ဒေါက်တာလဲ့လဲ့မော်အမှု မေ ၂၂ တွင် အမိန့်ချမည်
diz_admin
May 11, 2020အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် စွဲချက်တင်ခံထားရသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အမှုကို မေလ ၂၂ ရက်နေ့တွင် အပြီးသတ်အမိန့်ချ တော့မည်ဖြစ်သည်။ တရားစတင်စွဲဆိုချိန်မှ ၁၄ လခန့် အကြာတွင် အပြီးသတ်အမိန့်ချမှတ်တော့မည်ဖြစ်သည်။ အမှု၏ ၆၂ ကြိမ်မြောက်ရုံးချိန်းဖြစ် သည့် မေလ ၈ ရက်နေ့တွင် အမှုနှင့်ပတ်သက် ၍ နှစ်ဘက်အပြီးသတ်လျှောက်လဲချက် ကြားနာပြီးနောက် အမိန့်ချမည့်ရက်ကို ချိန်းဆိုလိုက်ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက် ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှု လေးမှုဖြင့် စွဲချက်တင် ထားပြီး ယင်း အမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီ တာဝန်ရှိသူများ ပါဝင်ပြီး ၎င်းတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ […]