ယမန်နှစ်ချန်ပီယံ တနင်္သာရီဘောလုံးအသင်း ကွာတားအဆင့်မှ လှည့်ပြန်
diz_admin
February 11, 2020တိုင်းနှင့်ပြည်နယ် အသက် ၂၁ နှစ် အောက် ဘောလုံးပြိုင်ပွဲ ယမန်နှစ်ချန်ပီယံ တနင်္သာရီတိုင်း ဘောလုံးအသင်းသည် ကွာတားဖိုင်နယ်တွင် ချင်းပြည်နယ် အသင်းကို ၂ ဂိုး၊ ၁ ဂိုးဖြင့် ရှုံးပြီး ပြိုင်ပွဲ မှ ထွက်ခွာသွားပြီဖြစ်သည်။ တနင်္သာရီတိုင်းအသင်းသည် အုပ်စုအတွင်း မကွေးတိုင်းအသင်းကို ၁ဂိုး၊ ဂိုးမရှိ၊ ကချင်ပြည်နယ်အသင်းကို ဂိုးမရှိသရေ၊ ရန်ကုန်တိုင်းအသင်းကို ၂ဂိုး၊ ၁ ဂိုးဖြင့် အနိုင်ရရှိပြီး အုပ်စုပထမ ဖြင့် နောက်တစ်ဆင့်ကို တက်လှမ်းနိုင် ခဲ့သော်လည်း ကွာတားတွင် ချင်းပြည် နယ်အသင်းကို ရှုံးသွားခဲ့သည်။ ကွာတားပွဲစဉ် ပထမပိုင်း ပွဲကစား ချိန်တစ်လျှောက်လုံး တစ်ဂိုးအသာဖြင့် ဦးဆောင်နေသော တနင်္သာရီတိုင်း အသင်းသည် ဒုတိယပိုင်း သွင်းဂိုးများ ဖြင့် ချင်းပြည်နယ်အသင်းကို အရှုံးပေး လိုက်ရခြင်း […]