ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

အလိုအလျောက် မိုးလေ၀သ တိုင်းတာစက် ၁၁ လုံး တပ်မည်

diz_admin

January 29, 2020

တနင်္သာရီတိုင်းတွင် အလိုအလျောက် မိုးလေ၀သတိုင်းတာ စက် ၆ လုံးတပ်ဆင်ရန် ကနဦးလျာထားသော်လည်း နောက်ထပ် ၅ လုံး ထပ်တိုးပြီး တပ်ဆင်မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ကနဦးက လောင်းလုံး (မောင်းမကန်)၊ ထားဝယ်(ကလိန်အောင်)၊ ပုလော၊ မြိတ်၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်များတွင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနပိုင် အလိုအလျောက် မိုးလေ၀သတိုင်းတာစက် ၆ လုံးကို တပ်ဆင်ရန် လျာထားသည်။ လက်ရှိတွင် ရေတပ်တပ်ရင်းဘတ် ဂျက်ဖြင့် ၄ လုံး စိုက်ပျိုးရေးဦးစီးဌာန ဘတ်ဂျက်ဖြင့် စက် ၁ လုံး ထပ်တိုးလာ ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။ ထပ်တိုး စက်များကို လောင်းလုံး၊ ပုလော၊ ကျွန်းစု၊ […]

ထားဝယ်ကမ်းနားဈေး ည ၇ နာရီအထိသာ ရောင်းရမည်

diz_admin

January 29, 2020

ဖေဖော်ဝါရီလ ၈ ရက်တွင် စဖွင့်မည့် ထားဝယ်ကမ်းနားဈေးရုံအသစ်တွင် ည ၇ နာရီအထိသာ ရောင်းချရန် လွှတ်တော် နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့ သဘောတူခဲ့ကြသည်။ ကမ်းနားဈေးနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၄ ရက် နံနက်ပိုင်းက ထားဝယ် မြို့နယ်စည်ပင်သာယာရေးကော်မတီကို တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်သို့ ခေါ်ယူဆွေးနွေးပြီးနောက် ယင်းကဲ့သို့ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။ ကမ်းနားဈေးကိစ္စကို ပြည်သူများအကြားတွင် မရှင်းမလင်းဖြစ်နေပြီး သံသယဝင်နေကြသည့်အတွက် ယင်းကဲ့သို့ ခေါ်ယူဆွေးနွေးခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ဈေးရောင်းချချိန်ကို နံနက် ၂ နာရီ မှ ည ၇ နာရီအထိ ရောင်းချခွင့်ပြုရန် ဆွေးနွေးသတ်မှတ်ခဲ့ကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။ ယခင်က ဈေးရောင်းချချိန်ကို နံနက် ၆ နာရီမှ […]

ထန်းပင်ပေါ်မှ လူခိုးသမား ပထမအမှုအတွက် ထောင် သုံးနှစ်ကျ

diz_admin

January 29, 2020

မုဒိမ်းမှု/လူခိုးမှုကျူးလွန်သည်ဆိုသည့် အမျိုးသားတစ်ဦးက လောင်းလုံးမြို့နယ်အတွင်း လယ်ကွင်းအတွင်းရှိ ထန်းပင်ပေါ် ပုန်းအောင်းနေသည့်အတွက် ရဲတပ်ဖွဲ့နှင့် ပြည်သူအချို့က ထန်းပင် လှဲကာဖမ်းဆီးခဲ့ရသည်။ အသက် ၃၂ နှစ်အရွယ်ရှိ အိမ်ထောင်သည်အမျိုးသားက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက လောင်းလုံးမြို့နယ်၊ ကထောင်းနီကျေးရွာရှိ အသက် ၁၇ နှစ်အရွယ်ရှိ အထက်တန်းကျောင်းသူတစ်ဦးကို ခိုးယူပေါင်းသင်းခဲ့ကြောင်း လောင်းလုံးမြို့မရဲစခန်းထံမှ သိရသည်။ ခိုးယူပေါင်းသင်းသည့် မိန်းကလေးက အသက်မပြည့်သေးသည့်အတွက် လူခိုးမှုဖြင့် လောင်းလုံးမြို့နယ်တရားရုံးတွင် ရာဇသတ်ကြီးပုဒ်မ- ၃၆၃ (လူခိုးမှု) ဖြင့် တရားစွဲဆိုထားကြောင်း လောင်းလုံး မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းလွင်က ဆိုသည်။ အဆိုပါအမှုတွင် မြို့နယ်တရားရုံးက ကျူးလွန်သည်ဆိုသည့် အမျိုးသားကို ခံဝန်သူနှစ်ဦးဖြင့်အာမခံကြေးငွေကျပ် သိန်း ၃၀ ဖြင့် အာမခံပေးထားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။ အာမခံဖြင့် လွှတ်ထားသည့် […]

