့် မိုးဇလဌာနတို့က ခန့်မှန်းထားသည် ။ မေလ ၁၆ ရက်မှ ၂၀ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းသို့ မုတ်သုန်စတင် ဝင်ရောက်ကာ မေလ ၂၁ ရက် မှ ၂၅ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့လည်းကောင်း ၊ မေလ ၂၆ ရက်မှ ၃၁ ရက်အထိ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများသို့လည်းကောင်း ၊ ဇွန်လ ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းသို့ လည်းကောင်း မုတ်သုန်ဝင်ရောက်မည်ဟု စစ်ကောင်စီ လက်အောက်ရှိ မိုးဇလဌာန၏ ၂၀၂၅ ခုနှစ် မုတ်သုန်လေ ဝင်ရောက်နိုင်မှု […]