BREAKING
November 11, 2025

ထားဝယ်

ကလိန်အောင်မြို့တွင် လက်နက်ကြီး ပစ်ခတ်သံများကြားရ

diz_admin

March 17, 2023

ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီးဝန်းကျင်တွင် မတ်လ ၁၆ ရက်ညက သေနတ်ပစ်ခတ်သံများနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားရကြောင်း မြို့ခံများက ပြောသည်။ ကလိန်အောင်တံတားအနီး၊ ဇင်းဘာရွာလမ်းဝန်းကျင်တွင် ပစ်ခတ်သံများကြားရခြင်းဖြစ်သည်ဟု ဆိုသည်။ “ညက လက်နက်ကြီးသံတွေပါ ပါတယ်။ ခါတိုင်းလှန့်ပစ်နေသလို မဟုတ်ဘူး။ သေနတ်သံတွေလည်းကြားရတယ်။ ပစ်နေတာတော့ တော်တော်ကြာတယ်။ ည ၉ နာရီခွဲလောက်က ပစ်သံစကြားရတယ်။ ၄၅မိနစ်၊ တစ်နာရီလောက် ကြာတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ အဆိုပါပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သတ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဟုတ်မဟုတ် သီးခြားအတည် မပြုနိုင်သေးသလို ထိခိုက်မှုအခြေအနေလည်း မသိရသေးပေ။ ကလိန်အောင်တံတား စစ်ဆေးရေးဂိတ်တွင်မူ စစ်ကောင်စီတပ်သားများက ညဘက်တွင် တံတားအောက်ဘက် ကလိန်အောင်ချောင်းအတွင်းသို့ သေနတ်ခြောက်လှန့်ပစ်ခတ်လေ့ရှိကြောင်း မြို့ခံများက ပြောဆိုသည်။ မတ်လ ၁၇ ရက် နံနက်ပိုင်းတွင်မူ ကလိန်အောင်မြို့အတွင်း ပုံမှန်လှုပ်ရှားသွားလာနေကြကြောင်း မြိုခံများထံမှ […]

လောင်းလုံးမြို့နယ်တကြော စစ်ကြောင်းထိုးနေပြီး ဒေသခံများ ဖမ်ဆီး၊ ပစ်ခတ်ခံရ

diz_admin

March 17, 2023

လောင်းလုံးမြို့နယ်တကြောကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ဒေသခံနှစ်ဦး ပစ်ခတ်ခံရကာ ဖမ်းဆီးခံရသူများလည်း ရှိနေကြောင်း စုံစမ်းသိရှိရသည်။ မတ်လ ၁၆ ရက်တွင် စစ်ကောင်စီတပ်က လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု၊ စမ်းလှမ်း၊ တီဇစ် ကျေးရွာအနီးတွင် စစ်ကြောင်းတစ်ကြောင်း၊ မင်းရပ်၊ သာယာကုန်း၊ အင်းဝန်း၊ ကမြောကျေးရွာတို့ဖက်တွင် စစ်ကြောင်းတစ်ကြောင်းတို့ဖြင့် တောနင်းရှာဖွေနေကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းသို့စစ်ကြောင်းထိုးရှာဖွေမှုများကြောင့် ဒေသခံများမှာ တိမ်းရှောင်နေကြရကြောင်း ၎င်းတို့က ဆိုသည်။ ဒေသခံအချို့လည်း ဖမ်းဆီးခံထားရပြီး ပစ်ခတ်ခံရသူလည်းရှိလာနေကြောင်း ဒေသခံတို့က ပြောဆိုသည်။ မတ်လ ၁၆ ရက် နံနက်ပိုင်းတွင် မင်းရပ်ကျေးရွာဘက်မှ ထားဝယ်မြို့ဘက်သို့ လာသည့် ခြေလျင်စစ်ကြောင်း တစ်ကြောင်းသည် လမ်းတစ်လျှောက် သေနတ်ပစ်ဖောက်ပြီး သွားနေသည်ကိုတွေ့ရကြောင်း ခရီးသည်အချို့က ပြောသည်။ သာယာကုန်းကျေးရွာက စိတ်ဝေဒနာသည်အမျိုးသားတစ်ဦးအား စစ်ဆေးရန်ခေါ်ယူသည်ကို မလာဟုဆိုကာ ပစ်ခတ်ခဲ့သဖြင့် […]

