ဖမ်းဆီးခံလယ်သမားနှစ်ဦးသာ အာမခံရ
diz_admin
October 13, 2020ထားဝယ်မြို့တွင် လယ်ယာမြေ ပြဿနာကြောင့် ဖမ်းဆီးခံထားရသည့် လယ်သမားခုနစ်ဦးအနက် နှစ်ဦးသာ အာမခံရရှိခဲ့ကြောင်း ဖမ်းဆီးခံလယ်သမားမိသားစုဝင်အချို့ထံမှ သိရသည်။ ဆန်းချီတိုးချဲ့ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါပြဿနာတွင် မူလပိုင်ရှင်ဟုဆိုသည့် လယ်သမား မိသားစုနှင့် ဝန်းရံသည့် လယ်သမားအချို့ကို လက်ရှိပိုင်ရှင်ဟုဆိုသူများက အမှုဖွင့်ထားခြင်းဖြစ်သည်။ ဖမ်းဆီးခံလယ်သမားများကို ထားဝယ် ရဲစခန်းတွင် အမှုနှစ်မှုဖွင့်ထားသည်။အဆိုပါလယ်သမားခုနစ်ဦးကို စွဲဆိုခဲ့သည့် ပထမအမှုတွင် လက်ရှိပိုင်ဆိုင်ထားသည့် မြေပိုင်ရှင်ဆိုသူမှ အလုပ်သမားများနှင့်အတူ စက်တင်ဘာလ ၂၃ ရက်နေ့က ခြံစည်းရိုးကာရံနေစဉ် အဆိုပါ လယ်သမားများရောက်ရှိလာပြီး ဟန့်တားနှောင့်ယှက်ခြင်း၊ ဆဲဆိုခြင်း၊ စိုက်ထားသည့်ခြံစည်းရိုးတိုင်များကို ဆွဲနုတ်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ဖမ်းဆီးခံလယ်သမားများ လူ့အခွင့်အရေးနှင့်အညီ ဖြေရှင်းခွင့်ပေးရန် ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌထံ အကူအညီတောင်း ဒုတိယအမှုမှာ လယ်သမားများက အခင်းဖြစ်မြေတွင် ကြိုတင်စောင့်ဆိုင်းပြီး ခြံစည်းရိုးလုပ်ငန်း လုပ်နေသည့်ကားကို တုတ်၊ ကျောက်ခဲတို့ဖြင့် […]


