ထားဝယ်တွင် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦး ကိုဗစ်ဖြင့်သေဆုံး
diz_admin
October 4, 2022ထားဝယ်တွင် ကိုဗစ်ပိုး ကူးစက်ခံထားရသည့် အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ယနေ့ (အောက်တိုဘာ ၄) နံနက်ပိုင်းက သေဆုံးသွားကြောင်း ထားဝယ်-နာရေးကူညီမှုအသင်းနှင့် ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။ သေဆုံးသူ မိန်းကလေးငယ်မှာ လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာကဖြစ်ပြီး ဖျားနာနေသဖြင့် မယ်ဒီလန်းဆေးရုံသို့ တက်ရောက်ပြသခဲ့ရာ စစ်ဆေးချက်အရ ကိုဗစ်-၁၉ ပိုးပါတွေ့ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ “မနက်စောစော ဆုံးတယ်လို့ပြောတယ်ရှင့်။ ကလေးက မနေ့က လာကတည်းက ဦးနှောက်အမြှေးပါးရောင်တာတို့ ဘာတို့ ဖြစ်နေတယ်လို့ ပြောတယ်ရှင့်” ဟု အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။ ထားဝယ်တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ဝန်းကျင်ကပင် ကိုဗစ်ရောဂါဖြင့် သေဆုံးသည့် လူနာမရှိတော့ဘဲ တစ်နှစ်နီးပါး […]


