လောင်းလုံး သဘော့ဆိပ်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
August 16, 2022လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ အောင်ချမ်းသာရပ်ကွက်တွင် ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ပစ်သတ်ခံရသူမှာ ယင်းကျေးရွာသား အသက် ၅၀ ကျော်အရွယ်ရှိ ဦးမောင်ထွေးဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသားမှာ ကားအငှားလိုက်သူဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီက ကားဖြင့် ထားဝယ်မှအပြန် နေအိမ်သို့ ရောက်လာစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “မျက်နှာချည်း ပစ်သွားတယ်။ ဒဏ်ရာက ခြောက်ချက်လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။ ဦးမောင်ထွေးကို လောင်းလုံးမြိုနယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Launglone people defence force (LLPDF) အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။ ဦးမောင်ထွေးသည် […]


