ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဓာတ်ခွဲနမူနာယူထားသူတစ်ဦး အဖြေမသိရသေးခင် ကွာရန်တင်းစခန်းမှထွက်ပြေး

diz_admin

September 17, 2020

ကွာရန်တင်းဝင်နေသူတစ်ဦး ကိုဗစ်ဓာတ်ခွဲမူနာယူထားပြီး အဖြေမသိရသေးခင် ဒီနေ့(စက်တင်ဘာ ၁၇) နံနက်ပိုင်းက ထွက်ပြေးသွားခဲ့ကြောင်း ယင်းစောင့်ကြည့်ရေးစခန်း တာဝန်ခံ ဦးသန့်လွင်က ပြောသည်။ ယင်းအမျိုးသားသည် ထိုင်းနိုင်ငံမှ ပြန်ရောက်လာပြီး လောင်းလုံးမြို့၊ မိုးကုတ်ရိပ်သာတွင် ကွာရန်တင်းဝင်နေသည်မှာ ဆယ်ရက်ခန့်ရှိပြီဖြစ်သည်။စက်တင်ဘာလ ၁၆ ရက်က ၎င်းအမျိုးသားအား ဓာတ်ခွဲနမူနာယူကာ စစ်ဆေးခဲ့ပြီး အဖြေမထွက်ရှိသေးမီ ထွက်ပြေးသွားခြင်းဖြစ်သည်။ “မနက် ၈ နာရီလောက်မှာ ပျောက်ထွက်သွားတယ်။ အခုမွန်းတည့်မှ ထွက်ပြေးသွားပြီဆိုတာကို သိရတာပေါ့” ဟု ဦးသန့်လွင်က စက်တင်ဘာလ ၁၇ ရက် နေ့လယ် ၁ နာရီကျော်တွင် တနင်္သာရီအပတ်စဉ်အား ပြောကြားသည်။ ကိုဗစ် ၁၉ ရောဂါ အချင်းချင်းမကူးရလေအောင် ယင်းအမျိုးသားသည် ရေဖြူမြို့နယ်၊ တလိုင်းယားကျေးရွာရှိ ရာဘာခြံတစ်ခုထဲသို့ရောက်ရှိသွားပြီး ယင်းမှတစ်ဆင့် ဆိုင်ကယ်မောင်းထွက်သွားကြောင်း ထွက်ပြေးသွားသူ၏ အစ်ကိုက ဦးသန့်လွင်သို့ […]

လောင်းလုံးဆေးရုံအဆောင်သစ် ယခုလကုန် စသုံးမည်

diz_admin

September 17, 2020

ယခင်လောင်းလုံးမြို့နယ်ဆေးရုံအဆောင်အဟောင်း အနောက်ဘက်တွင် တည်ဆောက်ထားသည့် နှစ်ထပ်ဆေးရုံ အဆောင်အသစ်ကို ယခုလကုန်တွင် စတင်အသုံးပြုတော့မည်ဖြစ်ကြောင်း ယင်းဆေးရုံအုပ် ဒေါက်တာမင်းညွန့်ဝင်း က ပြောသည်။ လက်ရှိအသုံးပြုနေဆဲ အဆောင်အဟောင်းရှိ ဓာတ်ခွဲခန်း၊ လူနာအဆောင်များမှာ ဟောင်းနွမ်းပြီး ကျပ်တည်းနေသဖြင့် အဆောင်အသစ်ကို ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း ဒေါက်တာ မင်းညွန့်ဝင်းက ပြောသည်။ မြန်မြန် လာခေါ်ကြပါ ယင်းဆေးရုံသည် ၂၅ ကုတင်ဆံ့ ဆေးရုံတစ်ခုဖြစ်သော်လည်း အဆောင်အသစ်ကို စတင်အသုံးပြုပါက ယင်း ပမာဏထက် လူနာဦးရေတိုးပြီး ကုသနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အဆောင်အသစ်က ခပ်ကျယ်ကျယ် ဝန်းဝန်းလေးနဲ့ တော်တော်ကြီးကြီး မားမားလေးပါ” ဟု ၎င်းကဆိုသည်။ အဆောင်အဟောင်းတွင်မူ ပြည်သူ့ကျန်းမာ၊ အစည်းအဝေးခန်းမ၊ သွားဆေးကုခန်း၊ ပစ္စည်းသိုလှောင်ရုံ စသည့်ဖြင့် ဆက်လက်အသုံးပြုမည်ဖြစ်သည်။ ဆေးရုံ အဆောင်အသစ်နှင့်အတူ လေးခန်းတွဲ သုံးထပ် သူနာပြုအဆောင်အသစ်တစ်ခုလည်း […]

