မူးယစ်ဆေးသမား ခိုအောင်းသဖြင့် လေယာဉ်ကွင်းချုံများ ရှင်း
diz_admin
October 19, 2020ထားဝယ်လေယာဉ်ကွင်းနှင့် တိုင်းအားကစားကွင်းဘေးရှိ နေရာတွင် ထူထပ်စွာပေါက်ရောက်နေသည့် ချုံနွယ်များအတွင်း မူးယစ်ဆေး ဝင်ရောက် သုံးစွဲသူများ ရှိသည့်အတွက် ရှင်းလင်းခြင်းကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။ အဆိုပါနေရာမှာ ယခင်က အမှတ် ၂၅ ခြေလျင်တပ်ရင်းနေရာဖြစ်ခဲ့ဖူးပြီး လေယာဉ်ကွင်းတိုးချဲ့ချိန်တွင် ပြောင်းရွှေ့သွားခဲ့ခြင်းဖြစ်သည်။ ခြေလျင်တပ်ရင်း ပြောင်းရွှေ့ပြီးနောက်ပိုင်းတွင် ချုံနွယ်များ ထူထပ်စွာ ပေါက်ရောက်နေခဲ့သည်။ မေဃဝတီဆရာတော် ကိုဗစ်ပိုး ကူးစက်ခံရ၊ ကျန်းမာရေး ကောင်းမွန် အဆိုပါနေရာတွင် မူးယစ်ဆေး သုံးစွဲသူများက ဝင်ရောက်သုံးစွဲနေကြ သည့်အတွက် ၎င်း၏အစီအစဉ်ဖြင့် ရှင်းလင်းနေခြင်းဖြစ်ကြောင်း ဦးအောင်စိုးမိုး က ဆိုသည်။ “အခုတော့ သာယာသွားပြီလေ။ သာယာသွားပြီဆိုတော့ ဘာလုပ်မလဲ ဆိုတာ ပုံဖော်မှာကတော့ ပြီးမှ စဉ်းစားမယ်” ဟု ၎င်းက ပြောသည်။ အဆိုပါနေရာမှာ လေယာဉ်ကွင်း ပိုင်မြေနေရာဖြစ်ပြီး ထားဝယ်ဒေသခံ […]


