ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

နစက အုပ်ကြီးများ ကန့်ကွက်ခံရ

diz_admin

March 2, 2021

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကျေး အများစုတွင် တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးအသစ်ကို အလိုမရှိကြောင်း ဗီနိုင်းပြားများ ကပ်ထားခဲ့သည်။ တပ်အာဏာသိမ်းပြီးနောက် ယခင်က ရွေးချယ်တင်မြှောက်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးကို တာဝန်မှရပ်စဲခဲ့သည်။ ထိုသို့ တာဝန်ရပ်စဲပြီးနောက် နစကကောင်စီမှ တိုက်ရိုက်ခန့်အပ်မည့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများဖြင့် အစားထိုးရန် ပြင်ဆင်လာခြင်းဖြစ်သည်။ ယခင်က ရပ်ကွက်နေပြည်သူများ ရွေးချယ်မှုဖြင့် ခန့်အပ်ရာမှ လက်ရှိတွင် တစ်ဦးတစ်ယောက်၏ အမိန့်ဖြင့် ခန့်အပ်မည့် အခြေအနေကို လက်မခံနိုင်သည့်အတွက် ရပ်ကွက်နေသူ အများစုပေါင်းကာ ထိုသို့ဗီနိုင်းပြားကပ်ထားရခြင်းဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးက ဆိုသည်။ “ပြည်သူရွေးခွင့်ရတာနဲ့ မရတာ အခြေနေက မတူဘူးလေ” ဟု ၎င်းက ပြောသည်။ရပ်ကွက် ကျေးရွာအချို့တွင်မူ အုပ်ချုပ်ရေးမှူး အသစ်ခန့်ခြင်းကို […]

ကံပေါက်က နှစ်ငါးလုံးနွေဦးတော်လှန်ရေး သရုပ်ဖော်

diz_admin

March 2, 2021

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ပြုလုပ်သည့် နှစ်ငါးလုံး နွေဦးတော်လှန်ရေး စာတန်းသရုပ်ဖော်ရာတွင် လူထောင်ချီ ပူးပေါင်းပါဝင် ခဲ့ကြသည်။ ကံပေါက်ဒေသအတွင်း လှည့်လည် လမ်းလျှောက် ဆန္ဒထုတ်ဖော်နေသူများ ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးဆောင်သူ ကံပေါက် ဒေသခံလူငယ်တစ်ဦးက ဆိုသည်။ We Want Democracy (ကျွန်ုပ်တို့ဒီမိုကရေစီကိုလိုချင်တယ်)၊ Reject Military Coup (စစ်အာဏာသိမ်းမှု ငြင်းပယ်ပါ) စသည့်စာလုံးများကို လမ်းပေါ်တွင်ရေးသားနေရာမှ နှစ်ငါးလုံးနေ့တွင် လူဖြင့်ပုံဖော်မည်ဟု စိတ်ကူးရပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ “နှစ်ငါးလုံးဆိုတော့ နွေဦးတော်လှန်ရေး အထွေထွေသပိတ်ဖြစ်တဲ့ အတွက်ကြောင့် အထင်ကရအရာ တစ်ခု ကျန်ရစ်အောင်ဆိုပြီး အဲဒီလို ပုံဖော် လိုက်တာ” ဟု အထက်ပါလူငယ်က ဆိုသည်။ လမ်းမပေါ်တွင် စာရေးသားခြင်းကို […]

တိုတယ် CDM ဝန်ထမ်းများ အလုပ်ပြန်ဆင်းရန် ဖိအားပေးခံရ

diz_admin

March 2, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ တိုတယ် (Total) ကုမ္ပဏီတွင် အလုပ်မဆင်းဘဲ CDM လုပ်နေသည့် ဝန်ထမ်းများ အလုပ်မဆင်းပါက လူအစားထိုးခန့် အပ်မည်ဆိုကာ Atalian Global Service ကုမ္ပဏီဘက်မှ ဖိအားပေးလာကြောင်း စုံစမ်းသိရှိရသည်။ တိုတယ်ကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်း ၄၄ ဦးသည် ဖေဖော်ဝါရီလ ၂၅ ရက်မှစပြီး အလုပ်မဆင်းဆန္ဒထုတ်ဖော် (CDM) မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ယင်းသို့ကြေညာပြီး နောက်တစ်နေ့တွင် Atalian Global Service ကုမ္ပဏီဘက်က ဖိအားပေးလာခြင်း ဖြစ်သည်။ တိုတယ်ကုမ္ပဏီတွင် တာဝန်ထမ်း ဆောင်နေသော လုံခြုံရေးဝန်ထမ်းများကို Atalian Global Service ကုမ္ပဏီထံမှ ကန်ထရိုက်စနစ်ဖြင့် ငှားရမ်းထားခြင်း ဖြစ်သောကြောင့် ယင်းကဲ့သို့ဖိအားပေး လာခြင်းဖြစ်ကြောင်း လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောသည်။ ဖေဖော်ဝါရီလ လကုန်ရက်မှစပြီး […]

တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ လာရောက်မည်ဆိုက ၁၀ ရက် ကြိုလျှောက်ရမည်

diz_admin

March 1, 2021

တနင်္သာရီတိုင်းဒေသကြီးအတွင်းသို့ လာရောက် မည်ဆိုက ခရိုင်၊ မြို့နယ် COVID-19ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တဆင့် တိုင်းဒေသကြီးကိုဗစ်ကော်မတီသို့ ၁၀ ရက် ကြိုတင် လျှောက်ထားရန် လိုအပ်ကြောင်း ယင်းကော်မတီက ထုတ်ပြန်ထားသည်။ တိုင်းဒေသကြီးပြင်ပမှ လုပ်သားများခေါ်ယူပါက Tesk Kit စစ်ဆေးပြီး COVID-19 ရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိရ မည်ဖြစ်ပြီး သက်ဆိုင်ရာ ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လုပ်ငန်း၏ အစီအစဉ်ဖြင့် Facility Quarantine ထားရှိရမည် ဆိုသည့် လုပ်ငန်းရှင်၏ တာဝန်ခံချက်၊ Quarantine ထားရှိမှုကို မြို့နယ်ကိုဗစ်ကော်မတီ၏ ထောက်ခံချက်၊ ဝင်ရောက်လာသူ၏ မိမိနေထိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် နေထိုင်ကြောင်း ထောက်ခံစာနှင့် ဖြတ်သန်းလာမည့် လမ်းကြောင်း အစီအစဉ်စသည့် အထောက်အထားများ ပါရှိရမည် ဖြစ်သည်။ […]

UEC တွေ့ဆုံပွဲတက်ခဲ့သည့် ထားဝယ်ပါတီဥက္ကဋ္ဌ ဦးအေးမင်းအား ပါတီမှထုတ်ပယ်

diz_admin

March 1, 2021

တပ်အစိုးရက ခန့်ထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အသစ်နှင့် နိုင်ငံရေးပါတီ များတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ထားဝယ် တိုင်းရင်းသားများပါတီဥက္ကဋ္ဌ ဦးအေးမင်းကို ပါတီ မှ ထုတ်ပယ်လိုက်သည်။ ပါတီဗဟိုအလုပ်မှုဆောင်ကော်မတီ၏ အရေးပေါ် အစည်းအဝေးဆုံးဖြတ်ချက်အရ ထုတ်ပယ်လိုက် ခြင်းဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ က ဖေဖော်ဝါရီလ ၂၆ ရက်ညတွင် သတင်းထုတ်ပြန်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် နံနက်ပိုင်းက နေပြည်တော်တွင် ပြုလုပ်သည့်တွေ့ဆုံပွဲကို ထားဝယ်တိုင်းရင်းသားများ ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ၎င်း၏ သဘော ဆန္ဒအရသွားတက်ခဲ့ကြောင်း ပါတီ၏ အတွင်းရေးမှူး အဖွဲ့ထံမှ သိရသည်။ “ပါတီဥက္ကဋ္ဌအနေနဲ့ဒီလိုလုပ်တာ ဘယ်လိုမှလက်ခံနိုင်စရာအကြောင်းမရှိဘူး။ အနည်းဆုံး ဗဟိုကော်မတီမဟုတ်ရင်တောင်မှ အတွင်းရေးမှူး အဖွဲ့ကို ပြောသင့်တယ်” ဟု ထားဝယ်တိုင်းရင်းသားများ ပါတီ၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်မင်းထိုက် က ပြောသည်။ ဦးအေးမင်း၏ […]

ထားဝယ်ပစ်ခတ်မှု အနည်းဆုံး သုံးဦးသေ၊ လူဆယ်ချီ ဒဏ်ရာရ

diz_admin

March 1, 2021

ဖေဖော်ဝါရီလ ၂၈ ရက်မှာ ထားဝယ်သပိတ် အကြမ်းဖက်ဖြိုခွင်းခံရပြီး သုံးဦးထက် မနည်းသေဆုံး ခဲ့ပါတယ်။ နေရာအများအပြားမှာ ပစ်ခတ်မှု ဖြစ်တာပါ။ လူ ၆၀ ကျော် ဆေးကုသခံနေရပါတယ်။ ဈေးတောင်ဘက်လမ်းနဲ့ ဗိုလ်ချုပ်လမ်းထောင့်မှာ လူတစ်ဦး ကျည်ဆံထိပြီး လဲကျနေတာကို ရဲတပ်ဖွဲ့က ချီမသယ်ဆောင်သွားတယ်လို့ ဒက္ခိဏ သတင်းမှာ ရေးထားပါတယ်။ အဲဒီ ဒဏ်ရာရသူ ရဲစခန်းအချုပ်မှာ သေဆုံးနေကြောင်း သတင်းဖော်ပြထားပါ။ တကယ်လို့ အဲဒီ သတင်းသာ အတည်ပြုနိုင်ရန် ထားဝယ်သပိတ် မှာ သေဆုံးသူ လေးဦး ဖြစ်မှာပါ။ သွေးနဲ့မျက်ရည် အပြိုင် ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်ရောက်နေတဲ့ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က အလယ်ကနေပိုင်းပြီး လမ်းဆုံကြီးနားကနေ သေနတ်တွေ၊ မျက်ရည်ယို ဗုံးတွေနဲ့ စတင်ဖြိုခွဲပါတယ်။ မျက်စိရှေ့မှာတင် ဒဏ် ရာရသွားတဲ့သုံးဦးလောက်ရှိပါတယ်။ အဲဒီသုံးဦးထဲမှာ လောင်းလုံးမြို့နယ်က […]

