သေနတ်ဖြင့် ပစ်ခတ်ခံရ၍ ကျခတ္တာပင်အင်းရွာသား လေးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
diz_admin
October 23, 2022ရေဖြူမြို့နယ် ကျခတ္တာပင်အင်းရွာတွင် အောက်တိုဘာလ ၂၂ ရက်နေ့ညက သေနတ်ပစ်ခံရမှုကြောင့် အမျိုးသားနှစ်ဦး နှင့်အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်ခတ်မှုကြောင့် ကျောင်းဆရာဦးဖိုးခိုင် နှင့် ဇနီး ဖြစ်သူ ကျောင်းဆရာမ ဒေါ်အေးမိုးဆွေအပါအဝင် ဦးဝင်းသိန်း နှင့် ဇနီးဒေါ်အောင်းဆန်းမဲ တို့လေးဦးသေဆုံးခဲ့ကြပြီး ဦးဝင်းဦးဆိုသူမှာ ခြေထောက်ကျိုးသွားခဲ့သည်။ ယင်းနေ့ညသန်းခေါင် ၁ နာရီခန့်တွင် အမည်မသိလက်နက်ကိုင် လူတစ်စုက လာရောက်ပစ်ခတ် သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကျွန်တော်တို့အိပ်မောကျနေတဲ့အချိန် ဖြစ်နေတော့ အသံတော့ မကြားလိုက်ဘူး မနက်ကျမှ သိရတာ”ဟု ၎င်းဒေသခံကပြောသည်။ အဆိုပါပစ်ခတ်မှုကို မည်သူတို့က မည်သည့်အကြောင်းကြောင့် ပြုလုပ်ခဲ့သည်ဆိုသည်ကို Dawei watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ သေဆုံးသူ ဆရာမ ဒေါ်အေးမိုးဆွေမှာ ကျခတ္တာပင်အင်းရွာ အလယ်တန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး တစ်ဦးဖြစ်ပြီး ယောက်ျားဖြစ်သူဦးဖိုးခိုင်မှာ ယခင်က ယင်းကျောင်းတွင် ကျောင်းဆရာတစ်ဦးဖြစ်သော်လည်း […]


