ရငဲရွာက စစ်ဘေးရှောင် လူငယ်တစ်ဦးကို စစ်ကောင်တပ်က ပစ်သတ်
Dawei Watch
June 11, 2023သရက်ချောင်းမြို့နယ်၊ ရငဲရွာက စစ်ဘေးရှောင်လူငယ်အမျိုးသားတစ်ဦးကို ယနေ့ ဇွန် ၁၁ ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဇွန်လ ၈ ရက်နေ့တည်းက စစ်ကောင်စီတပ်သည် မင်းဒပ်၊ သိမ်ကုန်း၊ ကမြိုင်၊ ရငဲ၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ ကနက်သီရိကျေးရွာများဘက်ကို စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်။ စစ်ဘေးရှောင်နေသည့် အသက် ၂၃နှစ်ခန့်အရွယ် ကိုဝေယံဟိန်းမှာ ကျန်းမာရေးမကောင်းသည့် မိခင်အတွက် အိမ်၌ ဆေးဝါးပြန်ယူစဉ် စစ်ကောင်စီတပ်ဖွဲ့နှင့်တွေ့ပြီး ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ရငဲရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ “သူလည်းစစ်ဘေးရှောင်ပဲ။ သူ့အမေက ကျန်းမာရေးမကောင်းဘူးဆိုတော့ သူ့အမေတွက် ဆေးလာယူပေးတာ။ စစ်တပ်နဲ့ တွေ့ပြီး ပစ်သတ်လိုက်တယ်တဲ့။ သူတို့အိမ်ရှေ့မှာပဲ စစ်တပ်နဲ့တွေ့တယ်။ ထွက်ပြေးလို့ပစ်သတ်တယ်တဲ့” ဟု အထက်ပါအမျိုးသမီးက ပြောဆိုသည်။ ကိုဝေယံဟိန်း၏ ရုပ်အလောင်းကို […]


