ဘီယာ ဈေးမြင့်တက်
diz_admin
April 5, 2022ထားဝယ်ဈေးကွက်တွင် မတ်လ တတိယပတ်မှစပြီး ဘီယာများ ဈေးတက်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ကြရန် နှိုးဆော်နေကြပြီးနောက် စစ်တပ်နှင့် မဆက်နွှယ်သည့် ဘီယာများ ထားဝယ်ဈေးကွက်တွင် ပိုမိုရောင်းချရကာ ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း ထားဝယ်မြို့မှ နိုင်ငံခြားအရက် လက်လီလက်ကား ဖြန့်ချီရောင်းချ သူတစ်ဦးက ပြောသည်။ လက်ရှိတွင် Chang ၊ Tiger၊ Heineken၊ လီအိုစသော ဘီယာတို့ ဈေးနှုန်းမြင့်တက်လာပြီး Chang ဆိုလျှင် ပစ္စည်းပြတ်သည်အထိ ဖြစ်သွားခဲ့သေးကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ Chang ဘီယာမှာ တစ်ဘူး၊ တစ်ပုလင်းလျှင် ကျပ်နှစ်ရာ၊ သုံးရာဝန်းကျင် ဈေးတက်ကြောင်း ယစ်မျိုးလိုင်စင်ရ အရောင်းဆိုင်အချို့ထံမှ သိရသည်။ Chang တံဆိပ်ဘီယာပုလင်းမှာမူ နှစ်လခန့်ပစ္စည်းပြတ်လပ်သည်အထိဖြစ်ခဲ့ပြီး လွန်ခဲ့သည့် တစ်ပတ်ခန့်မှ စတင်ကာ ဈေးကွက်အတွင်း […]


