တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်အတည်ပြု လူနာသစ် ၁၁ ဦးတိုး
diz_admin
February 8, 2021တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၁ ဦးတိုးလာကြောင်း တိုင်းဒေသကြီးပြည် သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းတွင် ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၇၆၇ ဦးရှိပြီး ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အတည်ပြုလူနာ ၇၇၈ ဦးရှိလာပြီး ဆေးရုံတက်ကုသနေသူ ၁၃ ဦးရှိကြောင်း အထက်ပါဌာနက ထုတ်ပြန်ထားသည်။ တစ်ပတ်အတွင်း အတည်ပြုလူနာ သစ် ၁၁ ဦးတိုးလာခြင်းဖြစ်ပြီး ယခင် အပတ်များကထက် ကိုဗစ်အတည်ပြု လူနာသစ်တွေ့ရှိမှုများနည်းလာသည်။ တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ်တွေ့ရှိမှုနှင့်ပတ်သက်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေ ဆိုသူနှင့် လက်ခံဖြေကြားသူမရှိပါ။ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြု လူနာစုစုပေါင်း ၁၄၀၉၂၇ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ ၁၂၆၃၈၄ ဦးနှင့် သေဆုံးသူလူနာမှာ […]