ဥပဒေနှင့်မညီသည့် လုပ်ရပ် ထိမ်ချန်ပါက ရပ်ကျေးအုပ်ချုပ်ရေးမှူး အရေးယူခံရမည်

diz_admin

January 29, 2020

ရပ်ကွက်/ကျေးရွာအတွင်း မြေအကွက်ရိုက် ရောင်းချခြင်းကဲ့သို့သော ဥပဒေမဲ့ လုပ်ရပ်များကို တားမြစ်ရန်၊ သတင်းပေးရန် ရပ်ကျေးအုပ်ချုပ်ရေးမှူးများတွင် တာဝန်ရှိသော်လည်း ထိမ်ချန်ပါက အရေးယူခံရမည်ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက သတိပေး ပြောကြားလိုက်သည်။ ထင်ရှားသော ဥပဒေမဲ့ လုပ်ရပ်များတွင် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခြင်း၊ လောင်းကစားဝိုင်းများပြုလုပ်နေခြင်း စသည်တို့လည်း ပါဝင်သည်။ လက်ရှိတွင် ရော်ဘာခြံ၊ လယ်မြေများကို စီးပွားရေးသမားများက ဝယ်ယူအပြောင်ရှင်းကာ လူနေထိုင်မည့် မြေကွက်များ အကွက်ရိုက်ရောင်းချမှုများ တွင်ကျယ် လျက်ရှိသည်။ ရပ်ကွက်/ကျေးရွာများအတွင်း ပွဲတော်များတွင် လောင်းကစားဝိုင်းများ ကျင်းပနေမှုနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူရန်လည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားသည်။ ထိုကဲ့သို့သော လောင်းကစားဝိုင်းများအပြင် မြေအကွက်ရိုက်ရောင်းချနေခြင်းကို တားမြစ်ရန်သက်ဆိုင်ရာရပ် ကျေးအုပ်ချုပ်ရေးမှူးတွင် တာဝန်ရှိပြီး သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြရန် အကြိမ်ကြိမ်စာထုတ် ညွှန်ကြား ထားပြီးဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။ ယင်းအပြင် ရပ်ကျေးအုပ်ချုပ် […]

ထားဝယ်စီမံကိန်းနယ်မြေတွင် ပြည်သူ့ ကြားနာပွဲ လုပ်ပေးပါ

diz_admin

January 29, 2020

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သည့် ပြည်သူ့ကြားနာပွဲကို ဇုန်တည်ရှိရာနေရာတွင်လည်း လုပ်စေလိုကြောင်း ဒေသခံအချို့က ပြေဆိုကြသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန် (SEZ) ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြမည့် ပြည်သူ့ကြားနာပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်မည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားသည်။ ရှင်းလင်းပွဲလုပ်မည့် ထားဝယ်မြို့က စီမံကိန်းနယ်မြေနှင့် အလှမ်းဝေးသည့်အတွက် ဒေသခံအများစု တက်ရောက်နိုင်မည် မဟုတ်ဘဲ စီမံကိန်းနေရာတွင် ထပ်လုပ်စေလိုကြောင်း စီမံကိန်းဧရိယာရှိ ဘဝါကမ်းခြေကျေးရွာ တာဝန်ခံ ဦးစိုးမြင့်က ဆိုသည်။ စီမံကိန်းဧရိယာမှာ ထားဝယ်မြို့မှ မိုင် ၂၀ ကျော်ဝေးသော နဘုဘယ်ကျေးရွာအုပ်စုတွင် တည်ရှိသည်။ “ဒေသခံတွေကို လာပြီးတော့ ပြောပြဆိုပြရှင်းပြမှသာလျှင် ဒေသခံတွေလည်း သဘောပေါက်ပြီးတော့ ကောင်းဆိုးဆိုတာ ဆုံးဖြတ်လို့တတ်မှာခင်ဗျား”ဟု ဦးစိုးမြင့်က ပြောသည်။ လက်ရှိ ထားဝယ်မြို့တွင် […]

