သကျက်တောတွင် ဆန္ဒမပြတော့ဟု အုပ်ထိန်းသူခံဝန် ထိုးထားသူတစ်ဦး အဖမ်းခံရ
diz_admin
April 29, 2021လောင်းလုံးမြို့နယ် သကျက်တောကျေးရွာတွင် ဆန္ဒပြပွဲများ၌ မပါဝင်တော့ကြောင်း အုပ်ထိန်းသူက ခံဝန်ထိုးထားသည့် အမျိုးသားတစ်ဦး ဧပြီလ ၂၈ ရက်နေ့က အဖမ်းခံရကြောင်း မိသားစုဝင်များထံမှ သိရသည်။ သကျက်တောရွာနေ အသက် ၂၇ နှစ်အရွယ် ကိုအောင်ကိုကိုအား ဆန္ဒပြပွဲများတွင် ဦးဆောင်သည်ဟုဆိုကာ လာရောက်ဖမ်းဆီးသွားကြောင်း ၎င်း၏မိသားစုဝင်တစ်ဦးက ဆိုသည်။ ယခုလအစောပိုင်းက ခရိုင်ရဲတပ်ဖွဲ့တာဝန်ရှိသူက သကျက်တောဒေသခံ ၉ ဦး၏ မိဘများကိုခေါ်ကာ ၎င်းတို့၏ သားသမီးများ ဆန္ဒပြပွဲတွင် မပါဝင်တော့ကြောင်း ရပ်မိရပ်ဖများရှေ့မှောက်တွင် ခံဝန်ထိုးခိုင်းထားကြောင်း ၎င်းက ပြောသည်။ ထိုသို့ ခံဝန်စည်းကမ်းချက်အတိုင်း နေထိုင်မည်ဆိုပါက ဖမ်းဆီးမည်မဟုတ်ဟု ပြောဆိုခဲ့ကြောင်း အထက်ပါ မိသားစုဝင်က ဆိုသည်။ လက်ရှိ အဖမ်းခံရသည့် ကိုအောင်ကိုကို၏ အုပ်ထိန်းသူမိဘကလည်း ခံဝန်ထိုးထားကြောင်း သိရသည်။ “ဝန်ခံကတိကို ခရိုင်ရဲက ဆင်းလာပြီး လက်မှတ်ထိုးခိုင်းထားတယ်၊ […]