သရက်ချောင်းတွင် စစ်ကောင်စီတပ်ရင်းများသို့ သွယ်ထားသည့် ရေပိုက်လိုင်းမိုင်းခွဲခံရ

diz_admin

March 17, 2023

စစ်ကောင်စီတပ် တပ်ရင်းများသို့ သွယ်တန်းထားသည့် ရေပိုက်လိုင်းကို သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က မတ်လ ၁၆ ရက် ညနေပိုင်းတွင် မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲဖျက်စီးခဲ့ကြောင်း ယင်းတပ်ဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ သရက်ချောင်း ရေတံခွန်ရေလှောင်ကန်မှ စစ်ကောင်စီတပ် ခမရ ၄၀၃၊ ခမရ ၄၀၄၊ ခမရ ၄၀၅ တပ်ရင်းများထဲသို့ သွယ်တန်းထားသည့် ရေပိုက်လိုင်းဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ ခြောက်လက်မနှင့် ရှစ်လက်မ ပတ်လည်ရှိ သံပိုက်လိုင်းများကို မတ်လ ၁၆ ရက် ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့ထံက သိရသည်။ ခြောက်လက်မပတ်လည်ပိုက်လိုင်းမှာ အလုံးစုံပျက်စီးခဲ့ပြီး ရှစ်လက်မပတ်လည် ပိုက်လိုင်းမှာ အနည်းငယ်သာ ထိခိုက်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ ရေပိုက်လိုင်းကို […]

ကံပေါက်တွင် ဘေးတွဲဆိုင်ကယ်မှောက်ပြီး အမျိုးသားတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

diz_admin

March 16, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် မောင်းနှင်သူတစ်ဦးအပါအဝင် လေးဦးလိုက်ပါစီးနင်းလာသည့် ဘေးတွဲဆိုင်ကယ် တစ်စီးတိမ်းမှောက်ပြီး အမျိုးသားတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။ အုန်းပင်ကွင်းကျေးရွာအုပ်စု၊ ပယရွာအဝင်လမ်းတွင် မတ်လ ၁၅ ရက် ညနေပိုင်းက တိမ်းမှောက်ခြင်းဖြစ်သည်။ သေဆုံးသူ အမျိုးသားမှာ ကံပေါက်ဒေသ၊ ဂန့်ဂေါ်တောင်ရွာသား ကိုသားသားဆိုသူဖြစ်ပြီး ကျန်သုံးဦးမှာ ဒဏ်ရာအနည်းငယ်ရရှိကြောင်း ဒေသခံတို့က ဆိုသည်။ “ကိုသားသားက ခေါင်းထိပြီး ပွဲချင်းပြီး (သေ) သွားတာ။ ကျန်လူတွေလည်း သတိမေ့သွားသေးတယ်။ ဆေးရုံကို ရောက်မှ သတိပြန်ရကြတယ်” ဟု ဂန့်ဂေါ်တောင်ရွာသားတစ်ဦးက ပြောဆိုသည်။ ကိုသားသားသည် ၎င်း၏ရော်ဘာခြံက အလုပ်သမားများကို ပယရွာရှိနေအိမ်များသို့ ပြန်သွားပို့စဉ် ဘေးတွဲ တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။ ကံပေါက်ဒေသတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသား သုံးဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ဇန်နဝါရီလ ၂၅ […]

