ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

လောင်းလုံးတွင် ရဲအငြိမ်းစားနှင့် စစ်မှုထမ်းဟောင်းအပါဝင် အမျိုးသားသုံးဦးပစ်သတ်ခံရ

diz_admin

April 24, 2023

လောင်းလုံးမြို့နယ်ရှိ ကျေးရွာသုံးရွာတွင် ရဲဝန်ထမ်းအငြိမ်းစားတစ်ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦးအပါအဝင် အမျိုးသားသုံးဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ သာယာကုန်းကျေးရွာတွင် ဧပြီလ ၂၃ ရက်နေ့ ညတွင် အသက် ၆၃ နှစ်အရွယ်ရှိ ရဲဝန်ထမ်းအငြိမ်းစား ဦးလှကြိုင်ဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သူအိမ်နဲ့ တစ်အိမ်ကျော်လမ်းမမှာ ညာဘက်နားထင် သေနတ်ဒဏ်ရာနှစ်ချက်နဲ့ သေဆုံးနေတယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် ကမြောကြီးရွာတွင်လည်း အသက် ၄၀ ကျော်အရွယ်ရှိ ဦးအေးခိုင်ဆိုသည့် အမျိုးသားတစ်ဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အထက်ပါအမျိုးသားနှစ်ဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုမူ မသိရသေးပေ။ ဧပြီ ၂၁ ရက် ညနေပိုင်းကလည်း လောင်းလုံးမြို့နယ် ကျောက်ပုံရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး ပစ်သတ်ခံရသည်။ ၎င်းကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း […]

ဘုရားမဲစစ်ဆေးရေးဂိတ်အနီးတိုက်ပွဲတွင် အရပ်သားတစ်ဦးဒဏ်ရာရ

diz_admin

April 23, 2023

ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာ ဘုရားမဲစစ်ဆေးရေးဂိတ်အနီး ယနေ့ ဧပြီလ ၂၃ ရက် နံနက်စောစောတွင် ဖြစ်ပွားသောတိုက်ပွဲတွင် လက်နက်ကြီးကျည်စထိမှန်ကာ အရပ်သားတစ်ဦးဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်ကစပြီး နံနက် ၉နာရီကျော်အထိ စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြစ် အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဥယျာဉ်ခြံထဲ လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲသဖြင့် ကျည်စထိမှန်ကာ ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ မပြင်းဘူး။ လက်နက်ကြီးအစ လာစင်တယ်၊ ခါးစောင်းမှာ ထိတယ်” ဟု ၎င်းက ဆိုသည်။ လေးနာရီကျော်ကြာဖြစ်ပွားခဲ့‌သည့် အဆိုပါတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှု ရှိမရှိ အခြေအနေကိုမူ မသိရသေးပေ။ အဆိုပါတိုက်ပွဲကြောင့် ရန်ကုန်-ထားဝယ် အဝေးပြေးကားအချို့ လေးနာရီခန့်ကြာ လမ်းကြောင်း […]

ထားဝယ်မြို့အဝင် ဘုရားမဲစစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဖြစ်

diz_admin

April 23, 2023

ထားဝယ်မြို့အဝင် မောင်မယ်ရှောင်အနီးက စစ်ကောင်စီတပ် ဘုရားမဲစစ်ဆေးရေးဂိတ်ကို ယနေ့ ဧပြီလ ၂၃ ရက် နံနက် ၅ နာရီခွဲကစပြီး ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံအချို့က ပြောသည်။ လက်နက်ကြီး၊ လက်နက်ငယ်အသံများကို နံနက် ၇ နာရီကျော်အထိ ကြားနေရဆဲဖြစ်သော်လည်း တိုက်ပွဲ အခြေအနေ အသေးစိတ်ကို မသိရသေးကြောင်း ၎င်းတို့က ဆိုသည်။ တိုက်ပွဲကြောင့် ဘုရားမဲစစ်ဆေးရေးဂိတ်အနီးက ထားဝယ်-ရန်ကုန်သွားကားလမ်းတွင် လူသူရှင်းလင်းနေပြီး ဒေသခံရွာသားများမှာလည်း ပုန်းရှောင်နေရကြောင်း မောင်မယ်ရှောင်ရွာက အမျိုးသားတစ်ဦးက ပြောသည်။ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဧပြီလ ၉ ရက်ကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယင်းစစ်ဆေးရေးဂိတ်မှာ မကြာခဏ ဝင်ရောက်တိုက်ခိုက်ခံရလေ့ရှိသည်။

