သရက်ချောင်း စော်ဖျားရွာတွင် အမျိုးသားတစ်ဦး အသတ်ခံရ
diz_admin
March 16, 2022သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာတွင် အမျိုးသားတစ်ဦး မတ်လ ၁၅ ရက်က အသတ်ခံရကြောင်း ဒေသခံရွာသားအချို့က ပြောသည်။ အသတ်ခံရသူမှာ ဒလန်ဟုစွပ်စွဲခံရသည့် အသက် ၃၅ နှစ်ခန့်ရှိ ကိုသက်ထွေးဆိုသူဖြစ်ပြီး ရွာနှင့် ခြောက်မိုင်ခန့်အကွာတွင် ရှိသည့် နွားလပို့တောင်ခြေရှိ ၎င်း၏ ရော်ဘာခြံတွင် အသတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အခင်းဖြစ်နေရာကို မသွားရဲကြသဖြင့် ရုပ်အလောင်းကို ယနေ့ (မတ် ၁၆) မွန်းလွဲ ၁နာရီခွဲအချိန် အထိ ကောက်ယူခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ “အလောင်းက ဘယ်လိုအခြေအနေရှိလဲ မသိဘူး” ဟု အထက်ပါဒေသခံက ပြောဆိုသည်။ အဆိုပါအမျိုးသားကို မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းက သတ်သွားသည်ကို မသိရသေး ကြောင်း ဒေသခံအချို့က ပြောသည်။


