မောင်းမကန်တွင် မိသားစုဝင်သုံးဦး ပစ်ခတ်ခံရ၊ တစ်ဦးသေဆုံး
diz_admin
December 28, 2022လောင်းလုံးမြို့နယ် မောင်းမကန်ရွာတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် မွန်းလွဲပိုင်းတွင် မိသားစုဝင်သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးကာ နှစ်ဦးစိုးရိမ်ရကြောင်း ဒေသခံများက ပြောသည်။ မောင်းမကန် (၁၂) ရပ်ကွက် ဒေသခေါ် အန်တောပြင်တွင် နေထိုင်သည့် အသက် ၆၀ နှစ်အရွယ်ရှိ ဦးစိုးသိန်းဆိုသူ သေဆုံးကာ သမီးဖြစ်သူ မအေးလဲ့ထွေးနှင့် သားမက်ဖြစ်သူ ဦးနိုင်ဦးတို့ ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် နေအိမ်၌ အိမ်အမိုး မိုးနေစဉ် လက်နက်ကိုင် လူတစ်စုက လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံတော့ လေးငါးခြောက်ချက်လောက်ကြားရတယ်။ ဖြစ်ဖြစ်ချင်းဘယ်သူမှ သွားမကြည့်ရဲကြဘူး” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါမိသားစုဝင်သုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် […]


