သရက်ချောင်းတွင် နှစ်ရက်ဆက် တိုက်ပွဲဖြစ်
Dawei Watch
September 23, 2023သရက်ချောင်းမြို့နယ်၊ ပိတောက်ကြီးကျေးရွာတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများနှင့် PDF တပ်ဖွဲ့ဝင်အချို့က ပြောသည်။ စက်တင်ဘာလ ၂၂ရက် ညနေပိုင်းတွင် သရက်ချောင်းမြို့ဖက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ အောက်သရက်ချောင်းနှင့် ပိတောက်ကြီးကျေးရွာအဝင် မြိတ်-ထားဝယ်ကားလမ်းမှာ တိုက်ပွဲဖြစ်ပွားကြောင်း ၎င်းတို့က ဆိုသည်။ ယနေ့ စက်တင်ဘာလ ၂၃ ရက် နံနက် ၁၀ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ပိတောက်ကြီးရွာတွင်ပင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ ယနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ဒေသခံအချို့က ဆိုသည်။ သရက်ချောင်းမြို့နယ်အခြေစိုက် PDF တပ်ဖွဲ့ဝင်အချို့ထံ ဆက်သွယ်မေးမြန်းရာတွင်လည်း တိုက်ပွဲဖြစ်ပွား နေသည်ကို အတည်ပြုပြီး ထိခိုက်သေဆုံးမှုအခြေအနေကိုမူ အသေးစိတ်မသိကြောင်း ပြောဆိုသည်။ ပိတောက်ကြီးရွာအနီး ကျောက်ဆည်ရွာက လက်နက်ကိုင်ပျူစောထီးခေါင်းဆောင် ဇနီးမောင်နှံ စက်တင်ဘာလ […]