ရေဖြူ လဝကရုံးမီးရှို့ခံရပြီး ပြည်သူတစ်သိန်းကျော်၏ အချက်အလက်များ မီး‌လောင်သွားဟုဆို

diz_admin

March 16, 2023

ထားဝယ်ခရိုင် ရေဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံး(လဝက) မီးရှို့ခံရပြီး ပြည်သူတစ်သိန်းကျော်၏ အချက်အလက်များ မီးထဲပါသွားကြောင်း တနင်္သာရီတိုင်းစစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ပြောသည်။ မတ်လ ၁၅ ရက် ည ၇ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ( PDF အဖွဲ့) ၇ ဦးရောက်လာပြီး သေနတ်များပစ်ဖောက်ကာ လဝကရုံးကို မီးရှို့သွားခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “လူတွေတော့ ထိခိုက်မှုမရှိဘူး။ အချက်အလက်ကတော့ တစ်သိန်းကျော်လောက်ရှိမှာပေါ့ မီးထဲပါသွားတာ။ မှတ်ပုံတင်အချက်အလက်ဆိုတာက အရမ်းအရေးကြီးတဲ့ဟာတွေလေ။ သူတို့က ဓာတ်ဆီလောင်းပြီးရှို့တာ” ဟု အထက်ပါပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ လူပေါင်း တစ်သိန်းကျော်၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းတို့နှင့်သက်ဆိုင်သည့် အချက်အလက်များ မီးလောင်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ မီးလာရှို့ချိန် ရုံးထဲတွင် ဝန်ထမ်းအချို့ရှိနေပြီး သေနတ်ပစ်ဖောက်သံများကြားသဖြင့် ထွက်ပြေးခဲ့ရကြောင်း၎င်းက ဆက်လက်ပြောဆိုသည်။ ရေဖြူမြို့ခံတစ်ဦးကလည်း ည ၇ […]

FOEIM ကျောင်းသားမိဘများ ဖမ်းဆီးခံရသည့်သတင်းကြောင့် တနင်္သာရီတိုင်းက ကျောင်းသားမိဘများစိုးရိမ်

diz_admin

March 16, 2023

အချက်အလက်ပေါက်ကြားပြီး‌နောက် ပိတ်သိမ်းလိုက်ပြီဖြစ်သည့် FOEIM အွန်လိုင်းကျောင်းတွင် ကျောင်းအပ်ခဲ့သည့် ကျောင်းသားမိဘများ ဖမ်းဆီးခံနေရကြောင်း ပြည်တွင်းသတင်းဌာနတို့တွင် ဖော်ပြထားသည်။ မိဘများဖမ်းဆီးခံလာရသဖြင့် FOEIM တွင် ကျောင်းအပ်ထားသည့် တနင်္သာရီတိုင်းရှိ ကျောင်းသားမိဘများမှာလည်း စိုးရိမ်မှုမြင့်တက်လျှက်ရှိသည်။ “အစတုန်းကတော့ ဖုန်းဆင်းမ်ကတ်တွေထုတ်ထားလိုက်ရင် အဆင်ပြေမယ်လို့ထင်ထားတာ။ အခုပုံစံ ဖမ်းခံရနေတဲ့သူတွေရှိလာပြီဆိုရင်တော့ အိမ်မှာနေရတာ နောက်ကျောမလုံသလိုဖြစ်လာတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ ငွေကြေးအလွဲသုံးစားမှုများဖြင့် နာမည်ဆိုးထွက်လာသည့် FOEIM ကျောင်းသည် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ကျောင်းသား၊ ကျောင်းသူများ၏ အချက်အလက်များ အွန်လိုင်းပေါ်ပေါက်ကြားလာခဲ့သည်။ ပေါက်ကြားလာသည့်အချက်အလက်များထဲတွင် ကျောင်းသားအမည်၊ ဖခင်အမည်၊ ဖုန်းနံပါတ်တို့ပါဝင်နေသည်။ ယင်းနောက် မတ်လထဲတွင် ကျောင်းသားမိဘများဖမ်းဆီးခံရသည့်သတင်းများထွက်ပေါ်လာခဲ့သည်။ ပြည်တွင်းသတင်းဌာနအချို့ဖော်ပြချက်အရ ဧရာဝတီတိုင်း မြန်အောင်မြို့က ကျောင်းသားမိဘတစ်ဦးကို မတ်လ ၁၂ ရက်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိရသည်။ စစ်ကောင်စီလော်ဘီ […]

