စစ်ကောင်စီ စစ်ကြောင်းထိုးနေ၍ ရေဖြူအနောက်ကမ်းကဒေသခံများ ထွက်ပြေးတိမ်းရှောင်
Dawei Watch
June 18, 2024ရေဖြူမြို့နယ်၊ ထားဝယ်မြစ်အနောက်ကမ်းဒေသများကို စစ်ကောင်စီတပ်က စစ်ကြောင်ထိုးနေသည့်အတွက် ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကပြောသည်။ ရေဖြူမြို့မှ ကုန်းကြောင်းအတိုင်း ယနေ့ နံနက်ပိုင်းကစပြီး နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ပု ဂေါဇွန်းရွာသူ အမျိုးသမီးတစ်ဦးကပြောသည်။ “အခုကတော့ ရွာကိုရောက်နေတယ်။ စစ်ကြောင်းက အိမ်တွေမှာလည်း နေနေတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။ ထို့ကြောင့် ပုဂေါဇွန်းရွာသူရွာသားအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဖမ်းဆီးခံထားရသည့် ဒေသခံအချို့လည်းရှိသိရသည်။ ” ရွာမှာကျန်နေတဲ့ သူတွေတော့ ဖမ်းထားတယ်လို့ပြောတယ်။ အခုလောလောဆယ်တော့ မိန်းကလေး နှစ်ဦးပြန်လွတ်ပေးလိုက်တယ်လို့ ကြားရတယ်။ ဘယ်နှစ်ယောက်ကို ဆက်ဖမ်းထားတယ်ဆိုတာ မသိရသေးဘူး”ဟု ၎င်းကပြောသည်။ စစ်ကောင်စီတပ်သည် ယနေ့နံက်ပိုင်းမှစပြီး ပုဂေါဇွန်းရွာနှင့် သစ်တိုထောင့် ကျေးရွာသို့ နှစ်ဖွဲ့ခွဲပြီး ရောက်ရှိနေခြင်းဖြစ်သည်။ သစ်တိုထောာင့်ရွာတွင်လည်း ယနေ့မနက်ပိုင်းက ဒေသခံအချို့ကို ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံတို့ကပြောသည်။ […]