ကိုဗစ်ကြောင့် တိုင်းအတွင်း ဟိုတယ် ထက်ဝက်ကျော် ယာယီပိတ်
diz_admin
April 28, 2020ကိုဗစ်-၁၉ ကပ်ဘေးကာလတွင် ခရီးသွားလာမှု မရှိသလောက်ရပ်ဆိုင်းသွားခဲ့သည့်အတွက် တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ်ထက်ဝက်ကျော် ယာယီရပ်နားထားကြကြောင်း တိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တိုင်းအတွင်း ဟိုတယ်ခရီးဌာန လိုင်စင်ရှိ ဟိုတယ်/တည်းခိုရိပ်သာ ၄၆ လုံးရှိပြီး လက်ရှိတွင် ၂၂ လုံးသာ ဖွင့်တော့ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။ ဟိုတယ်အများစုက ယခုလအစောပိုင်းတွင် စတင်ပိတ်ကြခြင်းဖြစ်သည်။ ယခင်နှစ်များက ဧပြီလတွင် ခရီးသွားဝင်ရောက်မှု အများဆုံးလဖြစ်သော်လည်း လက်ရှိတွင် ကိုဗစ်-၁၉ ကြောင့် ခရီးသွားမရှိသလောက်နည်းသွားကြောင်း ဟိုတယ်ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ “အဓိကအားဖြင့်ကတော့ ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကဏ္ဍကတော့ ကိုဗစ်ကြောင့် အထိနာဆုံးကဏ္ဍလို့ပြောရင်တော့ ပြောလို့ရပါတယ်”ဟု ဦးညိုအေးက ပြောသည်။ အထက်ပါ ယာယီပိတ်ထားသည့် ဟိုတယ်အရေအတွက်မှာ ဟိုတယ်ခရီးဌာနထံ စာဖြင့် တရားဝင်အကြောင်းကြားထားသည့် အရေအတွက်ဖြစ်ပြီး […]