ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် သပိတ်အိုးဈေးကွက် သုံးနှစ်ဆက်တိုက် ရောင်းအားကျ

diz_admin

September 28, 2022

ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် သီတင်းကျွတ် သပိတ်မျှောပွဲတော်နှင့် ဆီမီးထွန်းညှိပူဇော်ပွဲတော်ကို မလုပ်ကြတော့ သဖြင့် သပိတ်အိုးနှင့် ဆီမီးခွက်မှာ ရောင်းအား သုံးနှစ်ဆက်တိုက်ကျဆင်းနေကြောင်း အိုးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ လက်မလည်အောင် ရောင်းကြရသည့် သပိတ်အိုးနှင့် ဆီမီးခွက်တို့မှာ ကိုဗစ်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ်တည်းက ပွဲတော်များ မလုပ်ရသဖြင့် ရောင်းအားကျဆင်းသွားပြီး စစ်အာဏာသိမ်းကာလတွင်ပါ ပွဲတော်များ မလုပ်ကြသဖြင့် ရောင်းအား ဆက်လက်ကျဆင်းနေဆဲဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။ “အခုက သိပ်ပြီးတော့လည်း ရောင်းမထွက်ဘူး။ အရင်ကတော့ ညအထိလုပ်၊ မနားမနေလုပ်ရတယ်။အခုတော့ မလုပ်ရတော့ဘူး။ ဖောက်သည်တွေက အခြေအနေဘယ်လိုမျိုးလာမလဲ မသိဘူးဆိုပြီး နိုင်ငံရေးကိုပဲ ဦးတည်ပြီးပြောကြတယ်။ နယ်ဖောက်သည်တွေ ဝယ်နည်းသွားတယ်” ဟု ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှ အိုးလုပ်ငန်းလုပ်ကိုင်သူ မပန်းအိဖြူက ပြောသည်။ သပိတ်မျှောပွဲတော်နှင့် ဆီမီးတစ်ထောင် မီးထွန်းညှိပူဇော်ပွဲများရှိစဉ်က နှစ်စဉ် သပိတ်အိုးအလုံးရေ […]

ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော်ကို အခမ်းအနားဖြင့်ကျင်းပရန် စစ်ကောင်စီ စီစဉ်

diz_admin

September 27, 2022

ယခုနှစ် သီတင်းကျွတ်လပြည့်နေ့( အောက်တိုဘာ ၉ ရက် ) တွင် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို ကမ်းနားလမ်း သဲကွင်းတွင် အခမ်းအနားဖြင့် ကျင်းပရန် စစ်ကောင်စီက စီစဉ်နေကြောင်း သိရှိရသည်။ ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုကြောင့် သပိတ်မျှောပွဲတော်ကို အခမ်းအနားဖြင့် မကျင်းပနိုင်ခဲ့သည်မှာ နှစ်နှစ်ဆက်တိုက်ရှိနေပြီဖြစ်သည်။ ပြည်သူအချို့ကမူ ကိုယ့်အစီအစဉ်ဖြင့်ပင် ထားဝယ်မြစ်အတွင်း သပိတ်လာရောက်မျှောလေ့ရှိကြသည်။ ယခုနှစ်တွင်မူ ယခင်ကျင်းပခဲ့သည့် ပုံစံအတိုင်း သပိတ်မျှောပွဲ မုဒ်ဦးဖွင့်လှစ်ခြင်း၊ အာရုဏ်မတက်ခင် သပိတ်မျှောပွဲလာသူများကို ထားဝယ်ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေခြင်းနှင့် သပိတ်မျှောခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်ကြောင်း ပွဲစီစဉ်ရာတွင် ပါဝင်နေသူတစ်ဦးက ဆိုသည်။ “အခုလက်ရှိတော့ ဆပ်ကော်မတီတွေ ဖွဲ့ထားပြီးပါပြီ။ ကိုဗစ်စည်းကမ်းသတ်မှတ်ချက်နဲ့အညီ ကျင်းပဖို့ရှိပါတယ်” ဟု ၎င်းကဆိုသည်။ ထားဝယ်သပိတ်မျှောပွဲတော်အတွက် အစိုးရ(စစ်ကောင်စီ)ဘက်မှ ရန်ပုံငွေကျပ်သိန်း ၉၀ ထောက်ပံ့ရန် ယခင်အစိုးရလက်ထက်ကတည်းက သတ်မှတ်ထားပြီး လက်ရှိတွင်လည်း ကျပ်သိန်း […]

တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်မယ်ဆို

diz_admin

September 27, 2022

ငွေကြေးအရဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးစီးချင်လို့ ဖြစ်ဖြစ် တစ်ပတ်ရစ်ဆိုင်ကယ်တစ်စီး ဝယ်တော့မယ်ဆိုရင်ဘာတွေ အဓိကကြည့်သင့်လဲဆိုတာကို ပြောပြသွားမှာဖြစ်ပါတယ်။ ဆိုင်ကယ်ဝယ်သူအချို့က အရှေ့မီး၊ အချက်ပြ၊ တာယာ စတဲ့ အပြင်ပန်းတွေကိုပဲ ကြည့်ပြီး ဝယ်လေ့ရှိတဲ့အတွက် တစ်ကယ်အရေးကြီးတဲ့အချက်အချို့ကို ပြောပြချင်ပါတယ်။ ဆိုင်ကယ်ဝယ်တဲ့အခါ နားလည်သူတွေနဲ့ တိုင်ပင်ပြီး ဝယ်လေ့ရှိပေမယ့် ကိုယ်တိုင်က အခြေခံအချက်တွေသိထားရင် ပိုကောင်းတာပေါ့။ ပထမဆုံးအချက်အနေနဲ့ ဆိုင်ကယ်ဝယ်တော့မယ်ဆို ကိုယ်က ငွေဘယ်လောက် သုံးမလဲဆိုတာ စဉ်းစားရမှာပါ။ ပြီးရင် ဂီယာဘီး စီးချင်တာလား၊ အော်တိုဂီယာ စီးချင်တာလားဆိုတာ ကြိုပြီး ဆုံးဖြတ်ထားဖို့ လိုပါတယ်။ ဒီလိုဆုံးဖြတ်ထားရင် တစ်ကယ်သွားဝယ်တဲ့အချိန်ဆို ဆိုင်ကယ်အများကြီးကို သွားကြည့်စရာမလိုတော့ဘဲ ပေးရတဲ့ငွေနဲ့ တန်တဲ့ ဆိုင်ကယ်ကို ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ၃ စီးထက်မနည်းကိုတော့ ကြည့်သင့်တယ်လို့ အကြံပေးချင်ပါတယ်။ ဆိုလိုတာက ဆိုင်ကယ်အများကြီးကိုကြည့်မိရင် စိတ်ဝေဝါးသွားပြီး […]

ထားဝယ်မြို့တွင် ဆိုင်ကယ် တင်းတင်းကျပ်ကျပ်စစ်ဆေးဖမ်းဆီး၊ ပြည်သူများအခက်တွေ့

diz_admin

September 26, 2022

ထားဝယ်မြို့တွင် ယခုလလယ်ခန့်မှစပြီး ‌ဆိုင်ကယ်မောင်းနှင်သူများကို တင်းတင်းကျပ်ကျပ်စစ်ဆေးလာပြီး ဂါဝန် ဝတ်ဆင်သူများ၊ ဆိုင်ကယ်ခြေနင်းတုံး ချစီးနင်းမှုများကိုပင် ဖမ်းဆီး ဒဏ်ငွေရိုက်‌နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့၏ အဓိကလမ်းဆုံလမ်းခွများတွင်သာမကဘဲ လမ်းသွယ်၊ လမ်းကြားထဲအထိ ရွှေ့လျားပုံစံဖြင့် စစ်ဆေးနေပြီး မီးလင်းစတေကာမှစပြီး ကညန ဖောင်းကြွနံပါတ်ပြားစသည်ဖြင့် ယခင်က မစစ်ဆေးဖူးသည်များကိုပါ စစ်ဆေးပြီး မပြည့်စုံပါက ဒဏ်ငွေရိုက်ကြောင်း ခရီးသည်အချို့က ပြောသည်။ “ဒီနေ့ဆိုရင် ပိုဆိုးလာတယ်။ မနက်စောစော ၇ နာရီလောက်ကတည်းကနေပြီး ညနေ ၆ နာရီကျော်လောက်အထိကို စစ်တာရှိလာတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ စစ်ဆေးဖမ်းဆီးမှုကို ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များကပါ လက်နက်အပြည့်အစုံဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ဆေးခံရသူအချို့က ပြောဆိုသည်။ “ကျွန်မတို့မှာ ပစ္စည်းအားလုံးအစုံပါပေမယ့် ဆိုင်ကယ်ဦးထုပ်မှာ မေ့သိုင်းကြိုးလေးက နည်းနည်းချောင်နေလို့ တရားရုံးမှာ ဒဏ်ငွေဆောင်ရမယ်လို့ […]

လောင်းလုံး၊ပန်းဒလဲရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

diz_admin

September 25, 2022

လောင်းလုံးမြို့နယ် ပန်းဒလဲရွာတွင် ယနေ့ (စက်တင်ဘာ ၂၅) မနက်ပိုင်းက အသက် လေးဆယ်ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ ဒေသမှဖြစ်ပြီး ပန်းဒလဲရွာသူနှင့်အိမ်ထောင်ကျကာ ယင်းကျေးရွာတွင်နေထိုင်သည့် ရေခဲလုံး(ခေါ်)ဦးရဲထွန်း ဆိုသူဖြစ်ပြီး ပန်းဒလဲရွာပျူစောထီးအဖွဲ့ဝင် ဖြစ်သည်ဟုလည်း ဒေသခံများထံမှသိရသည်။ ယနေ့ နံနက် ခုနှစ်နာရီဝန်းကျင်ခန့်က ပန်းဒလဲရွာ အထက်တန်းကျောင်းအနီး ကျန်းမာရေးလမ်းဘေးတွင် မှောက်လျက်သေဆုံး နေသည်ဟု ဒေသခံတစ်ဦးကပြောသည်။ “လက်ကွက်ထဲမှာ မှောက်လျက်နဲ့ လမ်းမပေါ် ခြေထောက်တင်ပြီး သေနေတယ်။ ခြေသလုံးမှာကတော့သွေးတွေနဲ့ နောက်ပြီး ကျမ်းမာရေးလမ်းပေါ်က ဘေးမတံတား မှာလည်း သွေးကွက်တွေ မနည်းဘူး။ သူ့စီးတဲ့စက်ဘီးကိုလည်း အဲဒီနားမှာပဲ တွေ့ရတယ်”ဟု ၎င်းကပြောသည်။ သေဆုံးသူအမျိူးသားမှာ ပြီးခဲ့သည့်လပိုင်းက ပျူစောထီးအဖွဲ့မှ ထွက်တော့မည်ဟု ဒေသခံများကိုပြောဆိုခဲ့ဖူးပြီး ရက်သတ္တပတ် […]

