ထီးခီးတွင် မိုင်းဟောင်းပေါက်ကွဲပြီး တစ်ဦးသေဆုံး
diz_admin
July 27, 2020ထိုင်းနယ်စပ်အနီးရှိ ထီးခီးဒေသတွင် မိုင်းဟောင်းတစ်လုံးပေါက်ကွဲသဖြင့် ငှက်ပစ်ထွက်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ ထီးခီးဒေသတွင် ကျပန်းအလုပ်လုပ်ကိုင်နေသည့် အမျိုးသား ၃ ဦးက ဇူလိုင်လ ၂၂ ရက် ညတွင် မယ့်သမီးခီးချောင်းဖျားသို့ ငှက်ပစ်ထွက်ခဲ့ကြောင်း အထက်ပါရုံးထံမှ သိရသည်။ “ယခင်က မိုင်းဟောင်းတွေထောင် ထားတယ်ဆိုပြီးတော့ သွားရောက်ခြင်း မပြုဖို့ ကန့်သတ်ထားတဲ့နယ်မြေပေါ့။ နေရာကတော့ မယ့်သမီးခီးချောင်းဖျားကို ညအချိန် ငှက်ပစ်ထွက်တာပေါ့” ဟု ဒုတိုင်းရဲတပ်ဖွဲ့မှူးက ပြောသည်။ ယင်းည ၁၁ နာရီခန့်တွင် ငှက်ပစ်ထွက်သည့် အမျိုးသား ၃ ဦးအနက် အသက် ၃၇ နှစ်အရွယ် အမျိုးသားက မိုင်းနင်းမိပြီး ခြေပြတ်ဒဏ်ရာရရှိကာ အခြားအမျိုးသားတစ်ဦးက ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ မိုင်းပေါက်မှုကြောင့် ဒဏ်ရာပြင်းထန်သည့်အမျိုးသားကို အတူသွားသည့် […]


