ထားဝယ်လူမိုက်အဖွဲ့ဖမ်းမိ၊ နောက်တစ်ကြိမ်ဖမ်းမိပါက မည်သူ့မျက်နှာမျှ မထောက်ဟု နယ်/လုံဝန်ကြီးပြော
diz_admin
June 29, 2020လူငယ်အများစုဖြင့် ဖွဲ့စည်းထား သည့် ထားဝယ်လူမိုက်အဖွဲ့ဝင်အချို့ကို ဖမ်းမိခဲ့ပြီးနောက် နောက်တစ်ကြိမ်မကျူးလွန်ရန် ခံဝန်ထိုးစေကာ မိဘများထံ ပြန်အပ်ခဲ့သည်။ ထိုကဲ့သို့ဖမ်းမိသည့် အဖွဲ့မှာ Dawei Punk ဟု အမည်ပေးထားပြီး အဖွဲ့ဝင်အများစုမှာ အသက် ၁၈ နှစ် မပြည့်ကြပေ။ အဆိုပါ Dawei Punk အဖွဲ့ကို ဖျက်သိမ်းရန်နှင့် နောက်တစ်ကြိမ်ထပ်မံ ကျူးလွန်ပါက မည်သူ့မျက်နှာမျှ ထောက်ထားမည်မဟုတ်ဘဲ ပြတ်ပြတ်သားသား အရေးယူတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောကြားသည်။ ထိုလူငယ်အုပ်စုသည့် ဇွန်လ ၂၁ ရက်နေ့က ထားဝယ်မြို့မှ ရေဖြူမြို့နယ်ဘက်သို့ ဆိုင်ကယ်အစီးရေ ငါးဆယ် ဝန်းကျင်ဖြင့် အုပ်စုဖွဲ့ကာ လမ်းအပြည့် စီးနင်းလာသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ အချို့ဆိုင်ကယ်များတွင် သုံးဦးစီး နင်းလိုက်ပါလာပြီး အချို့တွင် […]


