လောင်းလုံးအင်းဖျားကန်ပန်းခြံ ၇၅ ရာခိုင်နှုန်း ပြီးစီး
diz_admin
October 25, 2020လောင်းလုံးမြို့ (က) ရပ်ကွက် ပန်းတောဝလမ်းနှင့် ဖိုးရှင်လမ်းတွင် ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှ စတင်တည် ဆောက်နေသည့် အင်းဖျားကန်ပန်းခြံ သည် ၇၅ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း ပြီးစီးသေးကြောင်း ယင်းမြို့နယ် စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။ နှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် တွင် တည်ဆောက်နေရသဖြင့် အချိန်ကြာ နေခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကျော်ဌေးက ပြောသည်။ “လုပ်စရာတွေကတော့ အများကြီး ကျန်သေးတယ်။ ဖြေးဖြေးလုပ်နေရတာ ပေါ့နော်” ဟု ဦးကျော်ကျော်ဌေးက ဆိုသည်။ ပန်းခြံ ခြံစည်းရုံးခတ်ခြင်း၊ ပန်း အလှစိုက်ပျိုးခြင်း စသည့်လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ကျန်နေသေးကြောင်း ၎င်းက ပြောသည်။ပန်းခြံအတွင်း လျှောက်လမ်းနှင့် ထီးမိုးထိုင်ခုံများ ဆောင်ရွက်ထားသည် ကိုတွေ့ရသည်။ အင်းဖျားကန်ပန်ခြံသည် လောင်းလုံးမြို့နယ်တွင် တစ်ခုတည်းသောပန်း ခြံတစ်ခုဖြစ်သည်။ […]

 
                     
                     
                    
