BREAKING
November 10, 2025

ထားဝယ်

ထားဝယ်-ရန်ကုန်ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

Dawei Watch

June 1, 2023

ထားဝယ်-ရန်ကုန် ကားလမ်း မိုင် ၃၀ အနီးတွင် မေလ ၃၁ ရက် ညနေ ၅ နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TPLF- ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ထံမှသိရသည်။ ကလိန်အောင်ဘက်မှ ရေဖြူမြို့နယ်ဘက်သို့ ကားငါးစီးဖြင့် ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TPLFနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ “အဖွဲ့တွေက လမ်းကနေစောင့်ပြီးပစ်တာ၊ ထိခိုက်မှုကတော့ များတယ်။ ဟိုက်ဂျက်သုံးစီးနဲ့ အရေးပေါ်ကားနှစ်စီးနဲ့ လာတင်ဆောင်သွားတယ်” ဟု မြင်တွေ့ခဲ့ရသူတစ်ဦးကဆိုသည်။ ယင်းတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် PDF တပ်ဖွဲ့က ပြန်ဆုတ်ခွာခဲ့သည်ဟု ၎င်းက ပြောသည်။ အဆိုပါယာဉ်တန်းမှာ ရှေ့တန်းမှပြန်လာသည့် ရေဖြူမြို့နယ်အခြေစိုက် ခမရ ၄၀၇ တပ်ရင်းက ယာဉ်တန်းဖြစ်သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ်၊ ဝကုန်းရွာသားတစ်ဦး ပစ်သတ်ခံရပြီးပြီး သင်္ကန်းတုံးရွာက နေအိမ်ရှစ်လုံးမီးရှို့ခံရ

Dawei Watch

June 1, 2023

ထားဝယ်မြို့နယ်၊ အရှေ့တောဒေသ ဝကုန်းရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ပြီး သင်္ကန်းတုံးရွာက နေအိမ်ရှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ မနေ့(မေ ၃၁)မနက်ပိုင်းက သင်္ကန်းတုံးရွာကို လိုအပ်သည့် ပစ္စည်းများပြန်လာယူသည့် စစ်ဘေးရှောင်မိသားစုမှ မနန်းထွေးတို့ သားအမိနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သဖြင့်ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချိုု့က ပြောသည်။ ယင်းနေ့ မနက်ပိုင်းမှာပင် မနန်းထွေး၏ အမျိုးသားနှင့် တူမဖြစ်သူအပါအဝင် သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာက ဒေသခံခြောက်ဦး အဖမ်းခံခဲ့ရပြီး ဝကုန်းရွာမှ ကိုကျော်မင်းခန့်ကို ဖမ်းဆီးထားသူများရှေ့မှာပင် စစ်ကောင်စီတပ်က သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း ပြန်လွတ်လာသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။ “ဝကုန်းက တစ်ယောက်ကိုတော့ ဖမ်းခံထားရသူတွေရှေ့မှာပဲ ပစ်သတ်လိုက်တာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။ သင်္ကန်းတုံးရွာမှ ပြန်လည်ထွက်ခွာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာကိုမီးရှို့ခဲ့ခြင်းကြောင့် နေအိမ် ၈ လုံးခန့်မီးလောင်ပျက်စီးခဲ့သည်ဟု အမည်မဖော်လိုသည့် […]

ရေဝိုင်းရွာတွင် နေအိမ်နှစ်လုံး မီးရှို့ခံရ၊ ခေါင်တိုင်ပြင်ရွာတွင် ဘုန်းကြီးကျောင်းမီးလောင်

Dawei Watch

June 1, 2023

စစ်ကောင်စီတပ်စစ်ကြောင်းထိုး ဝင်ရောက်လာသည့် ရေဝိုင်းရွာတွင် နေအိမ်နှစ်လုံး မီးရှို့ခံရပြီး ခေါင်တိုင်ပြင်ရွာတွင် ဘုန်းကြီးကျောင်းဆောင် တစ်ဆောင် မီးလောင်ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။ မေလ ၂၈ ရက် စစ်ကောင်စီတပ်စစ်ကြောင်းသည် ရေဝိုင်းရွာထဲသို့ ရောက်ရှိလာပြီး နေအိမ်အချို့ကို ရှာဖွေစစ်ဆေးခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် နေအိမ်နှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ မီးရှို့ခံရသည့် အကြောင်းအရင်းကို သေသေချာချာ မသိရသေးကြောင်း ဒေသခံအချို့က ဆိုသည်။ ရေဝိုင်းရွာတွင် နေအိမ်မီးရှို့ခံနေရကြောင်း Dawei Watch အနေဖြင့် မေလ ၂၈ ရက်ကတည်းက ကြားသိရသော်လည်း ဒေသခံအချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရသဖြင့် ဖုန်းဆက်သွယ်မရခဲ့ပေ။ ရေဝိုင်းရွာသို့ ရောက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းသည် နေ့လယ်ပိုင်းတွင် ကပ်လျက်ရှိသည့် ခေါင်တိုင်ပြင်ရွာဖက်သို့ ထွက်ခွာသွားသည်ဟု ဒေသခံတို့က ဆိုသည်။ စစ်ကောင်စီတပ်သားများ ခေါင်တိုင်ပြင်ရွာထဲရောက်နေချိန်တွင် […]

ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်ပစ်ခတ်သ‌ဖြင့် အမျိုးသားတစ်ဦးသေဆုံး

Dawei Watch

June 1, 2023

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇွန်လ ၁ ရက် နေ့လယ်ပိုင်းတွင် ရှင်ကိုးရှင်စာရင်းဝင် ကလိန်အောင်ဆံတော်ရှင်စေတီ တောင်တက်လမ်း အနီးတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “အရက်ကြောင်ပြီး (ကလိန်အောင်) တံတားဂိတ်ကို ဆိုင်ကယ်ဖြတ်သွားတုန်း အော်ဆဲလို့ ဂိတ်က ပစ်တာမထိဘူး။ ပြီးတာနဲ့ ဆိုင်ကယ်ကို ဘုရားတောင်ပေါ် မောင်းသွားတယ်။ စစ်တပ်ကလည်း လိုက်သွားတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ တောင်ပေါ်က ဆင်းလာချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။ သေဆုံးသူမှာ ကိုနိုင်ဦးဆိုသူဖြစ်ပြီး မွန်ပြည်နယ် ရေးမြို့နယ်မှဖြစ်ကာ ကလိန်အောင်ဆံတော်ရှင်ဘုရား တောင်ခြေရှိ အင်းပြားရွာတွင် […]

ထားဝယ်မြို့အနီးတွင် မနေ့ညက လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲ

Dawei Watch

June 1, 2023

ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမြောကင်းတံတားအနီးတွင် မနေ့ည (မေ ၃၁)က လက်နက်ကြီး ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု ထားဝယ်မြို့ခံများထံမှသိရသည်။ မေလ ၃၁ ရက် ည ၁၀ နာရီ ခွဲကျော်ခန့်စပြီး ပစ်ခတ်ပေါက်ကွဲသံ များထွက်ပေါ် လာသည်ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။ “အိမ်ပါတုန်သွားတယ် လက်နက်ကြီးက ဆယ်ချက်ထက်မနည်းဘူး။ ကမြောကင်း တံတားဘက်ကရော မြို့ထဲကရောပဲ”ဟု ၎င်းဒေသခံကပြောသည်။ အဆိုပါလက်နက်ကြီးကို မြို့ထဲကင်းလှည့်နေသည့် စစ်ကောင်စီတပ် နှင့် ကမြောကင်းတံတား ဂိတ်ဘက်က ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ အထက်ပါပြောဆိုချက်အပေါ်  Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အဆိုပါလက်နက်ကြီးကျဉ်ဆန်အချို့မှာ ထားဝယ်မြစ်ကမ်းဘေးရှိ လောင်းလုံးဘက်ခြမ်းမှ ကျေးရွာအချို့ကိုလည်းကျရောက်ခဲ့ ကြောင်း  ထားဝယ်မြစ်၏ တစ်ဖက်ကမ်းမှ ဒေသခံများကပြောကြသည်။ “ပေါက်ကွဲသံကတော်တော်ပြင်းတယ်။ ကလေးတွေတောင်လန့်တယ်။ မနည်း ချော့ယူထားရတယ်။ ပေါက်ကွဲသံထွက်ပြီးတာနဲ့ အိမ်ခေါင်မိုးပေါ် ခဲလုံး […]

လောင်းလုံး သောကြာပြင်ရွာတွင် ထွေအုပ်ဝန်ထမ်း အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ

Dawei Watch

May 31, 2023

လောင်းလုံးမြို့နယ်၊ သောကြာပြင်ကျေးရွာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်း အမျိုးသမီးတစ်ဦး ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၄၀ ကျော်ရှိ ‌ထွေအုပ်ဝန်ထမ်း ဒေါ်ဆွေဆွေမိုးသည် သာရဂမြို့ဟောင်းရွာစာရေးမဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် သောကြာပြင်ရွာရှိ ဆွေမျိုးအိမ်တွင် လာရောက်နေထိုင်နေကြောင်း ဒေသခံအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက် အလုပ်ထွက်လိုက်သည်ဟုပြောဆို‌သော်လည်း နောက်ပိုင်းတွင် လောင်းလုံးမြို့နယ် ထွေအုပ်ရုံးတွင် အလုပ်ဆင်းနေသည်ကိုမြင်တွေ့နေရကြောင်း သောကြာပြင်ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အရင်တုန်းက မှတ်ပုံတင်တွေ ထောက်ခံစာတွေလုပ်ပေးတယ်။ ကိုဗစ်ဆေးလက်မှတ်သွားထုတ်ချိန်ဆိုလည်း သူ့ကို မြင်ရတယ်။ ပုံမှန်ရုံးကိုသွားနေတာပဲ။ ရုံးကိုသွားနေလို့ သူ့ကိုဆိုင်ကယ်နဲ့ နောက်ကနေလိုက်ပြီး သတိပေးနေတယ်ဆို ပြောတယ်” ဟု ၎င်းက ပြောသည်။ ဒေါ်ဆွေဆွေမိုး အလုပ်ကအပြန် အိမ်ထဲဝင်မည့်အချိန် ဆိုင်ကယ်ဦးထုပ်ဆောင်းထားသူ အမျိုးသားနှစ်ဦးက […]

မင်းရပ်ကူးတို့ရှိ စစ်ကောင်စီဂိတ်တွင် စစ်သားများမရှိတော့ဟုဆို

Dawei Watch

May 31, 2023

ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့စစ်ဆေးရေး ဂိတ်စခန်းတွင် စစ်ကောင်စီတပ်သားများ မရှိတော့ဟု ထားဝယ်မြို့ခံ အချို့ထံမှသိရသည်။ လွန်ခဲ့သည့် သုံးရက်ခန့်မှစပြီး ယာယီကင်းတဲများ ဖျက်သိမ်းထားသည်ကို‌ တွေ့ရပြီး စစ်ကောင်စီတပ်သားများလာရောက် နေထိုင်သည်ကို မတွေ့ရတော့ကြောင်း ထားဝယ်မြို့ခံတစ်ဦးကပြောသည်။ ” လမ်းမပေါ်မှာ ဘယ်ရီဂိတ် တွေမရှိတော့ဘူး ၊သဲအိတ်တွေပဲရှိတော့တယ်။ စစ်‌ကောင်စီတပ်သားတွေ မတွေ့ရ တော့တာ  သုံးလေးရက်ရှိနေပြီ”ဟု အထက်ပါမြို့ခံကပြောသည်။ အဆိုပါစစ်ဆေးရေးဂိတ်သည် အာဏသိမ်းပြီးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအနီး ထားဝယ်မြစ် ကမ်းနဘေး ၊မင်းရပ်ကူးတို့ ဆိပ်ကမ်းတွင် ရှိသည်။ ယင်းဂိတ်မှာ ဒေသခံပြည်သူများ၏ ရေကြောင်းသွားလာမှုကို စောင့်ကြည့်ခြင်းအပြင် စစ်ကောင်စီတပ်က ရေကြောင်းအသုံးပြု စစ်ရေးလှုပ်ရှားမှုများတွင် ဆိပ်ခံတံတားအဖြစ် အသုံးပြုလေ့ရှိသည်။ အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများ စတင်လာချိန်တွင် ခရီးသွားပြည်သူများကို စစ်ဆေးခြင်းမျိုးရှိသော်လည်း နောက်ပိုင်း စစ်ဆေးသည်ကိုမတွေရတော့ဟု ထားဝယ်မြို့ခံများ၏ ပြောကြားချက်အရသိရသည်။

ကံပေါက်တွင် စစ်ကားတစ်စီးမိုင်းဆွဲခံရ

Dawei Watch

May 31, 2023

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာထိပ်တွင် ယနေ့ မေလ ၃၁ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ကလိန်အောင် – ကံပေါက်လမ်းပိုင်း ကံပေါက်ကျေးရွာအုပ်စု ဆိုင်းဘုတ်စိုက်ထူထားသည့် ပြင်ပို့တောင်အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ မိုင်းဆွဲခံရပြီးနောက် ဒဏ်ရာရရှိသူများကို စစ်တပ်ကားနောက်တစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။ “ပြင်ဘို့တောင် အနားမှာ စစ်ကားတစ်စီး မနက်က မိုင်းဆွဲခံရတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောသည်။ ထိခိုက်မှုအသေးစိတ်နှင့် မည်သည့်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်သည်ကိုမူ မသိရသေးပေ။ ယနေ့ နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် တောင်ရင်းအင်းရွာလမ်းဆုံ၊ ပြင်ပို့တောင်၊ ကလိန်အောင်တံတား၊ ကျောက်မတ္တပ်ဘုရားနှင့် ကျောက်ရှပ်ရွာအနီးတွင် စစ်ကောင်စီတပ်သားအများအပြား နေရာယူထားကြောင်း ဒေသခံအချို့က ပြောသည်။ ယခုနှစ် ဖေဖော်ဝါရီလတွင် ပြင်ပို့တောင်အနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး ကလိန်အောင်-ကံပေါက် […]