သင်္ကြန်ကာလတွင် အဝေးပြေးယာဉ်လိုင်းအများစု ရပ်နားပြီး အချို့သာပြေးဆွဲမည်
diz_admin
April 6, 2023သင်္ကြန်ကာလအတွင်း ထားဝယ်-ရန်ကုန် ပြေးဆွဲနေသည့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းအများစု ရပ်နားပြီး အချို့သာ ပြေးဆွဲမည်ဖြစ်ကြောင်း အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူများထံမှ သိရသည်။ ရပ်နားမည့် အဝေးပြေးယာဉ်လိုင်းအချို့မှာ လာမည့်ဧပြီလ ၁၀ ရက်မှ ၁၈ ရက်နေ့အထိ တစ်ပတ်ခန့် ရပ်နားထားမည်ဖြစ်ကြောင်း ယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးကပြောသည်။ “သင်္ကြန်အတွင်း နားတာကတော့ ထုံးစံပါပဲ”ဟု ၎င်းကပြောသည်။ သို့သော်အချို့ မော်တော်ယာဉ်များမှာ ဘုရားဖူးအဖွဲ့များနှင့် မြန်မာပြည်အထက်ပိုင်းသို့ အော်ဒါတင်ထားသည်မျိုးရှိကြောင်း ၎င်းတို့ထံမှသိရသည်။ သင်္ကြန်ကာလအတွင်း ပြေးဆွဲသည့် မော်တော်ယာဉ်နည်းပါးသဖြင့် ပုံမှန်ထက် မော်တော်ယာဉ်စီးနင်းခ မြင့်တက်နိုင်ကြောင်း ထားဝယ်မြို့ရှိ ကားလက်မှတ် ကိုယ်စားလှယ်ရောင်းချသူ အမျိုးသမီးတစ်ဦးကပြောသည်။ အန်စာတုံး အမျိုးစားကားဆိုပါက ပုံမှန် ထားဝယ်-ရန်ကုန် ခရီးစဉ်တစ်ကြောင်းကို ထိုင်ခုံတစ်လုံး ၅၅၀၀၀ ကျပ်ရှိရာမှာ သင်္ကြန်တွင်းတွင် ၆၀၀၀၀ ကျပ်ဖြစ်သွားမည်ဟု ဆိုသည်။ Express မှန်လုံခရီးသည်တင်ကားဆိုပါက ပုံမှန် ထိုင်ခုံတစ်လုံးကို […]