ဖမ်းဆီးလာသည့် နယ်ထိန်းယာဉ်မောင်း ထွက်ပြေးရန်ကြိုးစား၍ ပစ်ခတ်ရှင်းလင်းခဲ့ရဟု ထုတ်ပြန်

diz_admin

April 22, 2023

ထားဝယ်မြို့နယ် သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသဖြင့် ပစ်ခတ်ခံရပြီး နယ်ထိန်းသမီးနှင့် မိခင်အပါအဝင် ၃ ဦး သေဆုံးသည့် ဖြစ်စဉ်တွင် ထွက်ပြေးလွတ်မြောက်သွားသော ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း ဥဩစစ်ကြောင်း(ထားဝယ်မြို့နယ်)က မနေ့က ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ သို့သော် စစ်ဆေးမှုလုပ်ရန် ခေါ်ဆောင်လာချိန် လမ်းခရီးတွင် ပြန်လည်ခုခံကာ ထွက်ပြေးသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ၂၀၂၃ ခုနှစ် ဧပြီလ ၁၉ ရက် နံနက် ၈ နာရီခန့်က ထားဝယ်မှ ကျောက်မဲတောင် ရဲကင်းစခန်းဘက်သို့ မောင်းနှင်လာသည့် ဒုရဲအုပ် နယ်ထိန်းသက်ဇော်ထွန်း၏ မိခင်နှင့်သမီးဖြစ်သူလိုက်ပါလာသည့်ကားမှာ သရက်ငုတ်ရွာအနီးက PDF စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖို့ရပ်တန့်ခိုင်းရာ မရပ်ပေးဘဲ ကားမောင်းပြေးသဖြင့် ပစ်ခတ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရသိရသည်။ ယင်းသို့ ပစ်ခတ်ဖမ်းဆီးရာ ယာဉ်ပေါ်လိုက်ပါလာသူ ဟိန္ဒားပျူစောထီးအဖွဲ့ဝင် အသက် ၃၅ နှစ်အရွယ် ကိုချစ်ကိုနှင့် အသက် […]

ထားဝယ်တွင် နေအိမ်တစ်လုံးမီးလောင်

diz_admin

April 22, 2023

ထားဝယ်မြို့ ၊ဝဲကျွန်းဆင်ဆိပ်ရပ်ကွက်၊ ရွာလယ်လမ်းတွင် ဧပြီ ၂၁ ရက်နေ့ ည ၁ဝနာရီ ၃၀ မိနစ်ခန့်က နေအိမ်တစ်လုံး မီးလောင်ခဲ့သည်ဟု ထားဝယ်ခရိုင်မီးသတ် ဦးစီးဌာန ထံမှသိရသည်။ မီးလောင်မှုကြောင့် နှစ်ထပ်အိမ် အပေါ်ထပ်သစ်သားဆောင် ပျက်စီးဆုံးရှုံးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ သိန်း ၂၀ နီးပါးပျက်စီးဆုံးရှုံးခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးဌာနမှူး ဦးသိန်းဇော်ဝင်းက ပြောသည်။ “လျှစ်စစ်နဲ့ဘုရားမီးပူဇော်ရာကနေ အပူလွန်ကဲပြီး ဝါယာရှော့ဖြစ် လောင်ကျွမ်းတာပါ ပေါ့ဆမီးပေါ့နော်”ဟု ဦးသိန်းဇော်ဝင်းကပြောသည်။ အဆိုပါမီးကို ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေတပ်ဖွဲ့ဝင် ၂၅ ဦးနှင့် အရန်မီးသတ် ၁၀ ဦး ၊မီးသတ်ယာဉ်သုံးစီးနှင့်ရေသယ်ယာဉ် ၂စီး အပါဝင် ဇမ္ဗူသိရိအဖွဲမှ မီးသတ်ယာဉ်တစ်စီး၊လူနာတင်ယာဉ် ၁ စီးတို့ဖြင့် ပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။ […]

စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်၍ ကားမောင်းလာသည့် လူငယ်သေဆုံး

diz_admin

April 21, 2023

ရေဖြူမြို့ထဲတွင် ယနေ့(ဧပြီ ၂၁) မနက်ပိုင်းက ကားမောင်းလာသည့် လူငယ်တစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်အတွက် သေဆုံးသွားကြောင်း မြို့ခံများထံမှသိရသည်။ သေဆုံးသူမှာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိ ရေဖြူမြို့နယ်၊သစ်တိုထောင့်ရွာသား ကိုကောင်းဝေယံဦး(ခ)သားကြီးဆိုသူ ဖြစ်သည်။ ကိုကောင်းဝေယံဦးသည် ယနေ့မနက် ၁၁ နာရီ ဝန်းကျင်ခန့်က ဆေးရုံသစ်နားမှ မြို့ထဲဘက်သို့ ကားဖြင့် ထွက်လာစဉ် ရေဖြူမြို့ အနောက်ဘက်ကမ်း လမ်းဆုံးအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကပြောသည်။ “သူကိုယ်ခန္ဓာမှာ ကျည်ဆန်ရာတွေချည်းပဲ စစ်ဆေးတာမရပ်ပေးလို့နဲ့ တူပါတယ်”ဟု ၎င်းမြို့ခံကပြောသည်။ သေဆုံးသူမှာ ယင်းမြိုနယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပြီး အလုပ်ထွက်ထားသူလည်း ဖြစ်သည်။ ကိုကောင်းဝေယံဦး၏ ရုပ်အလောင်းကို ၎င်း၏ဇာတိရွာသို့ မိသားစုက သယ်ဆောင်သွားပြီဖြစ်ကြောင်း ရေဖြူမြို့ခံများ၏ ပြောပြချက်အရသိရသည်။ တနင်္သာရီတိုင်းတွင် စစ်ဆေးရေး […]

