ကားလမ်းအပေါ်မှ ကျောက်သယ်စက်ကိရိယာကိစ္စ စစ်ဆေးမည်
diz_admin
February 4, 2021ရေဖြူမြို့နယ် ဇာဒီကျေးရွာအုပ်စု ခရင်းချောင်းကျေးရွာရှိ လမ်းခင်း ကျောက်တုံးကဲ့သို့သော ကျောက်တုံးများကို သယ်ယူရန်အတွက် ကားလမ်းအပေါ် ဖြတ်ဆောက်ထားသော စက်ကိရိယာ ကိစ္စ စစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန တိုင်းဦးစီးမှူး က ပြောသည်။ ယင်းကျောက်သယ်စက်ကိရိယာကို Rock Mountain ကုမ္ပဏီက ကျောက်တုံးများသယ်ယူရန်အတွက် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အဆိုပါကုမ္ပဏီသည် ကျောက်တောင်မှ ထွက်ရှိလာသော ကျောက်တုံးများကို ဒေသအခေါ် တရုတ်ဆိပ်ကမ်းခြေမှ တစ်ဆင့် ရန်ကုန်မြို့သို့ သင်္ဘောဖြင့် တင်ပို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျောက်တောင်မှထွက်လာသည့် ကျောက်တုံးများကို တရုတ်ဆိပ်ကမ်းခြေသို့ သယ်ယူရန်အတွက် ခရင်းချောင်းနှင့် ထွက်ဝကျေးရွာသို့သွားသော ကျေးရွာ ချင်းဆက်လမ်းကို အပေါ်မှဖြတ်ကာ ရွေ့လျားတံတား ပုံစံဆောက်လုပ်ထား ခြင်းဖြစ်သည်။ ကျောက်များကိုသယ်ယူချိန် လမ်းဖြတ်ကူးမိပါက ကျောက်တုံးများ အပေါ်က ပြုတ်ကျလာမည်ကို […]


