ထားဝယ်တွင် ပလတ်စတစ်မီးပုံးပျံများ ရောင်းအားကျ
diz_admin
October 8, 2022သီတင်းကျွတ်ကာလတွင် ရောင်းအားကောင်းလေ့ရှိသည့် ပလတ်စတစ်မီးပုံးပျံများမှာ ယခုနှစ်တွင် ရောင်းအားကျဆင်းနေကြောင်း ထားဝယ်မြို့ပေါ်ရှိ ယင်းပစ္စည်း ရောင်းချသူများထံမှ သိရသည်။ ပြီးခဲ့သည့်ကိုဗစ်မတိုင်ခင်ကာလက ယခုလိုပွင့်လင်းရာသီမျိုးတွင် အဆိုပါ ပလတ်စတစ်မီးပုံးပျံများ အရောင်းသွက်လျက်ရှိပြီး ယခင်က အလုံးရေ ငါးရာမှ တစ်ထောင်ခန့်အထိ ရောင်းချ နေရာမှ ယခုနှစ်တွင် တစ်ရာအောက်သာ ရောင်းချရသည်ဟု အဆိုပါမီးပုံငယ် ရောင်းသည့်အမျိုးသမီးတစ်ဦးကပြောသည်။ “မနှစ်ကဆို သီတင်းကျွတ်မတိုင်ခင်မှာ အလုံးရေ လေးရာလောက် ရောင်းရပြီးပြီ ဒီနှစ်က တော့ အလုံးရေ ခြောက်ဆယ်လောက်ဘဲ့ ရောင်းချရသေးတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။ ယခင်နှစ်များက ကုန်စုံဆိုင်များတွင် ဆိုင်တင်ရောင်းချလေ့ရှိသော်လည်း ယခုနှစ် တွင် အွန်လိုင်းမှသာ ရောင်းချနေသည်ကို အများဆုံးတွေ့ရသည်ဟု ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။ “ဒီနှစ်ဝယ်မရောင်းတော့ဘူး ကလေးတွေကတော့ ပလတ်စတစ်အိတ်တွေ ဝယ်ဝယ်ပြီး မီးပုံးလုပ်နေကြတာပဲ”ဟု ၎င်းကပြောသည်။ ယခင်က သီတင်းကျွတ်ကာလ […]


