သပိတ်ဦးဆောင်သူ အပါအဝင် ဖမ်းဆီးခံရသူဆယ်ဦးအမှု ခြောက်လအပြီးစစ်ဆေးမည်
diz_admin
April 22, 2021ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် သပိတ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးအဖမ်းခံရသည့်ဖြစ်စဉ်တွင် အမှုတွဲသုံးခုခွဲကာ သီးခြားစီ အမှုဖွင့်ထားပြီး အမှုအားခြောက်လအပြီးစစ်ဆေးရန် ဆုံးဖြတ်ထားကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်ဇာနည်စိုးက ပြောသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဖမ်းခံရသူ ဆယ်ဦးအနက် ကိုအောင်ဝေယံကျော်ပါ ခုနှစ်ဦးကိုတစ်မှု၊ ကိုဝင်းလတ်ထွေးပါ နှစ်ဦးကို တစ်မှုနှင့် အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကို တစ်မှု သီးခြားစီတရားစွဲတင်ထားကြောင်း ၎င်းက ပြောသည်။ ၎င်းဆယ်ဦးစလုံးကို ဧပြီလ ၁ ရက်နေ့က ရာဇသတ်ကြီးပုဒ်မ ၅၀၅- က၊ ၅၀၅(ဂ) တို့ဖြင့် သီးခြားစီ တရားစွဲဆိုထားခြင်းဖြစ်သည်။ အသက်မပြည့်သေးသည့် ကိုရာဇာထွန်းကိုမူ တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဒေါ်ချောစုလှိုင်က သီးခြားကူညီဆောင်ရွက် နေပြီး ၎င်းအား တရားရုံးအာမခံပေးထားသည်။ ၎င်းတို့၏ လေးကြိမ်မြောက်ရုံးချိန်းကို ဧပြီလ […]