လောင်းလုံး ကြက်ယယ်တွင်းရွာတွင် ဖဲဝိုင်းကို PDF ဝင်ဖမ်း၊ ရိုက်နှက်ပြစ်ဒဏ်ပေး

diz_admin

April 21, 2023

လောင်းလုံးမြို့နယ်၊ ကြက်ယက်တွင်းရွာ အရှေ့ပြင်ပိုင်းရှိ ဖဲဝိုင်းကို ဧပြီလ ၁၉ ရက်က လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ လောင်းကစားပြုလုပ်သူများကို တုတ်ဖြင့် တစ်ချက်စီရိုက်ကာ သတိပေးပြီး လောင်းကြေးငွေများကို သိမ်းဆည်းသွားသည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ရွာရဲ့ အရှေ့ပြင်ပိုင်း ဘက်မှာပါ။ လှေလုပ်ငန်းနားနေကြတော့ ဖဲရိုက်နေကြတယ်ထင်တယ်။ အဲဒီမှာ PDF က ဝင်ဖမ်းသွားတယ်။ တစ်ချက်စီ ရိုက်ခံထိတယ်လို့လည်း ကြားရတယ်” ဟု ၎င်းက ပြောဆိုသည်။ ဖဲရိုက်လောင်းကစားလုပ်နေသူ ၁၄ ဦးကို နောက်ထပ်မပြုလုပ်ရန် ခံဝန်လက်မှတ်ထိုးစေပြီး တုတ်ဖြင့် တစ်ချက်စီ ရိုက်၍လည်း အပြစ်ပေးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်က ထုတ်ပြန်ထားသည်။ ယင်းနောက် လောင်းကြေးငွေ ၄၉၅၀၀ ကျပ် တိတိကိုလည်း သိမ်းဆည်းသွားခဲ့ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။ […]

စစ်ကောင်စီဝန်ကြီး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင်သုံးဦး ကိုဗစ်ကူးစက်ခံရ

diz_admin

April 21, 2023

တနင်္သာရီတိုင်းသို့ အသစ်ပြောင်းလာသည့် စစ်ကောင်စီ လူမှုရေးဝန်ကြီး၊ ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် သုံးဦး ကိုဗစ်ပိုးကူးစက်ခံထားရကြောင်း စုံစမ်းသိရှိရသည်။ ယင်းအပြင် လူမှုရေးဝန်ကြီး၏ ကိုယ်ရေးအရာရှိလည်း ကိုဗစ်ကူးစက်ခံထားရသည်။ လူမှုရေးဝန်ကြီးမှာ တနင်္သာရီတိုင်းသို့ပြောင်းလာသည်မှာ ရက်ပိုင်းမျှသာရှိသေးသည်။ ၎င်းတို့သုံးဦးစလုံးသည် ခရီးသွားလာခြင်းမရှိဘဲ ကိုဗစ်ကူးစက်ခံရခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ဆိုသည်။ “တစ်ထစ်ချတော့ပြောလို့မရဘူး။ သူ (လူမူရေးဝန်ကြီး) ပြောင်းလာတဲ့နေရာက ကူးလာတာလား။ ဒီရောက်မှ ကူးတာလားဆိုတာ ဘာမှပြောလို့ မရဘူးပေါ့နော်” ဟု ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကိုဗစ်ကူးစက်ခံထားရသူ သုံးဦးစလုံးသည် ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးနှံထားခြင်းကြောင့် ရောဂါလက္ခဏာ ပြင်းထန်ခြင်းမရှိကြောင်း ၎င်းက ပြောဆိုသည်။ အသက် ၅၀ ကျော်အရွယ် ထားဝယ်တက္ကသိုလ်ပါမောက္ခချုပ်ကိုမူ ထားဝယ်ဆေးရုံ ကိုဗစ်သီးသန့်ဆောင်တွင် ထားရှိ ကုသနေကြောင်း စုံစမ်းသိရသည်။ လူမှုရေးဝန်ကြီးနှင့် ၎င်း၏ ကိုယ်ရေးအရာရှိတို့ကိုမူ နေအိမ်တွင်ပင် […]