သရက်ချောင်း ဝင်းကဖော်ရွာကို လေယာဉ်ဖြင့်ဗုံးကြဲ
Dawei Watch
May 19, 2025သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ဝင်းကဖော်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၁၉ ရက် နေ့လယ်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ဒေသခံအချို့နှင့် ဒေါင်းညီနောင်စစ်ကြောင်းတို့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဝင်းကဖော်ရွာတစ်ဝိုက်ကို နေ့လယ် ၁၂ နာရီခွဲခန့်တွင် K8W ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးလေးလုံး ကြဲချတိုက်ခိုက်ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျောက်ခဲက ပြောသည်။ ဒေသခံအချို့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဝင်းကဖော်ရွာကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဆိုသည်။ “ဗုံးလေးလုံး လာကြဲသွားတယ်လို့ပဲ ကြားတယ်။ လူထိခိုက်မှုရှိတယ်လို့ ပြောသံမကြားဘူး” ဟု ဝင်းကဖော်ကျေးရွာအနီးက အသက် ၃၀ ကျော်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ပထမအကြိမ်တွင် ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ပြီး နောက်ထပ် ၅ မိနစ်ခန့် ပတ်ပျံပြီး ဒုတိယအကြိမ်တွင် ဗုံးနှစ်လုံး […]


