လောင်းလုံး၊ ကျောက်နီမော်ရွာတွင် နေအိမ်ချိပ်ပိတ်ခံရပြီး အမျိုးသမီးနှစ်ဦးဖမ်းဆီးခံရ
diz_admin
January 25, 2023လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက နေအိမ်တစ်လုံးကို စစ်ကောင်စီ တပ်ဖွဲ့က လာရောက်ချိပိပိတ်သွားကြောင်း ဒေသခံအချို့နှင့် နေအိမ်ပိုင်ရှင်တို့က ပြောသည်။ အသက် ၄၅ နှစ်အရွယ် ဦးဇော်ဦး၏ နေအိမ်ချိပ်ပိတ်ခံရခြင်းဖြစ်ပြီး ၎င်းမှာ လှေပဲ့နင်းအလုပ် လုပ်ကိုင်သူဖြစ်ကာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာတွင် နေထိုင်ခြင်းမရှိတော့ကြောင်း ဒေသခံအချို့က ဆိုသည်။ ဦးဇော်ဦး၏ နေအိမ်ကို စစ်ကောင်စီတပ်သားများနှင့် ရွာခံပျူစောထီးအဖွဲ့က ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ပြီး နေအိမ်ချိပ်ပိတ်ကြောင်းစာပြား ချိတ်ဆွဲသွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ နေအိမ်ချိပ်ပိတ်ခံရသည်ကို ဇန်နဝါရီလ ၂၄ရက် ညနေ ၃နာရီခွဲဝန်းကျင်တွင် သိရခြင်းဖြစ်ကြောင်း ဦးဇော်ဦးက ဆိုသည်။ “ပထမတစ်ခါတုန်းက ကျွန်တော့်အိမ်ကို ဓာတ်ပုံလာရိုက်သွားတယ်ဆိုတာလောက်ပဲ။ အခုကတော့ အိမ်ကို ချိပ်ပိတ်သွားပြီဆိုပြီး သိရတယ်ပေါ့လေ” ဟု ၎င်းက ပြောဆိုသည်။ နေအိမ်ကို ချိပ်ပိတ်ပြီးနောက် […]


