ထားဝယ်သပိတ်ခေါင်းဆောင်များ နေထိုင်သည့်အိမ်ကိုဝင်ဖမ်း၊ နှစ်ဦးအဖမ်းခံရ
diz_admin
March 18, 2021ထားဝယ်သပိတ်ခေါင်းဆောင်များနေထိုင်သည့် နေအိမ်ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့က ယနေ့ နေ့လယ်ပိုင်းက ဝင်ရောက်ဖမ်းဆီးရာ နှစ်ဦးဖမ်းခံရကြောင်း သပိတ်ခေါင်းဆောင်အချို့ထံမှ သိရသည်။ ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေသည့် ဦးဆောင်သူအချို့ စုပေါင်းနေထိုင်သည့် ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်ကို မတ်လ ၁၈ ရက် နေ့လယ် နှစ်နာရီခန့်က လုံခြုံရေးတပ်ဖွဲ့များ လာဝိုင်းခဲ့ကြောင်း သပိတ်ဦးဆောင်ပါဝင်သူ တစ်ဦးက ပြောဆိုသည်။ ထိုသို့ လာရောက်ဖမ်းဆီးရာတွင် အများစုက လွတ်မြောက်ခဲ့သော်လည်း သပိတ်ခေါင်းဆောင် လူငယ်နှစ်ဦး အဖမ်းခံခဲ့ရကြောင်း ၎င်းက ပြောသည်။ တစ်ဦးမှာ အသက် ၂၂ နှစ် အရွယ် တက္ကသိုလ် ဘွဲ့ရစ လူငယ် တစ်ဦး ဖြစ်သည်။ “သပိတ်စစ်ကြောင်း မထွက်ခင် လာဖမ်းတာ”ဟု အထက်ပါ ခေါင်းဆောင်က ဆိုသည်။ ထိုသို့ ဝင်ရောက် ဖမ်းဆီးရာတွင် […]