ကိုဗစ်ကြောင့် ကွန်ပျူတာရောင်းအားတက်

diz_admin

September 17, 2020

ကိုဗစ်ကာလအတွင်း ကွန်ပျူတာ ရောင်းအားမှာ မြင့်တက်ခဲ့ကြောင်း ထားဝယ်မြို့ အီလက်ထရောနစ်ဈေးကွက်မှ စုံစမ်းသိရှိရသည်။ ကိုဗစ်ကာလတွင် အွန်လိုင်းဆွေး နွေးပွဲများနှင့် အွန်လိုင်းမှ စာသင်ကြားမှုများကြောင့် ကွန်ပျူတာဝယ်ယူအသုံးပြုသူမှာ ကိုဗစ်မဖြစ်ခင်ကထက် ၇၅ ရာခိုင်နှုန်းခန့်အထိ ရောင်းအားတက် လာကြောင်း DCOM ကွန်ပျူတာ အရောင်းဆိုင်ပိုင်ရှင် ဦးရန်ပိုင်က ပြောသည်။ “ရှင်းရှင်းပြောမယ်ဆိုရင် ပစ္စည်းက ကုမ္ပဏီက သွင်းကို မနိုင်ဘူးတော့ဘူး ပေါ့နော်။ ကျွန်တော်တို့ လုနေရတဲ့အဆင့် ထိ ဖြစ်သွားတယ်ပေါ့နော်” ဟု ဦးရန်ပိုင် က ဆိုသည်။ ကိုဗစ်မဖြစ်ခင်က တစ်လလျှင် အလုံး ၃၀ ဝန်းကျင်ခန့်သာ ‌ရောင်းရသော်လည်း ကိုဗစ် ပထမလှိုင်းမှ စတင်ကာ ပစ္စည်း ရောက်လာသည်နှင့် ကုန်နေသဖြင့် အလုံးရေကို ခန့်မှန်း၍မရကြောင်း ၎င်းက ပြောသည်။ ၀ဥဈေး ကျပ်သုံးရာခန့် […]

ရေဖြူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ် ဖျက်ဆီးခံရ

diz_admin

September 17, 2020

ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာ အုပ်စု၊ သဗြေဇွန်းရွာတွင် ဘုန်းကြီးကျောင်းအနီး စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တစ်ခုမှာ စက်တင်ဘာလ ၁၁ ရက်ည ဆယ်နာရီ ဝန်းကျင်တွင် ဖျက်ဆီးခံလိုက်ရကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ စက်တင်ဘာလ ၁၀ ရက်က စိုက်ထူထားသောဆိုင်းဘုတ်မှာ နောက်တစ်နေ့ညပိုင်းတွင် ဖျက်ဆီးခံလိုက်ရခြင်းဖြစ်သည်။ “လူဖျက်ဆီထားတာလို့ ပြောလို့ ရတယ်။ လေကြောင့် လဲကျသွားတာမျိုး မဟုတ်ဘူး” ဟု ပုဂေါဇွန်းအုပ်ချုပ်ရေးမှူး ဦးယူစွမ်က ဆိုသည်။ သစ်သားတိုင်နှစ်တိုင်ဖြင့် စိုက်ထူထားသည့် ဆိုင်းဘုတ်၏ တိုင်တစ်ဘက်ကို ဆွဲနုတ်ထားပြီး ကျိူးနေသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။ ယင်းဆိုင်းဘုတ်ဖျက်ဆီးခံရသည့် ကိစ္စကို ရေဖြူမြို့မရဲစခန်းထံတိုင်ကြားထားကြောင်း ရေဖြူမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးနိုင်ဦးက ပြောသည်။ “ကျွန်တော်ကတော့ ဒီကိစ္စကို ထိထိ ရောက်ရောက်အရေးယူခိုင်းမယ့် အစီအစဉ်ရှိတယ်” ဟု ၎င်းက […]

