ထားဝယ်အထူးစီးပွားရေးဇုန် အတွက် လိမ်ညာအလုပ်ခေါ်က အရေးယူ မည်ဟုဆို
diz_admin
February 5, 2020ထားဝယ်အထူးစီးပွားရေးဇုန် အတွက် အလုပ်သမားလိမ်လည်ခေါ်ယူ နေကြောင်း စစ်ဆေးတွေ့ရှိပါက ဥပဒေ အရ အရေးယူမည် ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ တာဝန်ရှိသူများက ပြောသည်။ အထူးစီးပွားရေးဇုန်နှင့် ပတ်သက် ၍ လူထုကြားနာပွဲများ ပြုလုပ်ပြီးချိန်များ တွင် ယင်းကဲ့သို့ အလုပ်အကိုင် ခေါ်ယူ သည်ဟုဆိုကာ လိမ်လည်ခေါ်ယူမှုအချို့ ရှိခဲ့ဖူးသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန်အလုပ်ခေါ်နေသည်ဆိုသူများကို စုံစမ်း နေပြီး ထိထိရောက်ရောက် အရေးယူ နိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအဖွဲ့ဝင်နှင့် အထူးစီးပွားရေးဇုန် OSS အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်း က ဆိုသည်။ “မည်သည့် တစ်ဦးတစ်ယောက်ကို မှ အေးဂျင့်ခေါ်ထားခြင်း လုံး၀မရှိပါဘူး။ ITD အနေနဲ့လည်းမရှိကြောင်း အသိပေး ပြောကြား လိုပါတယ်ခင်ဗျား”ဟု ဦးထွန်းထွန်းဝင်းက ပြောသည်။ […]