လောင်းကစား ခေါင်းထောင်ဆဲ
diz_admin
January 13, 2020ထားဝယ်ခရိုင်အတွင်းရှိ မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးလက်ဒေသများတွင် လောင်းကစားဝိုင်းများ ခေါင်း ထောင်နေဆဲကြောင်း ဒေသခံအချို့က ပြောဆိုလာကြသည်။ မြို့ပေါ်ရပ်ကွက်အချို့တွင် ဘောလုံး ပွဲဒိုင်နှင့် နှစ်လုံး၊ သုံးလုံးထီဒိုင်များ ဖွင့်လှစ်လောင်းကစားနေကြပြီး နယ်ဒေသ များတွင်မူ ပွဲတော်နှင့် ဆက်စပ်လျက် လေးပြား၊ အနီထောင်ဝိုင်း၊ ဖဲဝိုင်းများကို တွယ်ကျယ်စွာ လောင်းကစားနေကြသည်။ နယ်ဒေသအများစုတွင် ရိုးရာနတ်ပွဲ အပါအဝင် အခြားပွဲတော်များနှင့်အတူ အနီထောင်၊ ဖဲဝိုင်းများကို ရပ်ကျေး အုပ်ချုပ်ရေးမှူး အပါအဝင် ရပ်ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်များက ကိုယ်တိုင် ခွင့်ပြုပေးထားသည်ကို တွေ့ရကြောင်း လောင်းလုံးမြို့နယ်၊ မင်းရပ်ကျေးရွာနေ အသက် ၂၅ နှစ်အရွယ်ရှိ အမျိုးသားတစ် ဦးက ဆိုသည်။ “တစ်ခါတလေမှ လုပ်တာမဟုတ်ဘူး။ နှစ်တိုင်းနှစ်တိုင်းလုပ်တာ”ဟု အဆိုပါ အမျိုးသားက ပြောသည်။ လောင်းကစားဝိုင်းများကို ပွဲခင်းနှင့် […]