ကမ်းနားပျံကျဈေး အချိန်တိုးပေးရန် ဒေသခံတောင်သူ ၂၀ နီးပါး အသနားခံစာတင်
diz_admin
January 1, 2021ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ ပျံကျဈေးပိတ်ချိန်မှာ စောနေသဖြင့် ခြံထွက်သီးနှံများရောင်းချရန် အခက်အခဲရှိသောကြောင့် ဈေးချိန်တိုးမြှင့်ပေးရန် ဒေသခံတောင်သူ ၂၀ နီးပါးက လက်မှတ်ရေးထိုးထားသည့် အသနားခံ စာကို ထားဝယ်မြို့နယ်ဈေးကော်မတီမှတစ်ဆင့် တိုင်းအစိုးရရုံးနှင့် စည်ပင် ဝန်ကြီးထံ လိပ်မူကာ တင်ပြထားသည်ဟု သိရသည်။ ကိုဗစ်မဖြစ်ခင်က ထားဝယ်ကမ်း နားဈေးနှင့် ပျံကျဈေးသည် နံနက် ၂ နာရီမှ ည ၈ နာရီအထိ ရောင်းသူဝယ်သူများဖြင့် စည်ကားနေပြီး ကိုဗစ် ဖြစ်ပြီးနောက်ပိုင်းတွင် ထားဝယ်ကမ်း နားဈေးဖွင့်ချိန်ကို နံနက် ၅ နာရီမှ နေ့လယ် ၂ နာရီ အထိ အချိန်အကန့်အသတ်ဖြင့် ရောင်းချ ခွင့်ပေးထားသည်။ ကမ်းနားပျံကျဈေးပိတ်ချိန် နေ့လယ် ၂ နာရီမှ ခြံထွက်သီးနှံနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချရသဖြင့် တစ်နိုင်တစ်ပိုင်ခြံစိုက်စားသူများနှင့် နယ်ဘက်မှ […]

 
                     
                     
                     
                    
