ရေဖြူမြို့နယ် ဘဝါရွာသား ခုနှစ်ဦး ဖမ်းဆီးခံရ၊ သုံးဦး ပြန်လွတ်
diz_admin
February 11, 2022ရေဖြူမြို့နယ် နဘုလယ်ဒေသ ဘဝါရွာသား ခုနှစ်ဦး ယနေ့ (ဖေဖာ်ဝါရီ ၁၁) နံနက် လေးနာရီခွဲ ဝန်းကျင် တွင် ဖမ်းဆီးခံရပြီး ညနေပိုင်းတွင် သုံးဦးပြန်လွတ်လာကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ် ခုနစ်အိမ်ကို ဝင်ရောက်ဖမ်းဆီးရာ အမျိုးသား ခြောက်ဦး၊ အမျိုးသမီး တစ်ဦးတို့ ဖမ်ဆီးခံရကြောင်း ဒေသခံများက ပြောသည်။ “တစ်အိမ်ချင်း လိုက်ဖမ်းတာမျိုး မဟုတ်ဘူး။ ခုနှစ်အိမ်လုံးကို တစ်ပြိုင်နက် ပိတ်ဆို့ပြီးဖမ်းတာ” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါဖမ်းဆီးခံရသူများမှာ ဘဝါရွာသားများဖြစ်ကြသည့် ဦးဌေးဌေး၊ ဦးစိုးနိုင်၊ ဦးတင်ဦး၊ ဦးဝင်းနိုင်၊ မောင်သားလေး၊ မောင်ညီလေး၊ ဒေါ်ဝင်းနွဲ့တို့ဖြစ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းတို့မှာ ဈေးရောင်း၊ ဥယျာဉ်ခြံစိုက်၊ မော်တော်ယာဉ်မောင်း စသည့် လုပ်ငန်းများကို လုပ်ကိုင်ကြသူများ […]