မြိတ်လျှပ်စစ်တင်ဒါ စာချုပ်မူကြမ်း ရှေ့နေချုပ်ရုံးထံ ပို့ထားဟုဆို

diz_admin

January 28, 2020

မြိတ်မြို့နယ် လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးအတွက် တင်ဒါအောင်ထားသည့် Petro & Trans ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုရန်အတွက် စာချုပ်မူကြမ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။ ကုမ္ပဏီဖက်မှ တင်ပြလာသည့် စာချုပ်မူကြမ်းကို တိုင်းအစိုးရက စိစစ် ပြီးသည့်အတွက် တိုင်းဥပဒေချုပ်ရုံးမှ တစ်ဆင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံ ပေးပို့ထားကြောင်း ၎င်းက ဆိုသည်။ “မြိတ်လျှပ်စစ် စာချုပ်မူကြမ်းပို့ ထားပြီးပြီ။ ရှေ့နေချုပ်ရုံးကို ပို့ထားတယ်။ ဥပဒေချုပ်ရုံးက တစ်ဆင့် ပို့ထားတာ”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ စာချုပ်မူကြမ်းပြန်ပို့လာပြီးမှသာ ကုမ္ပဏီနှင့် ချုပ်ဆိုမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြိတ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူး ရေးလုပ်ငန်းအတွက် Petro & Trans ကုမ္ပဏီက တစ်ယူနစ်လျှင် ၂၉၂ ကျပ်ဖြင့် တင်ဒါအောင်မြင်ထားသည်။ […]

တနင်္သာရီနယ်စပ်ဝင်ပေါက်များတွင် ဝူဟန်ဗိုင်းရပ် စောင့်ကြည့်ရေး အစီအမံမရှိသေး၊ ရနောင်းတွင် ထိုင်းဘက်မှ စတင်စစ်ဆေး

diz_admin

January 28, 2020

တနင်္သာရီတိုင်း နယ်စပ်ဝင်ပေါက်များတွင် ဝူဟန်ဗိုင်းရပ် စောင့်ကြည့်ရေး အစီအမံမရှိသေးကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် စတင် တွေ့ရှိခဲ့သည့် အသက်ရှူလမ်းကြောင်း ထိခိုက်စေသည့် ဗိုင်းရပ်စ်ပိုးအသစ် ကြောင့် ဇန်နဝါရီလ ၂၅ ရက်အထိ သေဆုံးသူ ၄၁ ဦးရှိပြီဖြစ်သည်။ ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအချို့ကို လည်း ရောဂါကူးစက်ခံထားရသည်။ အိမ်နီးချင်းနိုင်ငံတွင် ရောဂါပိုးရှိသူ ရောက်ရှိနေပြီဖြစ်သဖြင့် ဝူဟန်ဗိုင်းရပ်စ်နှင့် ပတ်သက်၍ နယ်စပ်ဝင်ပေါက်များတွင် စောင့်ကြည့်မည့် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းရာ သတိထားစောင့် ကြည့်နေသည့် အဆင့်သာရှိသေးပြီး အစီအမံ သတ်သတ်မှတ်မှတ် မရှိသေးကြောင်း ဝန်ကြီးဦးဟိုပင်က ဆိုသည်။ “ဒီဟာနဲ့ ပတ်သက်ပြီး သတိထားပြီး ကြည့်နေတဲ့ အဆင့်ပဲရှိသေးတယ်။ အစီအမံ ဆိုတော့ သတ်သတ်မှတ်မှတ်တော့ မရှိသေးဘူးပေါ့လေ”ဟု […]

ထားဝယ်တွင် ဗုဒ္ဓတက္ကသိုလ် စတင်တည်ဆောက်

diz_admin

January 22, 2020

ထားဝယ်မြို့ ယဉ်ငေးရိပ်သာသာ သနာ့ကျောင်း အတွင်း ဗုဒ္ဓတက္ကသိုလ် ကျောင်းတော်ကြီးကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ် ဖောင်ဒေးရှင်းထံမှ သိရသည်။ ထားဝယ်-ဗုဒ္ဓတက္ကသိုလ်ကို ထားဝယ် ခရိုင်လေးမြို့နယ်မှ အလှူရှင်များနှင့် ထိုင်းနိုင်ငံမှ အလှူရှင်များမှ လှူဒါန်း ထားသော ငွေကျပ်သိန်း ၂၀၀ ကျော်ခန့်ဖြင့် ဇန်နဝါရီလ ၉ ရက်က ပန္နက်တင်မင်္ဂလာပွဲ ပြုလုပ်ကာ စတင်တည်ဆောက်နေပြီဖြစ် ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ်မှ မော်ကွန်းထိန်း ဦးစိန္နိတက မိန့်ကြားသည်။ ဗုဒ္ဓတက္ကသိုလ်တည်ဆောက်ရန် အတွက် မတည်အလှူရှင်များလိုအပ် နေပြီး ခန့်မှန်းခြေ ကျပ်သိန်း ၆၀၀၀ ခန့် ကုန်ကျမည်ဟု လျာထားကြောင်း ဦးစိန္နိတက မိန့်ကြားသည်။ “ဆရာတော်က ဦးစီးလုပ်ထားတာ ဆိုတော့ ပြီးမယ်ဆိုတာ ယုံကြည်ထား တယ်။ ခန့်မှန်းခြေအရ နှစ်နှစ်လောက်ဆို အဆောက်အအုံကြီးလုံး၀မပြီးဘူးဆိုရင် တောင် […]