လောင်းလုံး သောကြာပြင်ရွာတွင် ထွေအုပ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ
Dawei Watch
May 31, 2023လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း အမျိုးသမီးတစ်ဦး ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၀ ကျော်ရှိ ထွေအုပ်ဝန်ထမ်း ဒေါ်ဆွေဆွေမိုးသည် သာရဂမြို့ဟောင်းရွာစာရေးမဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် သောကြာပြင်ရွာရှိ ဆွေမျိုးအိမ်တွင် လာရောက်နေထိုင်နေကြောင်း ဒေသခံအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက် အလုပ်ထွက်လိုက်သည်ဟုပြောဆိုသော်လည်း နောက်ပိုင်းတွင် လောင်းလုံးမြို့နယ် ထွေအုပ်ရုံးတွင် အလုပ်ဆင်းနေသည်ကိုမြင်တွေ့နေရကြောင်း သောကြာပြင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အရင်တုန်းက မှတ်ပုံတင်တွေ ထောက်ခံစာတွေလုပ်ပေးတယ်။ ကိုဗစ်ဆေးလက်မှတ်သွားထုတ်ချိန်ဆိုလည်း သူ့ကို မြင်ရတယ်။ ပုံမှန်ရုံးကိုသွားနေတာပဲ။ ရုံးကိုသွားနေလို့ သူ့ကိုဆိုင်ကယ်နဲ့ နောက်ကနေလိုက်ပြီး သတိပေးနေတယ်ဆို ပြောတယ်” ဟု ၎င်းက ပြောသည်။ ဒေါ်ဆွေဆွေမိုး အလုပ်ကအပြန် အိမ်ထဲဝင်မည့်အချိန် ဆိုင်ကယ်ဦးထုပ်ဆောင်းထားသူ အမျိုးသားနှစ်ဦးက […]