တက္ကသိုလ် ဆရာ၊ ဆရာမများကို ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်

diz_admin

September 17, 2020

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာ၊ ဆရာမများကို ဆရာများ သမဂ္ဂကွန်ရက်မှ ကျန်းမာရေးစရိတ် ထောက်ပံ့ပေးမည်ဖြစ်ကြောင်း ယင်း သမဂ္ဂထံမှ သိရသည်။ သာမန် ဖျားနာမဟုတ်သည့် နည်တာရှည်ရောဂါ၊ ခွဲစိတ်ကုသရန်လို အပ်သောရောဂါများနှင့် ဆေးရုံ၊ ဆေးခန်းသို့ တက်ရောက်ကုသရန်လိုအပ်သော ရောဂါများအတွက် ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ကြောင်း ဆရာများသမဂ္ဂ ကွန်ရက် ဒုဥက္ကဋ္ဌ ဦးလှိုင်တင့်က ပြောသည်။ မြိတ်ခရိုင် ၈၈ မျိုးဆက်က ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဆွေးနွေး “စတင်နိုင်မယ့် အချိန်ကတော့ အောက်တိုဘာငါးရက်နေ့ပေါ့။ ကမ္ဘာ့ ဆရာများနေ့မှာ ဒီအစီအစဉ်ကို စတင် နိုင်ဖို့ လျာထားပါတယ်။ အရင်ဆုံး ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ဝင်တော့ လုပ်ရပါမယ်” ဟု ဦးလှိုင်တင့်က ပြောသည်။ တက္ကသိုလ် ဆရာ၊ ဆရာမအများစုမှာ ကျန်းမာရေးမကောင်းပါက ငွေကုန် ကြေးကျများသဖြင့် ဆေးရုံ၊ ဆေးခန်းသို့ […]

အတည်ပြု ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်း၏ ထူးခြားချက်များ

diz_admin

September 17, 2020

ထားဝယ်မြို့ပြ ဖွံ့ဖြိုးရေးစီမံကိန်းအပိုင်း (၁) ကို စက်တင်ဘာလ ၇ ရက်က ပြုလုပ်သော တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါမြို့ဖွံ့ဖြိုးရေးစီမံကိန်း၏ ထူးခြားချက်များကို တိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စီးပွားရေး ကော်မတီ၏ အစီရင်ခံစာအား ကိုးကားပြီး အများပြည်သူသိရှိရန်အတွက် ထုတ်နုတ်ဖော်ပြပေးပါမည်။ အဆိုပါ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း တည်နေရာအပိုင်း(၁)မှာ ထိန်သစ်ရပ်ကွက် ကမြောကင်းလမ်းနှင့် ဆိပ်ကမ်းသာလမ်း(ကမ်းနားလမ်း) အကြားတွင် တည်ရှိသည်။ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို သုံးလနောက်ဆုတ်ပေး ယင်းမြို့ပြစီမံကိန်းအား အရှေ့ဘက်တွင် ထိန်သစ်ရပ်ကွက်၊ အနောက်ဘက်တွင် ထားဝယ်မြစ်၊ တောင်ဘက်တွင် ရွှေဂူချောင်းနှင့် ဆန်းချီရပ်ကွက်၊ မြောက်ဘက်တွင် ထားဝယ်မြစ်တို့က ဝန်းရံထားကြသည်။ စီမံကိန်းအား အဆင့်နှစ်ဆင့် ထပ်ခွဲထားသည်။ အဆင့် (၁) နေရာမှာ ဆန်းချီချောင်းအောက်ဘက်(တောင်ဘက်)၊ အဆင့်(၂) နေရာမှာ ဆန်းချီချောင်း […]

