တနင်္သာရီတိုင်းကို လာမည့် ခရီးသည်များ ရေးမြို့တွင် သောင်တင်နေ
diz_admin
May 13, 2022တနင်္သာရီတိုင်းကိုလာမည့် ခရီးသည်များ မွန်ပြည်နယ်ရေးမြို့တွင် သောင်တင်နေသည်မှာ ၇ ရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း ကားသမားအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေ သဖြင့် ခရီးမဆက်ရဲကြဘဲ သောင်တင်နေခြင်းဖြစ်ကြောင်း ကားသမားအချို့က ပြောဆိုသည်။ “ဂိတ်တွေက မဖွင့်ပေးလို့ မသွားရတာ မဟုတ်ဘူး။ အခုက ထီးခီးလမ်းဘက်ကိုသွားရမှာ ကြောက်လို့ ရေးမှာပဲ သောင်တင်နေကြတာ။ (သောင်တင်နေတဲ့) ခရီးသည်တွေကတော့ တော်တော်များတယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။ တနင်္သာရီတိုင်း ထားဝယ်နှင့် အခြာမြို့များသို့သွားမည့် ခရီးသည်များမှာ ပုံမှန်အတိုင်း သွားလာနေကြ သော်လည်း ထားဝယ် – ထီးခီးလမ်းဖြတ်ပြီးသွားမည့် ခရီးသည်များမှာ မသွားရဲဘဲဖြစ်နေကြောင်း ကားသမားအချို့က ပြောဆိုသည်။ ထားဝယ်-ထီးခီးလမ်းပိုင်းရှိ သဗျာ၊ ပကာရီ၊ ကျောက်မဲတောင်၊ တောင်သုံးလုံး စသည့်နေရာများတွင် ဧပြီလ နောက်ဆုံးအပတ်ကစပြီး […]


