BREAKING
October 19, 2025

ထားဝယ်

မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းထားသဖြင့် ဖရဲသီး ရောင်းသူများ ထားဝယ်ပြန်ဦးလှည့်

diz_admin

February 5, 2020

မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း ထားသဖြင့် ပဲခူးတိုင်းမှ ဖရဲရောင်းသူများ ထားဝယ်ဒေသသို့ ပြန်လည် ဦးလှည့်လာကြသည်။ တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်မီက ဖရဲသီးဈေးကောင်း ရသည့် မူဆယ်သို့ တင်ပို့မှုများသဖြင့် ဒီဇင်ဘာလအကုန်မှ ဇန်နဝါရီလ တတိယအပတ်ခန့်အထိ နေရပ်ပြန်သွား ခဲ့သည်ဟု ဖရဲသီးရောင်းသူများ၏ ပြောပြချက်အရ သိရသည်။ အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်နိုင်ငံသို့ ဖရဲသီး တင်ပို့မရသဖြင့် ထားဝယ်ဈေးကွက်သို့ ပြန်ဦးလှည့်လာ ခြင်းဖြစ်ကြောင်း ထားဝယ်ကမ်းနားဈေး တွင် ဖရဲသီးရောင်းချနေသူ ပဲခူးတိုင်း ပြွန်တန်ဆာမြို့နယ်မှ ဒေါ်ခင်မာနီက ပြောသည်။ “ဖရဲသီးဝယ်လို့ မရတော့ ဆယ့်ငါး ရက်လောက် ပြန်နားလိုက်တယ်။ ဝယ်လို့ မရဆို အဲတုန်းက မူဆယ်က ဈေးကောင်းတော့ အဲဒီ အကုန်တင်တာ။ […]

တည်ဆောက်ရေးလုပ်ငန်းများ ငွေထုတ်ရာတွင် ရပ်ကျေးတည်ကော် လက်မှတ်မလိုတော့

diz_admin

February 5, 2020

တိုင်းအစိုးရဘတ်ဂျက်ဖြင့် ဆောက် လုပ်သည့် တည်ဆောက်ရေး လုပ်ငန်းများ ရာခိုင်နှုန်းအလိုက်ငွေထုတ်ရာတွင် ရပ်ကျေးတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ် ရေးအဖွဲ့၏ လက်မှတ်မလို အပ်တော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။ ထိုသို့ သတ်မှတ်ခြင်းကို လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး (တိုင်းဒေသကြီး တည်/ကော်ဥက္ကဋ္ဌ) ဦးအောင် သူရက ဆိုသည်။ တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက် တွင် ရပ်ကျေးတည်/ကော်များကို စောင့်ကြည့်ရေးအဖွဲ့ အနေဖြင့် ဆက်ထားမည် ဖြစ်သော်လည်း QC နှင့် Work Done လက်မှတ်ထိုးရန် မလိုတော့ဘဲ ဖြေလျော့ လိုက်သည်ဟု ဖော်ပြထားသည်။ တည်ဆောက်ရေးကုမ္ပဏီများက တောင်းဆိုသည့်အတွက် ယင်းကဲ့သို့ ဖြေလျော့ပေးလိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။ […]

အီတာလျံထိုင်းကုမ္ပဏီက ဒေါ်လာကိုးသန်း အကြွေးမပေးသေး

diz_admin

February 5, 2020

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး စီမံကိန်းကို အကောင်အထည် ဖော်မည့် အီတာလျံ-ထိုင်းကုမ္ပဏီက အမေရိကန် ဒေါ်လာကိုးသန်း အကြွေးမပေးသွင်း သေးကြောင်း ထားဝယ်အထူးစီးပွားရေး ဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာမြင့်ဆန်းက ပြောသည်။ လက်ရှိတွင် ကနဦးစီမံကိန်းအဖြစ် လုပ်ငန်း ၉ ခုလုပ်ဆောင်နေပြီး ယင်း အတွက် လုပ်ဆောင်ခွင့်အတွက် ပေးသွင်းရမည့် Concession Fee အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သုံးသန်းကို ကော်မတီထံပေးသွင်းရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သို့ရာတွင် အီတာလျံ-ထိုင်းကုမ္ပဏီက ပထမတစ်နှစ်အတွက်သာ ပေးသွင်း ပြီး ကျန်သုံးနှစ်အတွက် ဒေါ်လာကိုးသန်း မပေးသွင်းသေးကြောင်း ဒေါက်တာ မြင့်ဆန်းက ပြောသည်။ “လုပ်ငန်းဆောင်ရွက်တယ်ဆိုရင် ဆောင်ရွက်သူက အစိုးရကို ပိုက်ဆံသွင်း ဖို့လိုတယ်။ အဲဒီအတွက်ကြောင့် နို့တစ် (သတိပေးစာ) […]

