သရက်ချောင်းက မြေးအဖွားနှစ်ဦး ဥယျာဉ်ခြံသွားစဉ် မိုင်းထိ
diz_admin
January 19, 2023သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ကျွဲခြံရွာက မြေးအဖွားနှစ်ဦး ဇန်နဝါရီလ ၁၈ ရက် နံနက် ၉ နာရီခန့်က ဥယျာဉ်ခြံသို့သွားစဉ် မိုင်းထိမှန်သဖြင့် ဆေးရုံတင်ထားရကြောင်း ဒေသခံအချို့ထံက သိရသည်။ ကျွဲခြံရွာမှ ဝင်းကဖော်ရွာဘက်သို့သွားသည့် လမ်းပိုင်းတွင် ဆိုင်ကယ်ဖြင့်သွားစဉ် လက်လုပ်မိုင်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မိုင်းစထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ကျွဲခြံရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ “သူ့မြေးမှာတော့ ခေါင်းမှာရှပ်ထိတယ်ဆိုပြောတယ်။ သူ့အဖွားကတော့ နောက်ကျောဘက်မှာလား ခါးမှာဆိုလား မသိဘူး။ အခုက သရက်ချောင်းဆေးရုံမှာ။ မစိုးရိမ်ရဘူး။ သက်သာနေပြီဆိုပြောတယ်” ဟု ၎င်းက ဆိုသည်။ အဖွားဖြစ်သူ ဒေါ်သီးမေမှာ အသက် ၆၀ ကျော် အရွယ်ဖြစ်ပြီး မြေးဖြစ်သူ မပျိုပျိုမှာ ၁၅ နှစ်မှ ၂၀ နှစ်ကြား ဝန်းကျင် အရွယ်ဖြစ်ကြောင်း အထက်ပါအမျိုးသမီးက ပြောဆိုသည်။ မိုင်းပေါက်ကွဲသည့် […]


