မေဃဝတီဆရာတော် ကိုဗစ်ပိုး ကူးစက်ခံရ၊ ကျန်းမာရေး ကောင်းမွန်
diz_admin
October 19, 2020ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ကျောင်းထိုင်နေသည့် မေဃဝတီ ဆရာတော်မှာ ကိုဗစ်ရောဂါကူးစက်ခံ ရပြီး ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ဆရာတော်မှာ ထားဝယ်သားဖြစ်သည့်အပြင် စာရေးဆရာတစ်ဦးလည်း ဖြစ်သည်။ လောင်းလုံးမြို့နယ်၊ သဝင်ကျေးရွာမှ ကိုဗစ်ပိုးတွေ့လူနာများ ရန်ကုန် တွင် ဆေးကုသမှုခံယူစဉ်က မေဃဝတီ ကျောင်းတိုက်တွင် ခဏတာ တည်းခိုနေ ထိုင်ခဲ့ဖူးသည်။ သဝင်ကျေးရွာသားများ ရွာပြန်သွားပြီး များမကြာခင် ဆရာတော်မှာ နေထိုင်မကောင်းဖြစ်လာသဖြင့် အာရှ တော်ဝင်ဆေးရုံသို့ ပြသခဲ့သည်။ ယင်းနောက် ကိုဗစ်ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ၁၃ ရက်တွင် ရန်ကုန်အနောက်ပိုင်းခရိုင် ဆေးရုံသို့ ပြောင်းလဲဆေးကုသမှုခံယူနေခြင်း ဖြစ်သည်။ အောက်တိုဘာလ ၁၆ ရက်က ဆရာတော်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ ကျန်းမာရေးကောင်းမွန်နေကြောင်း မိန့်ကြားခဲ့သည်။ “ကျန်းမာရေးကောင်းပါတယ်။ ဖျားလည်းမဖျားတော့ဘူး။ ခေါင်းလည်း မကိုက်တော့ဘူး။ […]

 
                     
                     
                     
                    