တနင်္သာရီနယ်စပ်ဝင်ပေါက်များတွင် ဝူဟန် ဗိုင်းရပ်စ် စတင်စစ်ဆေး

diz_admin

February 5, 2020

ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ် နေသည့် တနင်္သာရီတိုင်း၏ နယ်စပ်ဝင် ပေါက်များတွင် ဝူဟန်ဗိုင်းရပ်စ်ကူးစက် လူနာ ဝင်ရောက်မှု ရှိ/မရှိကို စတင် စစ်ဆေးနေပြီဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ထီးခီး၊ မောတောင်နှင့် ကော့သောင်းနယ်စပ်ဝင်ပေါက် သုံးခုရှိ သည်။ ကော့သောင်းနယ်စပ်တွင် ဇန်နဝါရီ ၂၆ ရက်တွင် စတင်စစ်ဆေးပြီး မောတောင် နှင့် ထီးခီးနယ်စပ်တွင်မူ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်စစ် ဆေးနေ ကြောင်း အထက်ပါ ဌာနထံမှ သိရ သည်။ ထိုင်းနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ခံရသူ ဇန်နဝါရီ ၃၁ ရက်နေ့နောက်ဆုံးစာရင်းအရ ၁၉ ဦး အထိရှိလာပြီဖြစ်သည်။ ထိုင်းနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် […]

တိုင်းအစိုးရ တည်ဆောက်ရေးလုပ်ငန်း အချို့ တင်ဒါမခေါ်၊ စည်းမျဉ်းစည်းကမ်းနှင့်မညီ

diz_admin

February 5, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့က တည်ဆောက်ရေးလုပ်ငန်းအချို့ ကို တင်ဒါမခေါ်၊ စည်းမျဉ်းစည်းကမ်း နှင့်မညီဘဲ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေး တွေ့ရှိရကြောင်း တိုင်းဒေသကြီး စာရင်း စစ်ချုပ်က တိုင်းလွှတ်တော်သို့ အစီရင်ခံ လာသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကျင်းပ သည့် တိုင်းလွှတ်တော် ပုံမှန်အစည်းအဝေး တွင် တင်ပြလာခြင်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာ လအထိ ၆ လအတွင်း တိုင်းအစိုးရအဖွဲ့မှ လုပ်ဆောင်ခဲ့သည့် “ဘဏ္ဍာရေး စည်းမျဉ်း၊ ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရ မည့် လုပ်ငန်းလမ်းညွှန်ချက်များ၊ တင်ဒါ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့် ကိုက်ညီမှုမရှိသည့် စစ်ဆေးတွေ့ရှိချက်များ”ကို အစီရင်ခံလာခြင်း ဖြစ်သည်။ ယင်းကာလမှာ လက်ရှိတွင် အဂတိ အမှု ၄ […]

