ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း ဦးဆောင်လုပ်ကိုင်သူ ကိုသန့်ဇင်ထူး ထောင်ဒဏ် ငါးနှစ်ချမှတ်ခံရ
diz_admin
April 2, 2022ကုသိုလ်ဖြစ် အခမဲ့ဆေးခန်း-ထားဝယ်အား ဦးဆောင်လုပ်ကိုင်သူ ကိုသန့်ဇင်ထူးကို ထားဝယ်ထောင်တွင်း အထူးတရားရုံးက မတ်လ ၃၀ ရက်နေ့တွင် ထောင်ဒဏ် ငါးနှစ် ပြစ်ဒဏ်ချကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် DPPN က ထုတ်ပြန်ထားသည်။ ကိုသန့်ဇင်ထူးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က) ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ချမှတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကိုသန့်ဇင်ထူး အပါအဝင် ကုသိုလ်ဖြစ်အခမဲ့ဆေးခန်း-ထားဝယ်အဖွဲ့သား ခုနစ်ဦးကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီကျော်တွင် ထားဝယ်မြို့ရှိ ရုံးခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အဖွဲ့ခေါင်းဆောင် ကိုသန့်ဇင်ထူးမှာ PDF များကို ဆေးဝါးလှူဒါန်းခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လှူဒါန်းသည့်ကိစ္စတွင် မပါဝင်သည့် ကျန်အဖွဲ့သား ခြောက်ဦးကို ဇန်နဝါရီလ […]


