ထားဝယ်တွင် ကွမ်းသီးသစ်ဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ကျော် ဈေးလျော့
diz_admin
October 22, 2022ထားဝယ်ခရိုင်တွင် ကွမ်းသီးဈေး ပြီးခဲ့သည့်နှစ်ထက် နှစ်ထောင်ကျော် ဈေးလျော့နေကြောင်း ထားဝယ်မြို့တွင်းရှိ ပွဲရုံအချို့နှင့် ဒေသခံတောင်သူအချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က အောက်တိုဘာ ၂၀ ရက်ခန့်တွင် ကွမ်းသီးသစ် တစ်ပိဿာ ငွေကျပ် ၆၅၀၀ မှ ၆၇၀၀ ကျပ်ခန့်အထိ ဖြစ်နေပြီဖြစ်သော်လည်း ယခုနှစ်တွင် တစ်ပိဿာ ၄၀၀၀ ကျပ်မှ အများဆုံး ၅၀၀၀ ကျပ်ခန့်သာရှိကြောင်း ပွဲရုံအချို့နှင့် တောင်သူအချို့က ပြောသည်။ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေချိန်တွင် ကွမ်းသီးသစ်စျေးမှာ ယခင်နှစ်ထက် နိမ့်နေမှုကြောင့် ကွမ်းသီးစိုက်သူများမှာ ထပ်ဆင့်ရှုံးနေကြသည့် သဘောဖြစ်သည်။ သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးသစ်တစ်ပိဿာ ငွေကျပ် ၄၀၀၀ မှ ၄၅၀၀ ကျပ်ခန့်သာရှိသည်ဟု သရက်ချောင်းမြို့နယ်၊ ဆင်ကူးကျေးရွာမှ ကွမ်းသီးခြောက် အရောင်းအဝယ်ပြုလုပ်သူ မဝင်းခက်က ပြောသည်။ “အခုလာတဲ့ဈေးဆို မနှစ်ကနဲ့စာရင် ဈေးနည်းနေတာပေါ့၊ […]