လောင်းလုံး သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 24, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ယနေ့ (စက်တင်ဘာ ၂၄) နံနက်ပိုင်းက နေအိမ်တွင် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၅၀ကျော်အရွယ်ရှိ ဦးထွန်းမြင့်ဆိုသူဖြစ်ပြီး ယနေ့ နံနက် ၈နာရီကျော်က နေအိမ်ပြုပြင်နေစဉ် အမည်မသိ လက်နက်ကိုင်လူတစ်စုက ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ယခင်အုပ်ချုပ်ရေးမှူး ဇော်မျိုးဦး (သေဆုံး) နဲ့အတူ ပူးပူးတွဲတွဲ သွားလေ့ရှိတယ်။ သူတို့နှစ်ယောက်က (သဘော့ဆိပ်ပြင်ကြီးရွာက) ရှိုင်သာယာဆိုတဲ့ ရပ်ကွက်မှာပဲ နေတယ်။ ဒဏ်ရာက နံကိုင်းမှာတစ်ချက်နဲ့ နဖူးမှာ တစ်ချက်တွေ့ရတယ်” ဟု ၎င်းကပြောသည်။ သို့သော် ဦးထွန်းမြင့်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည် မပြုနိုင်သေးပေ။ ၎င်း၏ ရုပ်အလောင်းကို […]

လေးပတ်ဆက်ဈေးတက်ခဲ့သည့်ကြက်သွန် ဈေးပြန်ကျ

diz_admin

September 23, 2022

ထားဝယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စက်တင်ဘာလ ၉ ရက်နေ့အထိ လေးပတ်ဆက်တိုက် ဈေးတက်ခဲ့သည့် ကြက်သွန်နီဈေးမှာ စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး ပြန်လည်ကျဆင်းကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လ ၁၉ ရက်က ထားဝယ် လက်လီလက်ကားဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် သုံးထောင် ကျော်မှစ၍ ဈေးတက်လာရာ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြက်သွန်နီ တစ်ပိဿာဈေးမှာ လေးထောင်ငါးရာကျပ်အထိ ဖြစ်လာခဲ့သည်။ လေးပတ်ဆက်တိုက် ဈေးတက်သည့် ကြက်သွန်နီဈေးသည် ထားဝယ်ဈေးကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ တစ်ပိဿာ လေးထောင်ခန့်မှ စက်တင်ဘာ ၂၃ ရက်နေ့တွင် တစ်ပိဿာ ၃၅၀၀ ကျပ်အထိ ဈေးပြန်ကျလာခဲ့ကြောင်း ထားဝယ်မြို့ရှိ ကုန်ခြောက် လက်လီလက်ကားဈေးရောင်းချသူတစ်ဦးက ပြောသည်။ “ဈေးကျလာတာကတော့ တရုတ်ကြက်သွန် […]

လောင်းလုံး အောက်ကျောက်ဝပ်ရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 23, 2022

လောင်းလုံးမြို့နယ် အောက်ကျောက်ဝပ်ရွာတွင် စက်တင်ဘာလ ၂၂ ရက် မွန်းလွဲပိုင်းက အသက် ၅၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ထားဝယ် – ရှင်‌မော် ပြေးဆွဲသည့် ခရီးသည်တင်မော်တော်ယာဉ် ယာဉ်မောင်း ဦးမြင့်စိန်ဆိုသူ ဖြစ်သည်။ ဦးမြင့်စိန်သည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က ထားဝယ်မှအပြန် ကားသိမ်းပြီးနောက် ယင်းကျေးရွာအနီး ပင်လယ်ဒီရေတောစပ်တွင် ဂွေး (ငါးပိလုပ်သည့် ငါးအကောင်ငယ်တစ်မျိုး) ထိုးသွားမည်ဟု နေအိမ်မှ ထွက်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယင်းနောက် ကျေးရွာအလွန် ဒေသအခေါ် ကျွန်းသာယာအနီးက ဇင်းကျောင်းသား အလှူခံမဏ္ဍပ်အနီးတွင် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “သေနတ်သံ လေးချက်ကြားရတယ်။ ဦးခေါင်း ညာဖက်တစ်ချမ်းလုံး […]