လောင်းလုံး ကဒက်ငယ်ထိန်ရွာသားတစ်ဦး ပစ်သတ်ခံရ
diz_admin
August 9, 2022ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ကဒက်ငယ်ထိန်ရွာသားတစ်ဦး ယနေ့ (ဩဂုတ် ၉) ညနေ ၄ နာရီဝန်ကျင်းက ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ် ကိုမျိုးဆိုသူဖြစ်ပြီး ကဒက်ငယ်ထိန်ရွာနှင့် ရွာချင်းကပ်လျက် ဝက်သားကင်ကျေးရွာ မူကြိုကျောင်းအနီးတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “သေနတ်ဒဏ်ရာနှစ်ချက်ထိပြီးတော့ ဆုံးသွားတယ်လို့ ပြောနေကြတယ်။ သေနတ်သံ နှစ်ချက်ကြားရလိုက်ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ ယနေ့ ညနေပိုင်းတွင် အမည်မသိ လူငယ်နှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် ရွာထဲဝင်လာသည်ကို ရွာသားအချို့က သတိထားမိခဲ့ပြီး မိနစ်ပိုင်းမျှအကြာတွင် သေနတ်ပစ်သံနှစ်ချက်ကြားရကြောင်း ဝက်သားကင်ရွာသား တစ်ဦးကဆိုသည်။ ကိုမျိုးသည် စစ်ကောင်စီတပ်ဖွဲ့ နှစ်ကြိမ်တပ်စွဲခဲ့ဖူးသည့် ကဒက်ငယ်ထိန်တောင်ကျောင်း (ဘုန်းကြီးကျောင်း) အနီးတွင် နေထိုင်သူဖြစ်ပြီး ဝက်သားကင်ရွာသို့ ခြင်းခတ်လာလေ့ရှိကြောင်း ဒေသခံအချို့က […]


