ဇွန်လ ၂ ရက်ကို ဗထူးနေ့အဖြစ်သတ်မှတ်
diz_admin
June 2, 2022ဇွန်လ ၂ ရက်နေ့ကို ဗထူးနေ့အဖြစ်သတ်မှတ်ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၂ ခုနှစ်မှစကာ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ထဲ ဝင်ရောက်ခဲ့ပြီး ၁၉၄၅ ခုနစ် ဇွန်လ ၂ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ် တယ်လူးစခန်းတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့်နေ့ကို “ဗထူးနေ့” အဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဗိုလ်မှူးကြီးဗထူးသည် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးကို စတင်ခဲ့သော စစ်တိုင်းမှူးတစ်ဦး ဖြစ်သည်။ စစ်ရေးနည်းဗျူဟာ ကျွမ်းကျင်မှုရှိခြင်း၊ ရဲစွမ်းသတ္တိရှိခြင်း၊ နှလုံးရည်ပြည့်ဝခြင်းတို့ကြောင့် ဗိုလ်မှူးအဆင့်မှ ဗိုလ်မှူးကြီးအဆင့်သို့ တိုးမြှင့်တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ ဖက်ဆစ်ဂျပန်များကို ရွပ်ရွပ်ချွံချွံ တိုက်ထုတ်နေစဉ် ၁၉၄၅ ခုနှစ် မေလ ၁ ရက်နေ့ ရက်စွဲဖြင့် […]


