ခြောက်နှစ်အတွင်း တနင်္သာရီတိုင်း လူဦးရေ ခုနစ်သောင်းကျော်တိုး
diz_admin
May 11, 2020ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူခဲ့သည့် ၂၀၁၄ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ခြောက်နှစ်ခန့်ကာလအတွင်း တနင်္သာရီတိုင်းလူဦးရေခန့်မှန်း ခုနှစ်သောင်းကျော် တိုးလာကြောင်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ထုတ်ပြန်ချက်တို့အရ သိရသည်။ ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ တနင်္သာရီတိုင်းတွင် အမျိုးသား ခုနစ်သိန်းကျော်(၇၀ဝ၆၁၉)၊ အမျိုးသမီး ခုနစ်သိန်းကျော်(၇၀၇၇၈၂) စုစုပေါင်း ၁၄ သိန်းကျော်(၁၄၀၈၄၀၁) ရှိသည်။ အထက်ပါ ဝန်ကြီးဌာနက နှစ်စဉ်ခန့်မှန်းတွက်ချက်ထုတ်ပြန်နေကျ တစ်နိုင်ငံလုံးလူဦးရေစာရင်းကို ဧပြီလ ၁ ရက်က ထုတ်ပြန်လိုက်ရာ တနင်္သာရီတိုင်းတွင် အမျိုးသား ခုနစ်သိန်းလေးသောင်း၊ အမျိုးသမီး ခုနစ်သိန်းငါးသောင်း စုစုပေါင်း ၁၅ သိန်းနီးပါး(၁၄၈၀ဝဝဝ) ရှိ နေသည်။ နှစ်စဉ်ထုတ်ပြန်နေကျ ခန့်မှန်းလူဦးရေစာရင်းသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းပါ လူဦးရေကိုအခြေခံကာ […]


