သုံးနှစ်ကျော်မှရသည့် ကြက်ငှက်တုပ်ကွေး ထောက်ပံ့ငွေ၊ ကိုဗစ်ကြောင့်သာ ရရှိခဲ့ဟုဆို
diz_admin
September 24, 2020လွန်ခဲ့သည့် သုံးနှစ်ကျော်က ထားဝယ် တွင်ဖြစ်ပွားခဲ့သည့် အပြင်းစားကြက် ငှက်တုပ်ကွေးရောဂါ (H5N1) ကြောင့် သုတ်သင်ခဲ့ရသည့် ကြက်များအတွက် ထောက်ပံ့ကြေးငွေ သိန်းတစ်ထောင်ကျော် (၁၄၂၅ သိန်း) ရရှိခဲ့ကြောင်း တိုင်းမွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ထံမှ သိရသည်။ ယင်းထောက်ပံ့ကြေးငွေများကို ကြက်ငှက်တုပ်ကွေးကြောင့် ဖြစ်ပွားချိန်ကတည်းက တရားဝင်း သတင်းပို့ထားသူ ကြက်ခြံပိုင်ရှင် ၁၈ ဦးအား စက်တင်ဘာလအတွင်း ထောက်ပံ့ပေးထားပြီးဖြစ်ကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဒေါက်တာခင်ဥမ္မာလွင်က ပြောသည်။ ဆိုင်များ နှာခေါင်းစည်းမတပ်ဘဲ ရောင်းချပါက ရောင်းခွင့်တစ်လ ပိတ်သိမ်းသည့်အပြင် ငွေဒဏ်ပါ ပေးဆောင်ရမည် သက်ဆိုင်ရာဌာနသို့ အကြောင်းကြားခြင်းမရှိဘဲ တိပ်တဆိတ် သုတ်သင်လိုက်သည့် ကြက်များအတွက်မူ ထောက်ပံ့ကြေးရမည် မဟုတ်ပေ။ တိုင်းအစိုးရသည် ကြက်ငှက်တုပ် ကွေးထောက်ပံ့ငွေအတွက် နိုင်ငံတော်သမ္မတအထူးရန်ပုံငွေမှရရှိရန် နှစ်ကြိမ် ထက်မနည်း တောင်းခံပေးခဲ့ဖူးသည်။ ယင်းထောက်ပံ့ကြေးငွေမှာ […]