ကြာဦးမည့် ထားဝယ်စီမံကိန်း

diz_admin

February 5, 2020

စီမံကိန်း ကြားနာပွဲမှ ကောက်နုတ်ဖော်ပြချက် ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ပတ်သက်သော ပြည်သူ့ကြားနာပွဲ တစ်ရပ်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၉ ရက်တွင် ထားဝယ်မြို့၌ ကျင်းပခဲ့ သည်။ ယင်းပွဲမှ အချက်အချို့ကို တနင်္သာရီ အပတ်စဉ် စာဖတ်ပရိသတ်များ အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ထားဝယ်စီမံကိန်း ကြန့်ကြာရသည့် အကြောင်း ၂၀၀၈ ခုနှစ်တွင် နားလည်မှုစာချွန်လွှာ ရေးထိုးကာ စတင်အကောင်အထည် ဖော်ခဲ့သော ထားဝယ်အထူးစီးပွားရေး ဇုန် စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် ရပ်နား ခဲ့သည်။ ထိုနောက် ထိုင်း-မြန်မာနှစ်နိုင်ငံ အစိုးရတို့ အကောင်အထည်ဖော်သော စီမံကိန်းအဖြစ် အသွင်ပြောင်းခဲ့ပြီး စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် ကြန့်ကြာလျက် ရှိသည်။ စီမံကိန်းကြန့်ကြာရခြင်းအကြောင်း အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယ ဥက္ကဋ္ဌ […]

ထားဝယ် နာရီစင်ဒီဇိုင်း အကြံပြုချက်တောင်း

diz_admin

January 30, 2020

ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီက ထားဝယ်မြို့၊ ရှမ္မလည်ဆွဲလမ်းဆုံတွင် နာရီစင်တည် ဆောက်ရန် ဒီဇိုင်းပုံစံလေးမျိုးကို ထုတ်ပြန်ပြီး ပြည်သူများ၏ အကြံပြုချက်ကို တောင်းခံလိုက်သည်။ ယင်းနာရီစင်ကို ရှမ္မလည်ဆွဲ ဆီဆိုင်အရှေ့ရှိ ပန်းခြံတွင် တည်ဆောက်ရန် လျာထားပြီး ဒီဇိုင်းအနေအထားအပေါ် ပြည်သူများ၏ အကြံပြုချက်တောင်းခံ ခြင်းဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။ “ပုံစံလေးမျိုးရှိတာပေါ့။ အဲဒါ အဆိုပြုချက်ပေါ့၊ လိုအပ်တာလေးတွေ ပြည်သူကို အကြံပြုနိုင်တယ်ဆိုပြီး ပေးထားတာပေါ့၊ ပြည်သူရဲ့ အသံကို နားထောင်တာပေါ့၊ အကြံပြုချက်တွေ ယူပြီးတော့ ဒီဇိုင်းတွေပြန်ပြီး ပြန်မွမ်းမံတာ လုပ်မှာပေါ့”ဟု ဦးအောင်ကိုဦးက ပြောသည်။ နာရီစင်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ငွေကျပ်သိန်း ၅၅၀ ခန့် အကုန်အကျခံ တည်ဆောက်ရန် လျာထားပြီး စည်ပင်သာယာရေးအဖွဲ့ကပင် တည်ဆောက်မည်ဖြစ်ကြောင်း ၎င်းက […]

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်း မပါဝင်

diz_admin

January 30, 2020

ထားဝယ်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးအသင်းကိုပါ ထည့်သွင်းကျင်းပမည်ဟု စီစဉ်ထားသော်လည်း မထည့်သွင်းတော့ကြောင်း ထားဝယ်မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနထံမှ သိရသည်။ အမျိုးသမီးဘောလုံးအသင်းတွင် ဝင်ရောက်အရွေးချယ်ခံမည့် ကစားသမားများ မရှိခြင်းကြောင့် ပြိုင်ပွဲတွင် အမျိုး သမီးအသင်းကို မထည့်သွင်းရန် ထားဝယ်တက္ကသိုလ်ဘက်မှ ဇန်နဝါရီလ ၂၃ ရက်က အကြောင်းကြားလာကြောင်း အထက်ပါဌာန အားကစားမှူး ဦးသန်းဇော်မိုးက ပြောသည်။ “အမျိုးသမီးကစားသမားတွေက မရှိဘူး။ တစ်သင်းစာကို မပြည့်ဘူးလို့ ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်းအတွက်ကြောင့် အဆိုပါ ဘောလုံးပြိုင်ပွဲကို အမျိုးသားအသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၂ ရက်အထိ ထားဝယ်မြို့ တိုင်းအားကစားတွင် တစ်နေ့နှစ်ပွဲနှုန်းဖြင့် ကျင်းပမည်ဖြစ် ကြောင်း ၎င်းက ပြောသည်။ ယင်းပြိုင်ပွဲကို […]