ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကြောင်းထိုး ဖမ်းဆီးနေသဖြင့် ရွာသုံးရွာဒေသခံများတိမ်းရှောင်
Dawei Watch
August 10, 2023ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသကို စစ်ကောင်စီတပ်က ဩဂုတ်လ ၈ ရက်မှစတင်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာသုံးရွာမှ ထောင်နှင့်ချီသော ဒေသခံများ တိမ်းရှောင်နေကြရ ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဩဂုတ်လ ၁၀ ရက် နံနက် ၉ နာရီခန့်က ခမောင်းချောင်းရွာထိပ်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ခမောင်းချောင်း၊ ဧကနိ၊ ရငဲ စသောကျေးရွာများက ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ယင်းရွာ သုံးရွာပေါင်း အိမ်ခြေထောင်ဂဏန်းရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ “အခုကတော့ သူတို့ (ခမောင်းချောင်းရွာက) စာသင်ကျောင်းမှာ တပ်စွဲထားလိုက်ပြီ။ နေအိမ်တွေ ဆိုင်တွေလည်း ဖျက်ဆီးခံထားရတယ်။ ဆန်ဆီရိက္ခာအကုန်ယူသွားတယ်ဗျာ။ လူတွေလည်း မရှိတော့ဘူး။ ထွက်ပြေးကုန်ကြပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ အင်အားတစ်ရာကျော်ရှိသော စစ်ကောင်စီတပ်သည် […]


