အောင်ဘာလေထီ နှစ်ဘက်ညှပ်
diz_admin
February 24, 2021တပ်အာဏာသိမ်းပြီးနောက်ပိုင်း အောင်ဘာလေထီ ရောင်းချသူတို့မှာ တစ်ဘက်တွင် ရောင်းအားထိုးကျ နေသည့်အပြင် တစ်ဘက်တွင် ကြိုသွင်း ထားရသည့် စပေါ်ငွေများကြောင့် နှစ်ဘက်ညှပ် အခက်တွေ့နေရသည်ဟု စုံစမ်း သိရှိရသည်။ ကိုဗစ်ကာလအတွင်း ပြည်သူတို့၏ စီးပွားရေးကျပ်တည်းမှုတို့ကြောင့် ထီမရောင်းရဘဲ အရှုံးပေါ်ခဲ့ရသည့် ထီဆိုင်ပိုင်ရှင်များမှာ အာဏာသိမ်းပြီးနောက်တွင်လည်း အရှုံးနှင့်ထပ်မံရင်ဆိုင်နေရကြောင်း ထားဝယ်မြို့ရှိ ထီဆိုင်ပိုင်ရှင် အချို့က ဆိုသည်။ တပ်ကအာဏာသိမ်းထားသည့် ကာလအတွင်း ထားဝယ်မြို့ရှိ အောင်ဘာ လေထီဆိုင်များသည် ဈေးဦးမပေါက်သူ၊ မှာယူထားသည့် ထီစာအုပ်၏ သုံးပုံတစ် ပုံပင်ရောင်းမကုန်သူတို့ဖြစ်ပေါ်နေကြသည်ဟု ၎င်းတို့က ထုတ်ဖော်ပြောဆို ကြသည်။ “ထီအကြောင်းတော့လာပြောမနေ နဲ့တော့။ ဆိုင်တွေအကုန်လုံး ဒုက္ခတွေ့ နေကြတယ်။ ဆိုင်ခန်းငှားခတောင်ပေးလို့ လောက်မှာမဟုတ်ဘူး” ဟု ရွှေမြန်မာထီ ဆိုင်တွင် ဝယ်ယူရောင်းချနေသည့် ထားဝယ်မြို့က ထီဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။ […]


