သရက်ချောင်း သိမ်ကုန်းကျေးရွာအနီးတွင် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦး ဖမ်းဆီးခံရ
diz_admin
April 4, 2023သရက်ချောင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအနီးတွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ ပြောသည်။ ထားဝယ်ဘက်မှ မြိတ်ဘက်ကိုဆင်းလာသည့် ကားဖြစ်ပြီး ကားပေါ်တွင် ပြည်သူ့စစ်အဖွဲ့ဝင်တို့၏ ဇနီးများ လိုက်ပါလာသည်ဆိုသည့် သတင်းအရ ဧပြီလ ၃ရက်က တားဆီးစစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ဆေးပြီးနောက် မသက်ဆိုင်သူများကို ပြန်လွှတ်ပေးခဲ့ပြီး အမျိုးသမီးလေးဦးနှင့် အမျိုးသားတစ်ဦးတို့ကိုမူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း PDF အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကို ပြည်သူ့စစ်အဖွဲ့နှင့် ပတ်သက်မှု ရှိမရှိ စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “သတင်းပေးပို့ချက်အရတော့ ဒလန်တွေ၊ ပျူတွေနဲ့ ပတ်သက်တယ်ဆိုပြောတယ်။ အတိအကျ မသိရသေးဘူး” အထက်ပါတာဝန်ရှိသူက ဆိုသည်။ […]


