ကုန်တင်ကားဝင်တိုက်သဖြင့် သုံးဘီးယာဉ်မောင်းသေဆုံး
diz_admin
March 25, 2023ထားဝယ်မြို့နယ် ဇဟာရွာအနီး ယနေ့(မတ် ၂၅)နံနက်ပိုင်းက ရပ်ထားသည့်သုံးဘီးယာဥ်ကို ကုန်တင်ကားက နောက်မှဝင်ရောက်တိုက်မိခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားသည်ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေး အဖွဲ့ထံမှသိရသည်။ ယနေ့နံနက် အစောပိုင်းက ရေဖြူဘက်မှလာသော ကုန်တင်ကားမှာ ထားဝယ်မြို့ မောင်မယ်ရှောင်ရွာနှင့် ဇဟာရွာကြားတွင် ထားဝယ်ဘက်ခေါင်းလှည့် ရပ်ထားသည့် သုံးဘီးမော်တော်ယာဉ်ကို ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်သည်ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးနိုင်မျိုးသွင်ကပြောသည်။ “သုံးဘီးကားရောလူရော လမ်းဘေးမြောင်းထဲကျသွားတယ်။ ယာဉ်မောင်းကတော့ သေသွားတယ်”ဟု ဦးနိုင်မျိုးသွင်ကပြောသည်။ သေဆုံးသူမှာ သုံးဘီးယာဉ်မောင်းဖြစ်သူ အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ရေဖြူမြို့နယ် ဆင်းသေရွာသား ဦးစိုးဝင်းဆိုသူဖြစ်သည်။ သေဆုံးသူအမျိုးသားသည် ရေဖြူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးတွင် ညစောင့်လုံခြုံရေးတာဝန်ထမ်းဆောင်နေသူ တစ်ဦးလည်းဖြစ်သည်ဟု သိရသည်။ ယနေ့နံနက်စောစောပိုင်းတွင် ထားဝယ်မြို့၏ အနီးတစ်ဝိုက်တွင် ဆီးနှင်းများထူထပ်စွာ ကျရောက်လျက်ရှိပြီး အခင်းဖြစ်ပွားရာ နေရာအနီးလမ်းမပေါ်တွင်လည်း ဆယ်ပေကွာတွင်ရှိသည့် […]


