ရေဖြူတွင် စစ်တပ်နှင့်တောင်သူတို့ မြေယာပြဿနာဖြစ်ပွား
diz_admin
July 1, 2020ရေဖြူမြို့နယ် မီကျောင်းလှောင်ရွာ ဟောင်းအနီးတွင် ဒေသခံများစိုက်ပျိုးထားသော ဥယျာဉ်ခြံကိစ္စနှင့်ပတ်သတ်ပြီး ဇွန်လ ၂၅ ရက်က စစ်တပ်နှင့် ဒေသခံတို့ ပြဿနာဖြစ်ပွားခဲ့ကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ စစ်တပ်ပိုင်မြေပေါ်တွင် ဝင်ရောက် စိုက်ပျိုး၊ နေထိုင်သည်ဟုဆိုကာ ဥယျာဉ်ခြံထဲတွင် စိုက်ပျိုးထားသော အပင်အချို့ကို ခုတ်လှဲခဲ့ပြီး ခြံစောင့်တဲငါးလုံးခန့်ကိုလည်း မီးရှို့ခဲ့ကြောင်း ယင်းပြဿနာ ဖြစ်ပွားရာတွင် ပါဝင်သည့် တောင်သူဦးဝင်းမဲက ပြောသည်။ အမှတ် ၂၈၂ ခြေမြန်တပ်ရင်းနှင့် အမှတ် ၃၀၇ အမြောက်တပ်ရင်းတို့မှ တပ်ဖွဲ့ဝင် ၁၇ ဦးက ယင်းကဲ့သို့လာ ရောက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဝင်းမဲက ပြောသည်။ “ကျွန်တော်နေတဲ့ အိမ်လည်း သူတို့က မီးရှို့မလို့ပဲ။ ကျွန်တော်က တောင်းပန်လိုက်တယ်။ ရွာထဲမှာလည်း နေရာမရှိလို့ ခဏထားပေးပါဦးဆိုပြီး ပြောလိုက်တယ်။ ကျန်တဲ့သူတွေကတော့ ဘာမှ မပြောတော့ဘူး။ […]