ကွမ်းသီးဈေးကျနေ၍ သီးစားဝယ်သူများ အရှုံးပေါ်

diz_admin

March 15, 2023

ကွမ်းသီးဈေးကျနေသည့်အတွက် သီးစားဝယ်သူများ အရှုံးပေါ်နေကြောင်း သီးစားဝယ်ယူသူအချို့နှင့် ကွမ်းသီးခြံရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်နှစ်က ကွမ်းသီးခြောက်တစ်ပိဿာလျှင် ငွေကျပ် ၈၄၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး ကွမ်းသီးရာသီကုန်သည့် မတ်လဆန်းခန့်တွင် တစ်ပိဿာ ၆၂၀၀ ကျပ်ခန့်ရှိပေါက်ခဲ့သည်ဟု ကွမ်းသီးရောင်းသူနှင့် ကွမ်းသီးဝယ်သည့် ပွဲရုံအချို့က ဆိုသည်။ ပြီးခဲ့သည့်နှစ်က ကွမ်းသီးဈေးကောင်းရသဖြင့် ယခုနှစ်တွင်လည်း အနည်းဆုံးဈေး တစ်ပိဿာ ၅၀၀၀ ကျော် ၆၀၀၀ ဝန်းကျင်ခန့်ရမည်ဟု ခန့်မှန်းကာ သီးစားဝယ်ခဲ့သော်လည်း ယခုနှစ် ကွမ်းသီးဈေးမှာ တစ်ပိဿာကို ၄၃၀၀ ဝန်းကျင်ခန့်သာရသဖြင့် အရှုံးပေါ်ခဲ့ခြင်းဖြစ်သည်ဟု သရက်ချောင်းမြို့နယ်၊ ဆင်ကူးရွာမှ ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အမြတ်မကျန်တာမဟုတ်ဘူး၊ အလုပ်သမားခလည်းရှုံးတယ်၊ အမြတ်လည်းမရှိအောင်ကိုရှုံးတယ်၊ မနှစ်က ကုန်ဈေးနှုန်းထက်ပဲ အခုကုန်ဈေးနှုန်းတွေက ကြီးနေတာဆိုတော့ ကွမ်းသီးဈေးလည်း မနှစ်ကထက် များလိမ့်မယ်ဆိုထင်ပြီးဝယ်လိုက်တာ၊ အခုက မနှစ်ကထက် […]

လောင်းလုံးရှိ စစ်ဘေးရှောင်များကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အကူအညီပေးနေ

diz_admin

March 15, 2023

နေအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရသည့် ပြည်သူများအနေဖြင့် စားနပ်ရိက္ခာနှင့် ယာယီအဆောက်အအုံများ လိုအပ်ပါက လောင်းလုံးမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ကူညီမည်ဖြစ်ပြီး ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် လောင်းလုံးမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာလာရသူ ၁၄၀၀ ခန့်ကို ရိက္ခာ၊ဆေးဝါးနှင့် ယာယီအဆောက်အအုံ အတွက် မိုးကာစများ ကူညီထောက်ပံ့ထားပြီးဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူ ကိုဟိဏ်းထက်က ဆိုသည်။ နီးစပ်ရာတောတောင်များအတွင်း တိမ်းရှောင်နေပြီး မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လက်လှမ်းမမီသည့်နေရာ ရောက်နေကြသည့် စစ်ဘေးရှောင်များအနေဖြင့်လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက ပြောသည်။ ထို့အပြင် ဆွေမျိုးသားချင်းနေအိမ်များတွင် နေထိုင်သော်လည်း နာတာရှည်ရောဂါနှင့် အရေးပေါ်ကျန်းမာရေး အခြေအနေအရ ဆေးရုံတင်ကုသရမည့်လူနာများအတွက်ပါ အကူအညီတောင်းခံနိုင်ကြောင်း ၎င်းက ဆိုသည်။ “ကျွန်တော်တို့ကို ဆက်သွယ်မယ်ဆိုရင် Page ကနေ ဆက်သွယ်လို့ရတယ်။ ပြီးရင် သက်ဆိုင်ရာ မြေပြင်မှာရှိတဲ့ ကိုယ်နဲ့သိတဲ့ တော်လှန်ရေးအစုအဖွဲ့တွေကို ချိတ်ဆက်ဆောင်ရွက်လို့ရတယ်”ဟု ကိုဟိဏ်းထက်က […]