မြေယာပြဿနာအရေး ဌာနဆိုင်ရာတွေ မရိုးမသားလုပ်နေသလား

diz_admin

September 16, 2020

စက်တင်ဘာလ ၁၁ ရက်ကပြုလုပ်တဲ့ တိုင်းလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်ဥက္ကဋ္ဌပြောဆိုလိုက်တဲ့ စကားတစ်ခွန်းကြောင့် တိုင်းအတွင်းက မြေယာပြဿနာတွေကို ဌာနဆိုင်ရာတွေက‌ ဖြေရှင်းတဲ့နေရာမှာ မှန်ကန်မှု မရှိဘဲ ဘက်လိုက်ဆောင်ရွက်နေတာ တွေရှိနေသလားဆိုတာ မေးခွန်းထုတ် စရာရှိလာပါတယ်။ တိုင်းလွှတ်တော် မြေယာအငြင်းပွား မှုစောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့က တင်သွင်းတဲ့ အစီရင်ခံစာလေးစောင်နဲ့ ပတ်သက်ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက အောက်ပါအတိုင်း ပြောဆိုခဲ့ပါတယ်။ “မြေယာပြဿနာများ ပေါ်ပေါက်အောင် တမင်ရည်ရွယ်ချက်နှင့် မမှန်မကန် ဘက်လိုက်ဆောင်ရွက်နေသူ နိုင်ငံ့ ဝန်ထမ်းများကိုလည်း ထိရောက်စွာ ဖော်ထုတ်အရေးယူပေးပါလို့ ထောက်ပြ လိုပါတယ်” ပိုလျှံရန်ပုံငွေများ ဖောင်းပွနေကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဝေဖန် ဌာနဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်းများ ဆိုတဲ့နေရာမှာ မြေယာပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ ပါဝင်ပတ်သက်တဲ့ ဌာနဆိုင်ရာက ဝန်ထမ်း အဆင့်ဆင့်ကို ဆိုလိုပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက အဲဒီစကားကို ပြောဆိုခဲ့တဲ့အကြောင်းကို ဆက်ပြောရရင် […]

ပိုလျှံရန်ပုံငွေများ ဖောင်းပွနေကြောင်း လွှတ်တော်ဒုဥက္ကဋ္ဌ ဝေဖန်

diz_admin

September 16, 2020

တိုင်းအတွင်းရှိ ဌာနဆိုင်ရာအသီးသီးက ဆောင်ရွက်မည့်လုပ်ငန်းများအတွက် တောင်းခံထားပြီး သတ်မှတ်ကာလအတွင်း မလုပ်နိုင်သဖြင့် ရန်ပုံငွေများ ဖောင်းပွသည်အထိ ပိုလျှံနေကြောင်း လွှတ်တော် ဒုတိယဥက္ကဋ္ဌက ဝေဖန်ထောက်ပြလိုက်သည်။ စက်တင်ဘာလ ၁၁ ရက်က ပြုလုပ်သော တိုင်းလွတ်တော် ပုံမှန်အစည်းအဝေးတွင် တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချို တင်သွင်းသည့် အထွေထွေပိုလျှံရန်ပုံငွေ လွှဲပြောင်းသုံးစွဲခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာအပေါ် လွှတ်တော်ဒုတိယ ဥက္ကဋ္ဌ ဦးကြည်စိုးက ဝေဖန်ထောက်ပြ လိုက်ခြင်းဖြစ်သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သတ်မှတ်ကာလအတွင်း ဌာနဆိုင်ရာအသီးသီးမှ လုပ်ငန်းမဆောင်ရွက်နိုင်သဖြင့် အပ်နှံလာသည့် အထွေထွေပိုလျှံရန်ပုံငွေ သိန်းပေါင်း တစ်သောင်းကျော်ရှိကြောင်း ဝန်ကြီးဒေါ်ရီရီချို တင်သွင်းသည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်ခြင်းကို သုံးလနောက်ဆုတ်ပေး အဆိုပါပြန်အပ်ပိုလျှံရန်ပုံငွေ သိန်းတစ်သောင်းကျော်အထဲတွင် တင်ဒါပို လျှံငွေ၊ လုပ်ငန်းမဆောင်ရွက်နိုင်တော့သဖြင့် ပြန်အပ်ငွေ၊ မသုံးစွဲနိုင်တော့သည့် […]