သွေးနဲ့မျက်ရည် အပြိုင်

diz_admin

March 1, 2021

ထားဝယ်ပြည်သူ့ဆေးရုံရဲ့ လူသေအလောင်း တွေထားတဲ့ ရင်ခွဲဌာနရှေ့မှာ အမျိုးသမီးနှစ်ဦး ယူကြုံးမရ ငိုကြွေးနေပါတယ်။ သူတို့နှစ်ဦးကတော့ ဖေဖော်aဝါရီလ ၂၈ ရက် ထားဝယ်မြို့ဆန္ဒပြပွဲ အကြမ်းဖက်ဖြိုခွင်းခံရလို့ သေနတ် မှန်သေဆုံးသွားတဲ့ ကိုလွင်လွင်ဦးရဲ့ ဇနီးဖြစ်သူနဲ့ ညီမဖြစ်သူတို့ပဲ ဖြစ်ပါတယ်။ ကိုလွင်လွင်ဦးရဲ့ အလောင်းကတော့ ရင်ခွဲရုံထဲမှာပါ။ ကိုလွင်လွင်ဦး ဟာ ဥတ္တံတားကြီး လမ်းဆုံမှာ ဆန္ဒပြရင်း ရင်ညွန့် အပစ်ခံရတာပါ။ ဆန္ဒပြစစ်ကြောင်းရှေ့မှာ ကာထားတဲ့ သံပြားကို ဖောက်ဝင်ပြီး ကျည်ထိတာပါ။ “ဆေးရုံမှာ အစ်ကို..အစ်ကို … သေသွားပြီ” လို့ ကိုလွင်လွင်ဦးရဲ့ညီမဖြစ်သူက တစ်ယောက် ယောက်ကို ဖုန်းနဲ့ပြောဆိုရင်း ဝမ်းနည်းလာလို့ ငိုချ လိုက်ပါတယ်။ နောက်တစ်ဦးကတော့ ကိုလွင်လွင်ဦးရဲ့ ဇနီး ဖြစ်ပါတယ်။ သူရဲ့မျက်လုံးတွေက ငိုထားရလွန်းလို့ နီရဲနေပါတယ်။ ဘေးကနေပြီး တစ်ယောက်ယောက်က […]

နှစ်သုံးဆယ်ကျော်အတွင်းပထမဆုံးယမ်းနံ့ဝေသည့် ထားဝယ်

diz_admin

February 27, 2021

ပုညက်ညက် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ကိုင်ထားသည့် သေနတ်မောင်းကို စဆွဲလိုက်သည်။ ပြောင်းချောသေနတ်ဟု ခေါ်သည့် ရော်ဘာကျည်ပစ်ခတ်နိုင်သည့် သေနတ်သံက ထားဝယ်မြို့တွင် နှစ်ပေါင်းသုံးဆယ်ကျော်အတွင်း ပထမဆုံး ကြားလိုက်ရခြင်းဖြစ်သည်။ အဆိုပါရဲတပ်သားပစ်ပြီး တစ်မိနစ်ပင်မကြာလိုက်ပေ။ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးကိုင်ထားသည့် လောင်ချာသေနတ်ပြောင်းဝမှ မီးခိုးဗုံးဟု ကျည်ဆံတစ်ခုထွက်လာပြီး ပေလေးဆယ်ခန့်အကွာတွင် ကျသွားသည်။ ထိုကျည်ဆံမှ မီးခိုးများအူထွက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးမွှန်သွားသည်။ ယင်းရဲတပ်သား လောင်ချာသေနတ်မောင်းဆွဲညှစ်လိုက်ပြီးနောက် အခြားရဲတပ်ဖွဲ့ဝင်များကလည်း ပြောင်းချောသေနတ်ဖြင့် ရှေ့ဆင့်နောက်ဆင့် ပစ်ကြတော့သည်။ ပထမတွင် ဆန္ဒပြလူအုပ်ကို အတည့်မပစ်သေးဘဲ မိုးပေါ်အနည်းငယ်ထောင်ကာ ပစ်ကြသည်။ ထိုနောက်တွင်မူ လူအုပ်အတွင်းသို့ချိန်ကာ အချက်ပေါင်း ၅၀ ခန့်အထိ ပစ်ခတ်လိုက်တော့သည်။ ၎င်းတို့ပစ်နေသည့် ပစ်မှတ်ကား လက်နက်မဲ့ ဆန္ဒပြလူငယ်အုပ်ဖြစ်ပြီး နေရာကား ထားဝယ်မြို့အလယ်ရှိ ကရပ်ပြင်လမ်းဆုံတွင် ဖြစ်သည်။ အချိန်ကား ဖေဖော်ဝါရီလ ၂၇ ရက် နံနက် […]